နမူနာတင်ဆက်နည်းများ
ဇွန်လရဲ့ ပထမဦးဆုံး စနေ ဒါမှမဟုတ် တနင်္ဂနွေနေ့မှာ ကျမ်းစာသင်အံမှုစဖို့ အခုလိုပြောနိုင်တယ်
“လူတိုင်းက ကမ္ဘာ့ကြီးငြိမ်းချမ်းနေတာကို တွေ့ချင်ကြမှာပါ။ ဒါပေမဲ့ စစ်တွေကတော့ ဖြစ်နေတုန်းပဲ။ ကမ္ဘာ့ငြိမ်းချမ်းရေး မရရှိတာ ဘာကြောင့်လို့ မိတ်ဆွေထင်လဲ။” တုံ့ပြန်မှုကို စောင့်ပါ။ ဇွန် ၁ ရက်ထုတ် ကင်းမျှော်စင်ရဲ့ နောက်ကျောဖုံး ကို ပြပြီး ပထမဆုံးမေးခွန်းရဲ့အောက်မှာရှိတဲ့ အပိုဒ်နဲ့ ညွှန်းထားတဲ့ ကျမ်းချက်တွေထဲက အနည်းဆုံးတစ်ချက်ကို အတူတကွ သုံးသပ်ပါ။ မဂ္ဂဇင်းတွေကို ဝေငှပြီး ပြန်လည်ပတ်မှုသွားနိုင်အောင် ဒုတိယမေးခွန်းကို မေးခဲ့ပါ။
သတိပြုပါ– ဒီတင်ဆက်နည်းကို ဇွန် ၁ ရက် ဒါမှမဟုတ် ၂ ရက်နေ့ လယ်ကွင်းစုဆုံမှုမှာ သရုပ်ပြသင့်ပါတယ်။
ကင်းမျှော်စင် ဇွန် ၁
“ဖြစ်နေကျ ပြဿနာတစ်ခုကို ပြောပြဖို့ ဒီရပ်ကွက်ကို ကျွန်ုပ်တို့ ရောက်လာကြတာပါ။ လူအများစုက တစ်ချိန်မဟုတ်တစ်ချိန် တစ်ဖက်သတ်အစွဲကို တွေ့ကြုံရပါတယ်။ လူမျိုးရေးတစ်ဖက်သတ်အစွဲ မရှိတဲ့နေရာ ကမ္ဘာပေါ်မှာ ရှိပါဦးမလားလို့ မိတ်ဆွေ စဉ်းစားဖူးပါသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဘုရားသခင်က လူသားတွေကို ဘယ်လိုရှုမြင်သလဲဆိုတာ ဖတ်ကြည့်ရအောင်။ [တမန်တော် ၁၀:၃၄ ကိုဖတ်ပါ။] လူမျိုးရေးတစ်ဖက်သတ်အစွဲကို ဘုရားသခင် ဘယ်လိုအပြီးအပိုင် ဖယ်ရှားမယ်ဆိုတာ ဒီမဂ္ဂဇင်းထဲမှာ ဖော်ပြထားပါတယ်။”
နိုးလော့! ဇွန်
“လူတိုင်းက ကျေနပ်ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်ချင်ကြတာ သဘာဝပါပဲ။ မိတ်ဆွေကော ဘယ်လိုထင်သလဲ။ ရုပ်ပစ္စည်းတွေကို များများဝယ်ယူမယ်ဆိုရင် အဲဒီဘဝကို ရရှိနိုင်မယ်လို့ မိတ်ဆွေ ထင်ပါသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ယေရှုပြောခဲ့တဲ့စကားတွေကို ဖတ်ကြည့်ရအောင်။ [လုကာ ၁၂:၁၅ ကိုဖတ်ပါ။] ရုပ်ပစ္စည်းတွေအပေါ် သင့်လျော်တဲ့အမြင်ထားရှိနိုင်ဖို့နဲ့ အလွန်အကျွံ ငွေမသုံးမိအောင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတဲ့ အကြံပြုချက်တွေကို ဒီမဂ္ဂဇင်းထဲမှာ ဖော်ပြထားပါတယ်။”