လယ်ကွင်းလုပ်ငန်း ပေါ်လွင်ချက်များ
“သင့်သြတ္တပ္ပစိတ်ကို ကာကွယ်စောင့်ရှောက်ပါ” အထူးစည်းဝေးပွဲကို မြန်မာနိုင်ငံတစ်ဝန်း နေရာ ၁၄ နေရာမှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ ဒီအထူးစည်းဝေးပွဲက ဘုရားသခင်နဲ့ပိုမိုနီးကပ်စေဖို့ ကျွန်ုပ်တို့ကို ကူညီပေးခဲ့ပါတယ်။ အထူးသဖြင့် စွမ်းအားတော်လမ်းညွှန်မှုခံယူတဲ့ ဩတ္တပ္ပစိတ်အတိုင်း လုပ်ဆောင်ဖို့ တိုက်တွန်းခံရကြတယ်။ အဲဒါက ယေဟောဝါနဲ့ အဖွဲ့အစည်းပြသတဲ့ မေတ္တာပါ ဂရုစိုက်မှုရဲ့ သာဓက ဖြစ်တယ်လို့ ညီအစ်ကိုတွေ ခံစားကြပါတယ်။ တက်ရောက်သူ ၄,၁၄၁ ဦးဟာ ဒီအစီအစဉ်ကနေ အကျိုးခံစားခဲ့ရပြီး နှစ်ခြင်းခံယူသူ ၁၅ ဦး ရှိခဲ့တယ်။