ဇန်နဝါရီ ၉–၁၅
ဟေရှာယ ၂၉–၃၃
သီချင်း ၁၂၃ နဲ့ ဆုတောင်းချက်
နိဒါန်း (၃ မိ. ဒါမှမဟုတ် ဒီထက်နည်း)
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ
“တရားသဖြင့်အုပ်စိုးသော ရှင်ဘုရင်တစ်ပါး ပေါ်ထွန်းတော်မူလိမ့်မည်”– (၁၀ မိ.)
ဟေရှာ ၃၂:၁—တရားသဖြင့်အုပ်စိုးသော ရှင်ဘုရင်ဟာ ယေရှုခရစ်ကို ဆိုလို (က၁၄ ၂/၁၅ ၆ အပိုဒ် ၁၃)
ဟေရှာ. ၃၂:၂—ဘုရင်ယေရှုက သိုးတော်စုကို ဂရုစိုက်ဖို့ မင်းညီမင်းသားတွေကို ခန့်အပ် (ip-1 ၁၆၀ အပိုဒ် ၇-၈)
ဟေရှာ. ၃၂:၃၊ ၄—ယေဟောဝါရဲ့ လူမျိုးဟာ ဖြောင့်မတ်မှု တင်ပြနိုင်ဖို့ အကူအညီဖြစ်စေတဲ့ လေ့ကျင့်မှုနဲ့ လမ်းညွှန်ချက်တွေ ရရှိကြ (ip-1 ၁၆၁ အပိုဒ် ၁၀-၁၁)
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ– (၈ မိ.)
ဟေရှာ. ၃၀:၂၁—ယေဟောဝါက မိမိရဲ့ကျေးကျွန်တွေကို ဘယ်လိုဆက်သွယ်သလဲ။ (က၁၄ ၈/၁၅ ၂၁ အပိုဒ် ၂)
ဟေရှာ. ၃၃:၂၂—ယေဟောဝါဟာ ဘယ်အချိန်မှာ ဘယ်လိုနည်းနဲ့ အစ္စရေးလူမျိုးရဲ့ တရားသူကြီး၊ ပညတ်ပေးရှင်နဲ့ ဘုရင် ဖြစ်ခဲ့သလဲ။ (က၁၄ ၁၀/၁၅ ၁၁ အပိုဒ် ၄)
ဒီအပတ် ကျမ်းစာဖတ်ရှုခြင်းက ယေဟောဝါဘုရားအကြောင်း ဘာသင်ပေး သလဲ။
ဒီအပတ် ကျမ်းစာဖတ်ရှုခြင်းကနေ သိလာတဲ့အချက်တွေကို အမှုဆောင်လုပ်ငန်းမှာ ဘယ်လိုသုံးနိုင်မလဲ။
ကျမ်းစာဖတ်ရှုခြင်း– (၄ မိ. ဒါမှမဟုတ် ဒီထက်နည်း) ဟေရှာ. ၃၀:၂၂-၃၃
အမှုဆောင်လုပ်ငန်းမှာ ကျင့်သုံးပါ
ဦးဆုံးတွေ့ဆုံချိန်– (၂ မိ. ဒါမှမဟုတ် ဒီထက်နည်း) ကလ၁၇၊ ၁ မျက်နှာဖုံး—ဒေါသထွက်နေတဲ့ အိမ်ရှင်ကို တုံ့ပြန်ပုံ။
ပြန်လည်ပတ်မှု– (၄ မိ. ဒါမှမဟုတ် ဒီထက်နည်း) ကလ၁၇၊ ၁ မျက်နှာဖုံး—ဖုန်း၊ တက်ဘလက်ကနေ ကျမ်းချက်ဖတ်ပြပါ။
ကျမ်းစာသင်အံမှု– (၆ မိ. ဒါမှမဟုတ် ဒီထက်နည်း) lv ၃၁-၃၂၊ အပိုဒ် ၁၂-၁၃—သင်သားရဲ့ နှလုံးထဲထိရောက်အောင် သင်ပေးပါ။
ခရစ်ယာန်အသက်တာလမ်းစဉ်
“မိုးသက်မုန်တိုင်းကွယ်ရာအရပ်” (ဟေရှာ ၃၂:၂)– (၉ မိ.) ဗီဒီယို ဖွင့်ပြပါ။
“အစည်းအဝေးတွေမှာ အာရုံစိုက်နားထောင်ပါ”– (၆ မိ.) အစည်းအဝေးတွေမှာ အာရုံစိုက်နားထောင်ပါ ဗီဒီယို ဖွင့်ပြပါ။ ပြီးနောက် ရွေးချယ်ထားတဲ့ ကလေးတွေကို စင်မြင့်ပေါ်ဖိတ်ခေါ်ပြီး ဒီမေးခွန်းတွေ မေးပါ– ဘယ်အရာတွေကြောင့် အစည်းအဝေးမှာ အာရုံစိုက်ဖို့ ခက်နိုင်သလဲ။ သင်္ဘောဘယ်လိုဆောက်ရမယ်ဆိုတာ ယေဟောဝါရှင်းပြနေတုန်း နောဧအာရုံမစိုက်ခဲ့ရင် ဘာဖြစ်မလဲ။ အစည်းအဝေးမှာ အာရုံစိုက်ဖို့ ဘာကြောင့် အရေးကြီးသလဲ။
အသင်းတော်ကျမ်းစာလေ့လာမှု– (၃၀ မိ.) kr အခန်း ၆ အပိုဒ် ၁၆-၂၄၊ “နိုင်ငံတော် တကယ်တည်ရှိကြောင်း ဘယ်လောက်ထိ သင်ယုံကြည်စိတ်ချသလဲ” ပြန်လည်သုံးသပ်ခြင်းအကွက်
ပြန်လည်သုံးသပ်ခြင်းနဲ့ နောက်တစ်ပတ်အတွက် အကြိုသုံးသပ်ခြင်း (၃ မိ.)
သီချင်း ၄၀ နဲ့ ဆုတောင်းချက်