မတ် ၂၇–ဧပြီ ၂
ယေရမိ ၁၂-၁၆
သီချင်း ၁၃၅ နဲ့ ဆုတောင်းချက်
နိဒါန်း (၃ မိ. ဒါမှမဟုတ် ဒီထက်နည်း)
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ
“အစ္စရေးလူမျိုး ယေဟောဝါကို မေ့လျော့ခဲ့”– (၁၀ မိ.)
ယေ. ၁၃:၁-၅—ချည်ခါးစည်းကို သွားဝှက်ဖို့ ဘုရားညွှန်ကြားတဲ့အခါ အားထုတ်မှုလိုပေမဲ့ ယေရမိ နာခံခဲ့ (jr ၅၁-၅၂ အပိုဒ် ၁၇)
ယေ. ၁၃:၆၊ ၇—ခရီးရှည်နှင်ပြီး ချည်ခါးစည်းကြိုးကို ပြန်သွားယူတဲ့အခါ ဆွေးမြည့်နေတာကို တွေ့ရ (jr ၅၂ အပိုဒ် ၁၈)
ယေ. ၁၃:၈-၁၁—အစ္စရေးတွေ ခေါင်းမာလို့ ယေဟောဝါနဲ့သူတို့ရဲ့ ဆက်ဆံရေး ပျက်မှာကို သရုပ်ဖော်ပြ (jr ၅၂-၅၃ အပိုဒ် ၁၉-၂၀။ it-1-E ၁၁၂၁ အပိုဒ် ၂)
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ– (၈ မိ.)
ယေ. ၁၂:၁၊ ၂၊ ၁၄—ယေရမိ ဘာမေးသလဲ၊ ယေဟောဝါ ဘယ်လို ဖြေသလဲ။ (jr ၁၁၈-၁၁၉ အပိုဒ် ၁၁)
ယေ. ၁၅:၁၇—အပေါင်းအသင်းကိစ္စကို ယေရမိ ဘယ်လို သဘောထားသလဲ။ သူ့ကို ဘယ်လိုတုပနိုင်သလဲ (က၀၄ ၅/၁ ၁၂ အပိုဒ် ၁၆)
ဒီအပတ် ကျမ်းစာဖတ်ရှုခြင်းက ယေဟောဝါဘုရားအကြောင်း ဘာသင်ပေး သလဲ။
ဒီအပတ် ကျမ်းစာဖတ်ရှုခြင်းကနေ သိလာတဲ့အချက်တွေကို အမှုဆောင်လုပ်ငန်းမှာ ဘယ်လိုသုံးနိုင်မလဲ။
ကျမ်းစာဖတ်ရှုခြင်း– (၄ မိ. ဒါမှမဟုတ် ဒီထက်နည်း) ယေ. ၁၃:၁၅-၂၇
အမှုဆောင်လုပ်ငန်းမှာ ကျင့်သုံးပါ
ဦးဆုံးတွေ့ဆုံချိန်– (၂ မိ. ဒါမှမဟုတ် ဒီထက်နည်း) အောက်မေ့ရာပွဲဖိတ်စာနဲ့ ဗီဒီယို—ပြန်လည်ပတ်ဖို့ လမ်းခင်းပါ။
ပြန်လည်ပတ်မှု– (၄ မိ. ဒါမှမဟုတ် ဒီထက်နည်း) အောက်မေ့ရာပွဲဖိတ်စာနဲ့ ဗီဒီယို—ပြန်လည်ပတ်ဖို့ လမ်းခင်းပါ။
ဟောပြောချက်– (၆ မိ. ဒါမှမဟုတ် ဒီထက်နည်း) က၁၆.၀၃ ၂၉-၃၁—အဓိကအကြောင်းအရာ- ဘုရားလူမျိုးဟာ ဘယ်အချိန်တုန်းက မဟာဗာဗုလုန်ရဲ့ သုံ့ပန်းဘဝ ကျရောက်ခဲ့သလဲ။
ခရစ်ယာန်အသက်တာလမ်းစဉ်
“ယေဟောဝါကို သတိရနေစေဖို့ သင့်မိသားစုကို ကူညီပေးပါ”– (၁၅ မိ.) ဆွေးနွေးပါ။ ဒီစကားတွေကို နှလုံးသွင်းရမယ်—မိသားစု လူတွေ့မေးမြန်ခန်းများ ဗီဒီယိုပြပြီး အစပြုပါ။
အသင်းတော် ကျမ်းစာလေ့လာမှု– (၃၀ မိ.) kr အခန်း ၁၀ အပိုဒ် ၈–၁၁၊ “ခရစ္စမတ်ပွဲရဲ့ ဇာစ်မြစ်နဲ့ ရည်ရွယ်ချက်”၊ “တခြားအခါကြီးရက်ကြီးတွေနဲ့ ပွဲနေ့တွေအကြောင်း ဖော်ထုတ်ခြင်း” လေးထောင့်ကွက်များ
ပြန်လည်သုံးသပ်ခြင်းနဲ့ နောက်တစ်ပတ်အတွက် အကြိုသုံးသပ်ခြင်း (၃ မိ.)
သီချင်း ၄၈ နဲ့ ဆုတောင်းချက်