ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၄/၁၁ စာ. ၄
  • ကြေညာချက်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြေညာချက်များ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
နဓ ၄/၁၁ စာ. ၄

ကြေညာချက်များ

◼ ဧပြီနှင့်မေ– ကင်းမျှော်စင်နှင့် နိုးလော့! မဂ္ဂဇင်းများ။ စိတ်ဝင်စားမှုပြတယ်ဆိုရင် အမှန်တရားကို သင်သိလိုပါသလော ဝေစာကိုဝေငှပြီး ကျမ်းစာသင်အံမှုစဖို့ ကြိုးစားပါ။ အောက်မေ့ရာပွဲ ဒါမှမဟုတ် အခြားသီအိုကရက်တစ်အစီအစဉ်တွေကို တက်ရောက်ပေမဲ့ အသင်းတော်နဲ့ တက်တက်ကြွကြွ မပေါင်းသင်းတဲ့သူတွေအပါအဝင် စိတ်ဝင်စားသူတွေထံ ပြန်လည်ပတ်မှုပြုလုပ်တဲ့အခါ သမ္မာကျမ်းစာသွန်သင်ရာစာအုပ်နဲ့ ကျမ်းစာသင်အံမှုစဖို့ အာရုံစိုက်ပါ။ ဇွန်– သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာအဘယ်နည်း။ ဦးဆုံးတွေ့တဲ့အချိန်မှာပဲ ကျမ်းစာသင်အံမှုစဖို့ ကြိုးစားပါ။ အိမ်ရှင်မှာ စာအုပ်ရှိပြီးသားဖြစ်ပြီး ကျမ်းစာသင်အံမှုကိုလည်း လက်မခံဘူးဆိုရင် အိမ်ရှင်စိတ်ဝင်စားတဲ့ မဂ္ဂဇင်း အဟောင်းတစ်စောင် ဒါမှမဟုတ် ဘရိုရှာတစ်စောင်ကို ဝေငှနိုင်တယ်။ ဇူလိုင်– ငြိမ်သက်မှုနဲ့ ပျော်ရွှင်မှုရစေသောလမ်း။ ဒီဘရိုရှာက ဘ၀လမ်းညွှန်မှုရှာဖွေနေတဲ့ ဗုဒ္ဓဘာသာဝင်တွေအတွက် အထူးရည်ရွယ်တယ်။ ဒီဘရိုရှာမှာပါတဲ့ အချက်တွေကို လည်ပတ်ဆွေးနွေးပြီးတဲ့နောက် စာမျက်နှာ ၃၁ ကိုသုံးပြီး သမ္မာကျမ်းစာသွန်သင်ရာ စာအုပ်ကိုမိတ်ဆက်ပေးပါ၊ ကျမ်းစာသင်အံမှုစပါ။

◼ မေလကစပြီး အသင်းတော်အားလုံးဟာ လတိုင်းရဲ့ ပထမဆုံးစနေမှာ ကျမ်းစာသင်အံမှုစတင်ဖို့ အာရုံစိုက်သင့်တယ်။ ကင်းမျှော်စင်လထုတ်တိုင်းမှာပါမယ့် “ဘုရားသခင့်စကားတော်မှ သင်ယူပါ” ဆောင်းပါးက သင်အံမှုစတင်ရာမှာသုံးဖို့ ရည်ရွယ်ထားပါတယ်။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု စာစောင်တိုင်းရဲ့ နောက်ကျောစာမျက်နှာမှာ လရဲ့ ပထမဆုံးစနေတိုင်းမှာ ကျမ်းစာသင်အံမှုစတင်ဖို့ အကြံပြုချက်တစ်ခုအပါအဝင် နမူနာတင်ဆက်နည်းတွေကို ဖော်ပြပေးပါမယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ