ကြေညာချက်များ
◼ ဝေငှမယ့် စာပေများ၊ ဩဂုတ်– လူမျိုးအားလုံးအတွက် သတင်းကောင်း၊ ဘုရားသခင့်စကား နားထောင်ပါ၊ ဘုရားသခင့်စကား နားထောင်ကာ ထာဝစဉ်အသက်ရှင်ပါ ဒါမှမဟုတ် အသင်းတော်မှာ ရနိုင်တဲ့ ၃၂ မျက်နှာရှိ ဘယ်ဘရိုရှာကိုမဆို ဝေငှနိုင်ပါတယ်။ စက်တင်ဘာနဲ့ အောက်တိုဘာ– ကင်းမျှော်စင် နဲ့ နိုးလော့! မဂ္ဂဇင်းများ။ နိုဝင်ဘာ– နိုင်ငံတော်သတင်း နံပါတ် ၃၈ ကို ဝေငှပါ။
◼ ၂၀၁၃၊ အောက်တိုဘာ ၂၈ ရက် အပတ်ကစပြီး ဒီနေ့အချိန်မှာ ယေဟောဝါဘုရားသခင့်အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်နေကြသလဲ ဆိုတဲ့ ဘရိုရှာကို အသင်းတော်ကျမ်းစာလေ့လာမှုမှာ လေ့လာသွားမှာဖြစ်တယ်။ အဲဒီဘရိုရှာ ပြီးသွားရင် ယေဟောဝါထံ ချဉ်းကပ်လော့ စာအုပ်ကို ၂၀၁၄၊ ဇန်နဝါရီ ၆ ရက် အပတ်မှာ စလေ့လာကြမယ်။ အသင်းတော်မှာ အဲဒီစာပေတွေ အလုံအလောက်မရှိဘူးဆိုရင် နောက်လမှာ စာအုပ်စာတမ်းတောင်းခံလွှာနဲ့ မှာယူနိုင်ပါတယ်။
◼ “မေတ္တာနဲ့ ယုံကြည်ခြင်းက လောကကို အောင်နိုင်ပုံ” ဆိုတဲ့ လူထုဟောပြောချက်ကို စက်တင်ဘာလကနေစပြီး တိုက်နယ်ကြီးကြပ်မှူးတွေ ဟောပြောသွားပါလိမ့်မယ်။