ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၈/၁၂ စာ. ၈
  • ကြေညာချက်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြေညာချက်များ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၂
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၂
နဓ ၈/၁၂ စာ. ၈

ကြေညာချက်များ

◼ ဝေငှမယ့်စာပေ၊ ဩဂုတ်– ဖော်ပြပါ ၃၂-မျက်နှာရှိ ဘရိုရှာတစ်စောင်စောင်ကို အသုံးပြုပါ– ကျေနပ်ပျော်ရွှင်ဖွယ်အသက်တာ—မည်သို့ရရှိနိုင်သနည်း၊ သမ္မာကျမ်းစာ—ယင်းတွင် အဘယ်သတင်းတရား ပါရှိသနည်း၊ သက်ရှိများသည် ဖန်ဆင်းခံရခြင်းလော။ ပြန်လည်ပတ်မှုလုပ်တဲ့အခါ သမ္မာကျမ်းစာ သွန်သင်ရာစာအုပ် ဒါမှမဟုတ် အိမ်ရှင်ရဲ့ လိုအပ်ချက်အပေါ် မူတည်ပြီး ဘုရားသခင့်စကား နားထောင်ပါ ဒါမှမဟုတ် ဘုရားသခင့်စကား နားထောင်ကာ ထာဝစဉ်အသက်ရှင်ပါကို မိတ်ဆက်ပေးပြီး ကျမ်းစာသင်အံမှုစတင်ဖို့ ကြိုးစားပါ။ စက်တင်ဘာနဲ့ အောက်တိုဘာ– ကင်းမျှော်စင် နဲ့ နိုးလော့! မဂ္ဂဇင်းများ။ နိုဝင်ဘာ– ဖော်ပြပါ ဝေစာတစ်စောင်စောင်ကို အသုံးပြုပါ– ဆင်းရဲခက်ခဲမှုအားလုံး အဆုံးတိုင်လုနီးပြီ၊ ယေဟောဝါ—ကိုယ်တော်ကား မည်သူနည်း၊ ယေရှုခရစ်—ကိုယ်တော်ကား မည်သူနည်း ဒါမှမဟုတ် အမှန်တရားကို သင်သိလိုပါသလော။ စိတ်ဝင်စားမှုပြပါက သမ္မာကျမ်းစာ သွန်သင်ရာစာအုပ် ဒါမှမဟုတ် ဘုရားသခင့်စကား နားထောင်ပါ ဒါမှမဟုတ် ဘုရားသခင့်စကား နားထောင်ကာ ထာဝစဉ်အသက်ရှင်ပါ ဘရိုရှာတစ်စောင်စောင်ကို အသုံးပြုပြီး ကျမ်းစာသင်အံမှုတစ်ခု သရုပ်ပြပါ။

◼ စက်တင်ဘာလမှစပြီး တိုက်နယ်ကြီးကြပ်မှူးတွေဟာ “ဘုရားသခင်နဲ့အတူ လျှောက်လှမ်းခြင်းက ယခုနဲ့ ထာဝစဉ် ကောင်းချီးများ ရရှိစေ” ဆိုတဲ့ လူထုဟောပြောချက်ကို ပေးသွားမှာဖြစ်ပါတယ်။

◼ စည်းဝေးကြီးနဲ့ပတ်သက်တဲ့ အကြံပေးချက်နဲ့ သတိပေးချက်တွေကို ပြန်လည်သုံးသပ်နိုင်ဖို့ စည်းဝေးကြီးမကျင်းပခင် တစ်ပတ်အလိုက အသင်းတော်စည်းဝေးအစီအစဉ်ကို ပြောင်းလဲနိုင်ပါတယ်။ စည်းဝေးကြီးပြီးနောက် တစ်လ ဒါမှမဟုတ် နှစ်လကြာတဲ့အခါ ဓမ္မအမှုမှာ ကြေညာသူတွေကို ထောက်ကူပေးခဲ့တဲ့ စည်းဝေးကြီးကအချက်တွေကို ပြန်လည်သုံးသပ်ဖို့ ဒေသလိုအပ်ရာအပိုင်းကို အသုံးပြုနိုင်တယ်။

◼ သင် ခရီးထွက်တဲ့အခါတိုင်း တိုင်းတစ်ပါးမှာကျင်းပတဲ့ ခရိုင်စည်းဝေးကြီးတစ်ခုကို တက်ရောက်ချင်တယ်ဆိုရင် jw.org ဝက်ဘ်ဆိုက်က Lookup ဆိုတဲ့ အကွက်ကို နှိပ်ပါ၊ ပြီးနောက် ပေါ်လာမယ့် Conventions ကို နှိပ်လိုက်ပါက အထောက်အကူဖြစ်စေတဲ့ အချက်အလက်တွေကို သင် တွေ့ရပါလိမ့်မယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ