သီအိုကရက်တစ်ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းများကို ၂၀၀၇ ခုနှစ်၊ ဇွန်လ ၂၅ ရက်အပတ်တွင် သီအိုကရက်တစ်ဓမ္မအမှုကျောင်း၌ သုံးသပ်မည်ဖြစ်သည်။ ကျောင်းကြီးကြပ်မှူးသည် ၂၀၀၇ ခုနှစ်၊ မေ ၇ မှ ဇွန် ၂၅ အပတ်များအထိ တာဝန်များတွင် သုံးသပ်ခဲ့ရာများအပေါ်အခြေပြု၍ မိနစ် ၃၀ ပြန်လည်သုံးသပ်မည်။ [သတိပြုရန်– မေးခွန်းနောက်တွင် ရည်ညွှန်းချက်များမပါလျှင် အဖြေများရရှိရန် သင်ကိုယ်တိုင် သုတေသနပြုလုပ်ဖို့လိုမည်။—ဓမ္မအမှုကျောင်း၊ စစ. ၃၆–၇ ရှု။]
စကားပြောအရည်အသွေးများ
၁။ ဟောပြောသည့်အခါ အသံအရည်အသွေး တိုးတက်လာဖို့ စိတ်တင်းမာမှုလျော့နည်းစေရန် အဘယ်အရာပြုလုပ်နိုင်သနည်း။ [ပက စ. ၁၈၅ ပိုဒ်. ၁-၃]
၂။ ဓမ္မအမှုတွင် “ခပ်သိမ်းသောသူတို့၌ ခပ်သိမ်းသောအရာ” မည်သို့ဖြစ်နိုင်မည်နည်း။ (၁ ကော. ၉:၂၀-၂၃) [ပက စ. ၁၈၆ ပိုဒ်. ၂-၄]
၃။ အခြားသူများကို နားထောင်ပေးရာတွင် ယေဟောဝါ၏ပုံသက်သေကို မည်သို့တုပနိုင်သနည်း။ (က. ၁၈:၂၃-၃၃; ၃ ရာ. ၂၂:၁၉-၂၂) [ပက စ. ၁၈၇ ပိုဒ်. ၁-၂၊ ၅]
၄။ အခြားသူများ ဝိညာဉ်ရေးတိုးတက်လာစေရန် ကူညီပေးနိုင်သည့် လက်တွေ့ကျနည်းများကား အဘယ်နည်း။ [ပက စ. ၁၈၇ ပိုဒ်. ၆–စ. ၁၈၈ ပိုဒ်. ၃]
၅။ အခြားသူများအား အဘယ်ကြောင့် ရိုသေလေးစားမှုပြသင့်သနည်း။ [ပက စ. ၁၉၀ ပိုဒ်. ၃၊ လေးထောင့်ကွက်]
တာဝန်နံပါတ် ၁
၆။ ကျွန်ုပ်တို့သွန်သင်ပေးသူများ၏ နှလုံးကိုထိမိရန် အဘယ်ကြောင့် ကြိုးစားအားထုတ်ရမည်နည်း။ [ပက စ. ၅၉ ပိုဒ်. ၁]
၇။ ကျွန်ုပ်တို့၏ပုံသက်သေသည် ကျွန်ုပ်တို့သွန်သင်ပေးသူများအပေါ် အဘယ်အကျိုးသက်ရောက်မှုရှိသနည်း။ [ပက စ. ၆၁ ပိုဒ်. ၁]
၈။ စကားလက်ဆုံပြောနိုင်စွမ်းကို အိမ်တွင် မည်သို့တိုးတက်စေနိုင်သနည်း။ [ပက စ. ၆၂ ပိုဒ်. ၃]
၉။ ပရောဖက်ယေရမိသည် ရဲစွမ်းသတ္တိရှိရှိ စိတ်ထက်သန်မှုကို မည်သို့တင်ပြခဲ့သနည်း။ [ဘကမ-၀၂-၁ စ. ၁၃ ပိုဒ်. ၃၆]
၁၀။ မြည်တမ်းစကားကျမ်းသည် အဘယ်ယုံကြည်စိတ်ချမှုကို ဖော်ပြသနည်း။ လူဆိုးတို့အား ဘုရားသခင်အပြင်းအထန်အရေးယူခဲ့ပုံကို ဖော်ပြထားခြင်းသည် အဘယ်ကြောင့် အကျိုးရှိသနည်း။ [ဘကမ-၀၂-၁ စ. ၁၅ ပိုဒ်. ၁၃]
ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း
၁၁။ ယေရမိ ၃၇:၂၁ တွင်ဖော်ပြထားသည့် ယေရမိအဖြစ်အပျက်နှင့်အညီ အဘယ်အာမခံချက်ကို ကျွန်ုပ်တို့ရရှိထားသနည်း။
၁၂။ ယေဟောဝါသည် ‘သူ့ဝမ်းနည်းစရာအကြောင်း တစ်ပါးအပေါ်မှာတစ်ပါးကို ထပ်ဆင့်’ တော်မူပြီး ‘မသက်မသာ’ ဖြစ်စေသည်ဟု ဗာရုတ် အဘယ်ကြောင့်ဆိုခဲ့ဖွယ်ရှိသနည်း။ အစပိုင်းတွင် ဗာရုတ် မည်သို့တုံ့ပြန်ခဲ့သနည်း။ (ယေ. ၄၅:၁-၅)
၁၃။ ဗာဗုလုန်သည် မည်သည့်အချိန်တွင် လူမနေတော့ဘဲ “ဆိတ်ညံသောအရပ်သက်သက်” ဖြစ်ခဲ့သနည်း။ (ယေ. ၅၀:၁၃)
၁၄။ မြည်တမ်းစကား ၃:၈၊ ၉၊ ၄၂-၄၅ တွင် ဆုတောင်းခြင်းနှင့်ပတ်သက်သော အဘယ်မူကို ရှင်းလင်းစွာဖော်ပြထားသနည်း။
၁၅။ ယေဇကျေလ အခန်းကြီး ၁ တွင် ဖော်ပြထားသော ရထားသည် အဘယ်အရာကို ပုံတင်ပြသနည်း။