သီအိုကရက်တစ်ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းများကို ၂၀၀၉ ခုနှစ်၊ ဩဂုတ် ၃၁ ရက်အပတ်တွင် သီအိုကရက်တစ် ဓမ္မအမှုကျောင်း၌ သုံးသပ်မည်ဖြစ်သည်။ ကျောင်းကြီးကြပ်မှူးသည် ၂၀၀၉ ခုနှစ်၊ ဇူလိုင် ၆ ရက်မှ ဩဂုတ် ၃၁ ရက်အပတ်များအထိ တာဝန်များတွင် သုံးသပ်ခဲ့ရာများအပေါ် အခြေပြု၍ မိနစ် ၂၀ ပြန်လည်သုံးသပ်မည်။
၁။ မိဘကို “ကျိန်ဆဲသောသူ” တိုင်းအား အဘယ်ကြောင့် သေပြစ်ချမှတ်သနည်း။ (ဝတ်. ၂၀:၉) [က၀၄ ၅/၁၅ စ. ၂၄ ပိုဒ်. ၆]
၂။ အစ္စရေးအမျိုးသားအားလုံးကို အဇုမပွဲတက်ရောက်ရန် တောင်းဆိုထားသောကြောင့် ပူဇော်ရမည့် အဦးသီးသောမုယောကို မည်သူရိတ်သိမ်းသနည်း။ (ဝတ်. ၂၃:၅၊ ၁၁) [က၀၇ ၇/၁၅ စ. ၂၆ ပိုဒ်. ၃]
၃။ ယုဘိလနှစ်က အဘယ်အရာကို ကြိုတင်ညွှန်ပြသနည်း။ (ဝတ်. ၂၅:၁၀၊ ၁၁) [က၀၄ ၇/၁၅ စ. ၂၆-၂၇]
၄။ တောလည်ရာ ၂:၂ တွင်ဖော်ပြထားသော “အလံ” သည် အစ္စရေးလူတို့အတွက် ဘာသာရေးအထိမ်းအမှတ်တစ်ခုခု ဖြစ်ပါသလော။ [က၀၂ ၉/၁၅ စ. ၂၁ ပိုဒ်. ၄]
၅။ ယနေ့ နိုင်ငံတော်သတင်းကို အချိန်ပြည့် ကြွေးကြော်နေသူများသည် ရှေးခေတ်အစ္စရေးနိုင်ငံရှိ နာဇရိလူတို့တင်ပြသည့် အဘယ်သဘောထားမျိုးကို တင်ပြနေသနည်း။ (တော. ၆:၃၊ ၅၊ ၆) [က၀၄ ၈/၁ စ. ၂၄-၂၅]
၆။ လေဝိသားများ အနားယူခြင်းနှင့်ပတ်သက်သည့် ပညတ်မှ အဘယ်မူကို ယနေ့ ယေဟောဝါ၏လူမျိုး ကျင့်သုံးနိုင်သနည်း။ (တော. ၈:၂၅၊ ၂၆) [က၀၄ ၈/၁ စ. ၂၅ ပိုဒ်. ၁]
၇။ အစ္စရေးလူတို့သည် “တောင့်တသောစိတ်” ကိုမည်သို့ တင်ပြခဲ့ပြီး ယနေ့ ခရစ်ယာန်တို့အတွက် အဘယ်သင်ခန်းစာရှိသနည်း။ (တော. ၁၁:၄) [က၀၁ ၆/၁၅ စ. ၁၄-၁၅; က၉၅ ၃/၁ စ. ၁၅ ပိုဒ်. ၁၀]
၈။ မိရိအံတစ်ဦးတည်းသာ အဘယ်ကြောင့် နူနာစွဲရသနည်း၊ ယင်းမှ အဘယ်အရေးကြီးသင်ခန်းစာ သင်ယူနိုင်သနည်း။ (တော. ၁၂:၉-၁၁) [က၀၄ ၈/၁ စ. ၂၆ ပိုဒ်. ၂; it-2 စ. ၄၁၅ ပိုဒ်. ၁]
၉။ ယောရှုနှင့် ကာလက်သည် ခါနာန်လူတို့ကို “စားစရာ” အဖြစ် ရည်ညွှန်းခြင်းက အဘယ်အရာကို ဆိုလိုသနည်း။ (တော. ၁၄:၉) [က၀၆ ၁၀/၁ စ. ၁၆ ပိုဒ်. ၅; it-1 စ. ၃၆၃-၃၆၄]
၁၀။ တောလည်ရာ ၂၁:၅ တွင်အဘယ်သတိပေးပုံနမူနာ ပါရှိသနည်း။ [က၉၉ ၈/၁၅ စ. ၂၆-၂၇]