ဒီဇင်ဘာ ၂၀ အပတ်အတွက်ဇယား
ဒီဇင်ဘာ ၂၀ တွင်စမည့်အပတ်
□ အသင်းတော်ကျမ်းစာလေ့လာမှု–
□ သီအိုကရက်တစ်ဓမ္မအမှုကျောင်း–
ကျမ်းစာဖတ်ရှုခြင်း– ၂ ရာဇဝင်ချုပ် ၂၀-၂၄
နံပါတ် ၁– ၂ ရာဇဝင်ချုပ် ၂၀:၁-၁၂
နံပါတ် ၂– သန့်ရှင်းသောဘာသာစကားကို သင်ယူပြီး ပြောဆိုခြင်းတွင် အဘယ်အရာပါဝင်သနည်း (ဇေ. ၃:၉)
နံပါတ် ၃– ယေရှုခရစ်သည် တကယ်ရှိခဲ့သော ပုဂ္ဂိုလ် တစ်ဦးလော (rs-BU စ. ၂၃၄ ¶၁-စ. ၂၃၅ ¶၁)
□ လုပ်ငန်းတော်အစည်းအဝေး–
၅ မိ– ကြေညာချက်များ။
၁၀ မိ– ၂၀၁၁ ခုနှစ်အတွက် သီအိုကရက်တစ် ဓမ္မအမှုကျောင်းအစီအစဉ်။ ကျောင်းကြီးကြပ်မှူးဟောပြောရန်။ ၂၀၁၁ အစီအစဉ်ဇယားမှ ဒေသတွင်း အလေးပေးရန် လိုအပ်သည့် အချက်များကို ဆွေးနွေးပါ။ အရန်သွန်သင်ချက်ပေးသူရဲ့ အခန်းကဏ္ဍကို ပြန်သုံးသပ်ပါ။ မိမိတာဝန်ကို ကျေပွန်စွာထမ်းဆောင်ရန်၊ ကျမ်းစာပေါ်လွင်ချက်တွင်ပါဝင်ရန် လုံလစိုက်ထုတ်ဖို့နဲ့ ဓမ္မအမှုကျောင်းစာအုပ်မှ ပတ်စဉ်ရရှိသောအကြံပြုချက်တွေကိုကျင့်သုံးဖို့ အားလုံးကို အားပေးပါ။
၂၀ မိ– “ကျူရှင်နဲ့ ဘုရားရေးရာလုပ်ဆောင်မှုတွေကို ဟန်ချက်ညီစေပါ။” မေးဖြေဆွေးနွေးရန်။ အချိန်ရသရွေ့ ညွှန်းထားတဲ့ကျမ်းချက်တွေကိုဖတ်ပြီး မှတ်ချက်ပေးဖို့ ပရိသတ်ကို ဖိတ်ခေါ်ပါ။