ဟောပြောသွန်သင်ခြင်းသင်တန်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းတွေကို ၂၀၁၄၊ ဒီဇင်ဘာ ၂၉ မှာ စမယ့်အပတ် ဟောပြောသွန်သင်ခြင်းသင်တန်းမှာ သုံးသပ်မှာဖြစ်တယ်။
သေဆုံးသွားသူအတွက် ဝမ်းနည်းတဲ့အနေနဲ့ ကိုယ့်အသားကိုမလှီးဖြတ်ရဆိုတဲ့ တရားဟောရာ ၁၄:၁ ကို ဘယ်လို ရှုမြင်ရမလဲ။ [နို. ၃၊ က၀၄ ၉/၁၅ စ. ၂၇ ပိုဒ်. ၄]
အစ္စရေးဘုရင်တွေဟာ ဘာကြောင့် ဘုရားရဲ့ ပညတ်ကျမ်းတွေကို ကိုယ်တိုင်ကူးယူပြီး ‘တစ်သက်လုံး ကြည့်ရှုဖတ်ရွတ်’ ရတာလဲ။ (တရား. ၁၇:၁၈-၂၀) [နို. ၃၊ က၀၂ ၆/၁၅ စ. ၁၂ ပိုဒ်. ၄]
“နွားနှင့်မြည်းကို ဖက်၍ လယ်မထွန်ရ” လို့ ဘာကြောင့် မိန့်မှာထားတာလဲ။ မညီသော ထမ်းပိုး မထမ်းနဲ့ဆိုတဲ့ပညတ်က ကျွန်ုပ်တို့နဲ့ ဘယ်လိုသက်ဆိုင်သလဲ။ (တရား. ၂၂:၁၀) [နို. ၁၀၊ က၀၃ ၁၀/၁၅ စ. ၃၂]
“ကြိတ်ဆုံအပေါ်ကျောက်ပြားကိုဖြစ်စေ၊ အောက်ကျောက်ပြားကိုဖြစ်စေ အဘယ်သူမျှအပေါင်မယူရ” လို့ ဘာဖြစ်လို့ တားမြစ်ထားတာလဲ။ (တရား. ၂၄:၆) [နို. ၁၇၊ က၀၄ ၉/၁၅ စ. ၂၆ ပိုဒ်. ၃]
အစ္စရေးလူမျိုးဟာ ဘယ်လိုစိတ်သဘောထားနဲ့ နာခံမှုတင်ပြခဲ့ကြသလဲ။ ကျွန်ုပ်တို့ရော ဘယ်လိုစိတ်ဓာတ်မျိုးနဲ့ ဘုရားအမှုဆောင်သင့်သလဲ။ (တရား. ၂၈:၄၇) [နို. ၂၄၊ က၁၀ ၉/၁၅ စ. ၈ ပိုဒ်. ၄]
တရားဟောရာ ၃၀:၁၉၊ ၂၀ မှာ ဘဝအတွက် ဘယ်အခြေခံတောင်းဆိုချက် ၃ ခုကို တွေ့ရသလဲ။ [နို. ၂၄၊ က၁၀ ၂/၁၅ စ. ၂၈ ပိုဒ်. ၁၇]
ကမ္ဘာဦးကျမ်းကနေ ဗျာဒိတ်ကျမ်းအထိ ကျမ်းစာတစ်အုပ်လုံးကို အသံတိုးတိုးထွက်ပြီး ဖတ်ဖို့လိုသလား။ ရှင်းပြပါ။ (ယောရှု ၁:၈) [ဒီ. ၈၊ က၁၃ ၄/၁၅ စ. ၇ ပိုဒ်. ၄]
ယောရှု ၅:၁၄၊ ၁၅ မှာပါတဲ့ ‘ယေဟောဝါရဲ့ ဗိုလ်ခြေကို အုပ်စိုးသော ဗိုလ်မှူး’ က ဘယ်သူလဲ။ ဒါက ကျွန်ုပ်တို့အတွက် ဘယ်လို အားရှိစေသလဲ။ [ဒီ. ၈၊ က၀၄ ၁၂/၁ စ. ၉ ပိုဒ်. ၂]
အာခန် ဘာကြောင့် အပြစ်လုပ်မိသွားတာလဲ။ သူ့အဖြစ်ကနေ ဘာသင်ခန်းစာ ရနိုင်သလဲ။ (ယောရှု ၇:၂၀၊ ၂၁) [ဒီ. ၁၅၊ က၁၀ ၄/၁၅ စ. ၂၀-၂၁ ပိုဒ်. ၂၊ ၅]
ကာလက်ရဲ့ စံနမူနာက ကျွန်ုပ်တို့အတွက် ဘယ်လို အားရှိစေသလဲ။ (ယောရှု ၁၄:၁၀-၁၃) [ဒီ. ၂၉၊ က၀၄ ၁၂/၁ စ. ၁၂ ပိုဒ်. ၂]