နမူနာတင်ဆက်နည်း
ဩဂုတ် ပထမဆုံးစနေမှာ ကျမ်းစာသင်အံမှုစတင်ရန်
“လူတွေဟာ သက်ဝင်ယုံကြည်ရာ ဘာသာအမျိုးမျိုးကိုကိုးကွယ်ပြီး နည်းအမျိုးမျိုးနဲ့ဘုရားသခင်ကို ဝတ်ပြုနေကြတယ်။ ဒီအချက်ကို ဘုရားသခင် ဘယ်လိုယူမှတ်မယ်လို့ မိတ်ဆွေထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒါနဲ့ပတ်သက်ပြီး ယေရှုသင်ပေးခဲ့တာကို ကြည့်ကြည့်ပါ။” ဩဂုတ် ၁ ရက်ထုတ် ကင်းမျှော်စင်ကို အိမ်ရှင်ထံပေးပြီး စာမျက်နှာ ၁၆ ပါ ဦးဆုံးခေါင်းစဉ်ငယ်အောက်က အကြောင်းအရာနဲ့ ညွှန်းထားတဲ့ကျမ်းချက်တွေထဲက အနည်းဆုံးတစ်ချက်ကို အတူသုံးသပ်ပါ။ မဂ္ဂဇင်းတွေကိုဝေငှပြီး နောက်မေးခွန်းကိုသုံးသပ်ဖို့ ပြန်လည်ပတ်မှု စီစဉ်ပါ။
ကင်းမျှော်စင် ဇူလိုင် ၁
“ဘဝက တိုတောင်းပြီး ပြဿနာတွေများလွန်းလို့ လူများစွာက ဘဝရဲ့အဓိပ္ပာယ်အကြောင်း သိချင်ကြတယ်။ ဒီအကြောင်းကို စဉ်းစားဖူးသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဘဝက အမြဲဒီလိုပဲဖြစ်နေမှာမဟုတ်ဘူးလို့ သမ္မာကျမ်းစာက ကတိပြုထားတယ်။ [ဗျာဒိတ် ၂၁:၄ ကိုဖတ်ပါ။] ဒီမဂ္ဂဇင်းမှာ ကမ္ဘာမြေကြီးနဲ့ပတ်သက်တဲ့ ဘုရားသခင့်ရည်ရွယ်ချက်နဲ့ အခုအချိန်မှာတောင် စစ်မှန်တဲ့ဘဝအဓိပ္ပာယ်ကိုရှာတွေ့နိုင်ဖို့ လုပ်ဆောင်နိုင်တဲ့ အချက်တချို့ကို ဆွေးနွေးထားတယ်။”
နိုးလော့! ဇူလိုင်
သတင်းမှာပါတဲ့ ဖြစ်ရပ်ဆိုးတစ်ခုကို ဖော်ပြပါ။ ပြီးတဲ့နောက် ဒီလိုပြောပါ– “ဒီလိုအဖြစ်ဆိုးတွေကို ဘုရားသခင် ခွင့်ပြုထားတာ ဘာကြောင့်လို့ မိတ်ဆွေထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဘုရားသခင်က ဆင်းရဲဒုက္ခရောက်သူတွေကို သနားတယ်လို့ သမ္မာကျမ်းစာမှာဖော်ပြထားတယ်။ [ထွက်မြောက်ရာ ၃:၇ ကိုဖတ်ပါ။] ဆင်းရဲဒုက္ခတွေကို ဘုရားသခင် ခွင့်ပြုထားရတဲ့အကြောင်းရင်းနဲ့ မကြာခင် ဆင်းရဲဒုက္ခတွေကို ထာဝစဉ်အဆုံးတိုင်ပေးတော့မယ်ဆိုတဲ့အကြောင်းကိုလည်း သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ ဒီမဂ္ဂဇင်းမှာ အဲဒီအကြောင်း ရှင်းပြထားတယ်။”