ဟောပြောသွန်သင်ခြင်းသင်တန်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းတွေကို ၂၀၁၄၊ အောက်တိုဘာ ၂၇ မှာ စမယ့်အပတ် ဟောပြောသွန်သင်ခြင်းသင်တန်းမှာ သုံးသပ်မှာဖြစ်တယ်။
၁။ တောလည်ရာ ၂၁:၅ မှာဖော်ပြချက်အရ ဘုရားသခင်နဲ့ မောရှေကို အစ္စရေးလူတွေ ဘာလို့ ညည်းညူမြည်တမ်းခဲ့ကြတာလဲ။ ဒီမှတ်တမ်းက ကျွန်ုပ်တို့ကို ဘာသတိပေးနေသလဲ။ [စက်. ၁၊ က၉၉ ၈/၁၅ စ. ၂၆-၂၇]
၂။ ဗာလမ်ကို ယေဟောဝါ ဘာကြောင့် အမျက်ထွက်ရတာလဲ။ (တော. ၂၂:၂၀-၂၂) [စက်. ၈၊ က၀၄ ၈/၁ စ. ၂၇ ပိုဒ်. ၂]
၃။ တောလည်ရာ ၂၅:၁၁ ကနေ ဖိနဟပ်ရဲ့ စိတ်သဘောထားအကြောင်း ဘာသိရသလဲ။ သူ့ကို ဘယ်လိုတုပနိုင်သလဲ။ [စက်. ၈၊ က၀၄ ၈/၁ စ. ၂၇ ပိုဒ် ၄]
၄။ နှိမ့်ချမှုနဲ့ပတ်သက်ပြီး ဘယ်စံနမူနာကောင်းကို မောရှေ ပြသခဲ့သလဲ။ (တော. ၂၇:၅၊ ၁၅-၁၈) [စက်. ၁၅၊ က၁၃ ၂/၁ စ. ၅]
၅။ မစုံလင်တဲ့လူသားတွေဟာ အခက်အခဲတွေကြားကနေ ဘုရားသခင့်နည်းလမ်းအတိုင်း လိုက်လျှောက်နိုင်တယ်ဆိုတာ ယောရှုနဲ့ ကာလက်က ဘယ်လိုဖော်ပြခဲ့သလဲ။ (တော. ၃၂:၁၂) [စက်. ၂၂၊ က၉၃ ၁၁/၁၅ စ. ၁၄ ပိုဒ်. ၁၃]
၆။ တစ်ကိုယ်ရေ ခရစ်ယာန်တွေအနေနဲ့ အိမ်ထောင်ပြုတာနဲ့ပတ်သက်ပြီး ဇလောဖဒ် သမီးတွေရဲ့ နာခံမှုကနေ ဘာသင်ယူနိုင်သလဲ။ (တော. ၃၆:၁၀-၁၂) [စက်. ၂၉၊ က၀၈ ၂/၁၅ စ. ၄-၅ ပိုဒ်. ၁၀]
၇။ အစ္စရေးလူတွေရဲ့ ညည်းညူတဲ့ သဘောထားနဲ့ အပျက်စကားတွေကြောင့် ဘာဆိုးကျိုးခံစားခဲ့ရသလဲ။ ဒီမှတ်တမ်းကနေ ဘာသင်ယူနိုင်သလဲ။ (တရား. ၁:၂၆-၂၈၊ ၃၄၊ ၃၅) [အောက်. ၆၊ က၁၃ ၈/၁၅ စ. ၁၁ ပိုဒ်. ၇]
၈။ ကတိထားရာပြည်မှာ ဘုရားပေးကောင်းချီးတွေနဲ့ အောင်မြင်မှုရဖို့ အစ္စရေးလူတွေ လုပ်ဆောင်ရမယ့် တာဝန်နှစ်မျိုးက ဘာလဲ။ (တရား. ၄:၉) [အောက်. ၁၃၊ က၀၆ ၆/၁ စ. ၂၉ ပိုဒ်. ၁၅]
၉။ အစ္စရေးလူတွေ တောကန္တာရမှာ လှည့်လည်နေတုန်း ဘယ်လိုနည်းနဲ့ သူတို့ရဲ့ အဝတ်တွေ မဟောင်းနွမ်း၊ ခြေထောက်တွေလည်း မပွန်းရောင်ခဲ့တာလဲ။ (တရား. ၈:၃၊ ၄) [အောက်. ၂၀၊ က၀၄ ၉/၁၅ စ. ၂၆ ပိုဒ်. ၁]
၁၀။ ယေဟောဝါဘုရားကို “ဆည်းကပ်မှီဝဲ” ပါဆိုပြီး အစ္စရေးလူတွေကို တိုက်တွန်းခဲ့တဲ့စကားက ကျွန်ုပ်တို့နဲ့လည်း ဘယ်လိုသက်ဆိုင်သလဲ။ (တရား. ၁၃:၄၊ ၆-၉) [အောက်. ၂၇၊ က၀၂ ၁၀/၁၅ စ. ၁၆-၁၇ ပိုဒ်. ၁၄]