မဂ္ဂဇင်းများနှင့်ပတ်သက်၍ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် မေ ၁၅
“ဒီမှုတ်သွင်းခံကျမ်းချက်ကဖော်ပြတဲ့ အခြေအနေမျိုးမှာ အသက်ရှင်ရတာပျော်မယ်လို့ မိတ်ဆွေထင်သလား။ [၂ ပေတရု ၃:၁၃ ကိုဖတ်ပါ။ ထို့နောက် တုံ့ပြန်မှုကိုစောင့်ပါ။] ကောင်းကင်သစ်နဲ့ မြေကြီးသစ်ဟာ ဘာလဲဆိုတာ ဒီမဂ္ဂဇင်းက ရှင်းပြတယ်။ ကမ္ဘာမြေနဲ့ပတ်သက်တဲ့ မိမိရဲ့ရည်ရွယ်ချက်ကို ဘုရားသခင်ပြည့်စုံစေတဲ့အခါ ဘဝဟာ ဘယ်လိုကွာခြားသွားမယ်ဆိုတာကိုလည်း ဖော်ပြတယ်။”
ကင်းမျှော်စင် ဇွန် ၁
“ဒီရှေးပညတ်မှာတွေ့ရတဲ့အတိုင်း ယဉ်ကျေးမှုအများစုမှာ သက်ကြီးရွယ်အိုတွေကို လေးလေးစားစား ပြုမူဆက်ဆံတဲ့အချိန်တစ်ချိန် ရှိခဲ့ကြတယ်။ [ဝတ်ပြုရာ ၁၉:၃၂ ဖတ်။] ယနေ့အချိန်မှာ အဲဒီလိုရိုသေလေးစားတာမျိုး ရှိနေတုန်းပဲလို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] သက်ကြီးရွယ်အိုတွေကို ဘုရားသခင် ဘယ်လိုဂရုစိုက်တယ်၊ ကျွန်တော်တို့လည်း အဲဒါကို ဘယ်လိုလုပ်နိုင်တယ်ဆိုတာ ဒီမဂ္ဂဇင်းက သုံးသပ်ထားတယ်။”
နိုးလော့! ဇွန်
“အကြမ်းဖက်ဝါဒဟာ အသစ်အဆန်းမဟုတ်ပေမဲ့ ယနေ့အချိန်မှာ အဲဒါဟာ လူတိုင်းလိုလိုရဲ့အသက်ကိုထိခိုက်စေတဲ့ ကမ္ဘာချီဖြစ်ရပ်တစ်ခုအဖြစ် ကြီးထွားလာနေတယ်။ အဲဒါ ဘာကြောင့်ဖြစ်မယ်လို့ မိတ်ဆွေထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဘယ်အချိန်မှာ အကြမ်းဖက်မှု ဇာတ်သိမ်းသွားမယ်၊ ကမ္ဘာပေါ်မှာ စစ်မှန်တဲ့ငြိမ်သက်မှုကို ဘုရားသခင် ဘယ်လိုဖြစ်ပေါ်စေမယ်ဆိုတဲ့ ကျမ်းစာထဲကအချက်အလက်တွေကို ဒီလထုတ် နိုးလော့! က ဖော်ပြပေးတယ်။” မိက္ခာ ၄:၄ ကိုဖတ်ပါ။
နိုးလော့! ဇွန်
“မကြာသေးခင်ကကျရောက်တဲ့ ဘေးဒဏ်တွေက သတိပေးချက်တွေကို အလေးဂရုပြုခြင်းရဲ့အရေးကြီးမှုကို ပေါ်လွင်စေတယ်ဆိုတာ မိတ်ဆွေလက်ခံတယ်မဟုတ်လား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ကက်ထရီနာ ဟာရီကိန်းကနေ လွတ်မြောက်လာသူတွေထံကရရှိတဲ့ သင်ခန်းစာတွေကို ဒီဆောင်းပါးက ဆွေးနွေးထားတယ်။ ယနေ့ ကျွန်တော်တို့အားလုံး အလေးဂရုပြုဖို့လိုတဲ့ သတိပေးချက်တစ်ခုကိုလည်း ဖော်ပြထားတယ်။” စာမျက်နှာ ၁၄ တွင်အစပြုသည့်ဆောင်းပါးကို အလေးပေးဖော်ပြပါ။