သီအိုကရက်တစ် ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းများကို ၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်အပတ်တွင် သီအိုကရက်တစ် ဓမ္မအမှုကျောင်း၌ သုံးသပ်မည်ဖြစ်သည်။ ကျောင်းကြီးကြပ်မှူးသည် ၂၀၀၇ ခုနှစ် နိုဝင်ဘာ ၅ မှ ဒီဇင်ဘာ ၃၁ အပတ်များအထိ တာဝန်များတွင် သုံးသပ်ခဲ့ရာများအပေါ်အခြေပြု၍ မိနစ် ၃၀ ပြန်လည်သုံးသပ်မည်။
စကားပြောအရည်အသွေးများ
၁။ ထိရောက်သောနိဂုံးဖြစ်ကြောင်း သေချာစေရန် အဘယ်အချက်များကို ကျွန်ုပ်တို့ စိတ်စွဲမှတ်ထားရမည်နည်း။ [ပက စ. ၂၂၀ အပိုဒ် ၄–စ. ၂၂၁ အပိုဒ် ၃]
၂။ လယ်ကွင်းဓမ္မအမှုလုပ်ငန်းတွင် ကျွန်ုပ်တို့ပြောဆိုရာများသည် တိကျမှန်ကန်မှုရှိကြောင်း မည်သို့သေချာစေနိုင်သနည်း။ [ပက စ. ၂၂၃ အပိုဒ် ၂-၄]
၃။ အသင်းတော်အစည်းအဝေးများတွင် တင်ဆက်သည့်အခါ ‘သမ္မာတရား၏အမှီတံကဲနှင့်တည်ရာ’ ဖြစ်သော အသင်းတော်၏အခန်းကဏ္ဍကို ကျွန်ုပ်တို့အသိအမှတ်ပြုကြောင်း မည်သို့ပြသနိုင်သနည်း။ (၁ တိ. ၃:၁၅) [ပက စ. ၂၂၄ အပိုဒ် ၁-၄]
၄။ ကျွန်ုပ်တို့အသုံးပြုသော သတင်းအချက်အလက်များသည် အားထား၍ရမရ အဘယ်ကြောင့် စစ်ဆေးရမည်နည်း။ ယင်းကို မည်သို့ပြုလုပ်နိုင်သနည်း။ [ပက စ. ၂၂၅ အပိုဒ် ၁-၂]
၅။ သွန်သင်ပေးစဉ် ကျွန်ုပ်တို့ တင်ဆက်သောအကြောင်းအရာများကို အခြားသူများ နားလည်ရလွယ်ကူစေရန် မည်သို့ပြုလုပ်နိုင်သနည်း။ [ပက စ. ၂၂၆ အပိုဒ် ၃–စ. ၂၂၇ အပိုဒ် ၁]
တာဝန်နံပါတ် ၁
၆။ ယောနကျမ်းသည် ကျမ်းစစ်ကျမ်းမှန်ဖြစ်ကြောင်း အဘယ်သာဓကရှိသနည်း။ [ဘကမ-၀၂-၂ စ. ၁၁ အပိုဒ် ၃]
၇။ မိက္ခာ၏ အဘယ်ပရောဖက်ပြုချက်သည် ယေရှုခရစ်အားဖြင့်အုပ်ချုပ်သည့် ဘုရားသခင့်နိုင်ငံတော်နှင့် ဆက်စပ်သနည်း။ [ဘကမ-၀၂-၂ စ. ၁၅ အပိုဒ် ၁၈]
၈။ ဟဗက္ကုတ်ကျမ်းသည် ဘုရားသခင့်မှုတ်သွင်းခံကျမ်းဖြစ်ကြောင်း အဘယ်သာဓကရှိသနည်း။ [ဘကမ-၀၂-၂ စ. ၁၉ အပိုဒ် ၄]
၉။ ဘီစီ ၅၂၀ တွင် ဂျူးများသည် မိမိတို့ ပြည်တော်ပြန်ရခြင်း၏ရည်ရွယ်ချက်ကို အကောင်အထည်မဖော်နိုင်သေးဟု အဘယ်ကြောင့်ပြောနိုင်သနည်း။ (ဟဂ္ဂဲ ၁:၄) [ဘကမ-၀၂-၂ စ. ၂၄ အပိုဒ် ၃]
၁၀။ ဇာခရိသည် အဘယ်ဘုန်းကျက်သရေရှိသောနေ့အကြောင်း အထပ်ထပ် ရည်ညွှန်းသနည်း။ [ဘကမ-၀၂-၂ စ. ၂၉ အပိုဒ် ၂၆]
ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း
၁၁။ ယောလပရောဖက်ပြုချက်ပါ ကျိုင်းကောင်ကပ်ဘေးသည် ပထမရာစုတွင် မည်သို့ပြည့်စုံခဲ့ပြီး ယနေ့ခေတ်တွင် မည်သို့ပြည့်စုံနေသနည်း။ (ယောလ ၂:၁-၁၀၊ ၂၈) [က၀၇ ၁၀/၁ “ယေဟောဝါ၏နှုတ်မြွက်စကားတော်သည် အသက်ရှင်၏—ယောလနှင့်အာမုတ်ကျမ်းမှ ပေါ်လွင်ချက်များ”]
၁၂။ “နွေကာလအသီးပါသောတောင်း” ကား အဘယ်အရာကို ပုံဆောင်သနည်း။ (အာ. ၈:၁၊ ၂) [က၀၇ ၁၀/၁ “ယေဟောဝါ၏နှုတ်မြွက်စကားတော်သည် အသက်ရှင်၏—ယောလနှင့်အာမုတ်ကျမ်းမှ ပေါ်လွင်ချက်များ”]
၁၃။ ယေဟောဝါသည် အဘယ်သဘောဖြင့် ‘နိနေဝေမြို့သားများအပေါ် ဘေးဒဏ်ကျရောက်စေမည်ဟု မိန့်တော်မူခဲ့သည်ကို ဝမ်းနည်းတော်မူ’ ခဲ့သနည်း။ ယင်းသည် ကျွန်ုပ်တို့အပေါ် မည်သို့အကျိုးသက်ရောက်သင့်သနည်း။ (ယောန ၃:၁၀၊ ကဘ) [က၀၃ ၇/၁၅ စ. ၁၇-၁၈]
၁၄။ ယေဟောဝါ၏နာမ၌ လျှောက်လှမ်းခြင်းဟူသည် အဘယ်အဓိပ္ပာယ်ရှိသနည်း။ (မိ. ၄:၅၊ ကဘ) [က၀၃ ၈/၁၅ စ. ၁၇ အပိုဒ် ၁၉]
၁၅။ မျက်မှောက်ခေတ်တွင် ယေဟောဝါသည် မည်သည့်အချိန်တွင်နှင့် မည်သည့်နည်းဖြင့် “ဗိမာန်တော်” ကိုတရားစီရင်ရန် ကြွလာသနည်း။ (မာလ. ၃:၁-၃) [re-Bu စ. ၃၂ လေးထောင့်ကွက်; jd-E စ. ၁၇၉ အပိုဒ် ၃–စ. ၁၈၁ အပိုဒ် ၆]