ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mwb17 ဧပြီ စာ. ၅
  • မလှုပ်မရှားဖြစ်နေသူကို အားပေးနိုင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မလှုပ်မရှားဖြစ်နေသူကို အားပေးနိုင်
  • ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • မလှုပ်မရှားဖြစ်နေသူများကို မမေ့လျော့ပါနှင့်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • “ငါ့ဆီ ပြန်လာကြ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • မဖင့်နွှဲဘဲ ပြန်လာစေရန် သူတို့ကိုကူညီပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • သိုးတော်စုမှလမ်းလွဲသွားသူတို့ကို ကူညီပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
နောက်ထပ် ကြည့်ပါ
ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၇
mwb17 ဧပြီ စာ. ၅

ခရစ်ယာန်အသက်တာလမ်းစဉ်

မလှုပ်မရှားဖြစ်နေသူကို အားပေးနိုင်

ပျောက်သွားတဲ့သိုးကို ကယ်ဖို့ သိုးထိန်း ကြိုးစားနေ

ဧပြီ ၁၁ ရက် သတိရအောက်မေ့ပွဲကို မလှုပ်မရှားဖြစ်နေသူတွေလည်း လာတက်ကြပါလိမ့်မယ်။ ယေဟောဝါဘုရားဆီ ပြန်လာပါ ဘရိုရှာမှာ ဖော်ပြထားတဲ့အတိုင်း တချို့ဟာ အသက်ပြေးပွဲကို စပြေးခဲ့ကြပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် အရှိန်လျော့သွားသူတွေ ဖြစ်တယ်။ (ဟေဗြဲ ၁၂:၁) မလှုပ်မရှားဖြစ်သွားသူတွေဟာလည်း သားတော်ရဲ့အသွေးနဲ့ ဝယ်ထားသူတွေဖြစ်ပြီး ယေဟောဝါအတွက် အဖိုးတန်သူတွေ ဖြစ်နေတုန်းပါပဲ။ (တ. ၂၀:၂၈။ ၁ ပေ. ၁:၁၈၊ ၁၉) အသင်းတော်ဆီ သူတို့ပြန်လာဖို့ ဘယ်လို ကူညီပေးနိုင်မလဲ။

သိုးထိန်းက သိုးအုပ်ကနေ လမ်းလွဲသွားတဲ့သိုးကို ကြိုးစားရှာဖွေသလို အသင်းတော် အကြီးအကဲတွေလည်း မလှုပ်မရှားဖြစ်နေတဲ့ ခရစ်ယာန်တွေကို ကူညီပေးဖို့ ရှာဖွေကြတယ်။ (လု. ၁၅:၄-၇) ဒါက ယေဟောဝါရဲ့ မေတ္တာပါ ဂရုစိုက်မှုကို တင်ပြတာဖြစ်တယ်။ (ယေ. ၂၃:၃၊ ၄) အကြီးအကဲတွေသာမဟုတ်ဘဲ ကျွန်တော်တို့အားလုံး သူတို့ကို အားပေးနိုင်ပါတယ်။ ကျွန်တော်တို့တင်ပြတဲ့ ကြင်နာမှုနဲ့ ကိုယ်ချင်းစာနာမှုကို ယေဟောဝါ နှစ်သက်ပြီး ဆုချမှာဖြစ်တယ်။ (သု. ၁၉:၁၇။ တ. ၂၀:၃၅) ဒါကြောင့် ဘယ်သူ့ကို အားပေးနိုင်မလဲလို့ စဉ်းစားပြီး ချက်ချင်း လုပ်ဆောင်လိုက်ပါ။

လော်ရာ ပြတင်းပေါက်ကနေ ငေးကြည့်နေ၊ အက်ဘီ ဆုတောင်းနေ၊ အက်ဘီနဲ့လော်ရာ တစ်ယောက်ကိုတစ်ယောက် ဖက်နေ၊ ဓာတ်ပုံအရိုက်ခံနေ

မလှုပ်မရှားဖြစ်နေသူကို အားပေးပါ ဗီဒီယိုကိုပြပြီး အောက်ပါမေးခွန်းတွေကို ဆွေးနွေးပါ။

  • ညီအစ်မ အက်ဘီက မလှုပ်မရှားဖြစ်နေတဲ့ သက်သေခံတစ်ယောက်ကို တွေ့တဲ့အခါ ဘယ်လို အစပြုလုပ်ဆောင်သလဲ။

  • မလှုပ်မရှားဖြစ်သူကို ကူညီပေးဖို့ စဉ်းစားတဲ့အခါ ဘာကြောင့် အကြီးအကဲတွေကို မေးသင့်သလဲ။

  • ညီအစ်မ အက်ဘီက လော်ရာဆီကို ဒုတိယအကြိမ်ပြန်သွားဖို့ ဘယ်လိုပြင်ဆင်သလဲ။

  • လော်ရာကို အားပေးတဲ့အခါ အက်ဘီဟာ လက်မလျှော့ဘဲ စိတ်ရှည်ရှည်နဲ့ ဘယ်လို မေတ္တာပြခဲ့သလဲ။

  • လုကာ ၁၅:၈-၁၀ မှာပါတဲ့ ယေရှုရဲ့ ပုံဥပမာကနေ ဘာသင်ယူနိုင်သလဲ။

  • လော်ရာကို ပူးပေါင်းကူညီပေးကြတဲ့အတွက် ဘယ်လိုကောင်းချီးတွေ ခံစားခဲ့ရသလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ