ကြေညာချက်များ
◼ ဇန်နဝါရီ တွင်ဝေငှရန်စာပေ– ၁၉၉၁ ခုနှစ်မတိုင်မီက ထုတ်ဝေခဲ့သော မည်သည့်စာအုပ်ကိုမဆို ဝေငှနိုင်သည်။ ဝေငှသည့်စာအုပ်ကို အိမ်ရှင်များက လက်မခံလျှင် စောင့်နေကြလော့! ဘရိုရှာကိုပြပါ။ ဖေဖော်ဝါရီ– ယေဟောဝါထံချဉ်းကပ်လော့ [လိပ်]။ ဤစာအုပ်မရှိသော အသင်းတော်များသည် ဗျာဒိတ်ကျမ်းအထွတ်အထိပ် [လိပ်] သို့မဟုတ် ပိုလျှံနေသော တခြားစာအုပ်ဟောင်းကို အသုံးပြုနိုင်သည်။ မတ်နှင့်ဧပြီ– ကင်းမျှော်စင် နှင့် နိုးလော့! နှစ်မျိုးစလုံးကို ဝေငှပါ။
◼ ဧပြီလတွင် စနေတနင်္ဂနွေငါးကြိမ်ရှိမည်ဖြစ်ရာ အရန်ရှေ့ဆောင်ရန် အလွန်ကောင်းသောလတစ်လဖြစ်ပါမည်။
◼ ဖေဖော်ဝါရီလမှစ၍ မတ်လ ၅ ရက်ထက်နောက်မကျဘဲ တိုက်နယ်ကြီးကြပ်မှူးများအတွက် လူထုဟောပြောချက်အသစ်မှာ “သင်သည် ငြိမ်းချမ်းသောအသက်တာကို ယခုနှင့် ထာဝစဉ် မွေ့လျော်နိုင်!” ဖြစ်ပါမည်။
◼ အသင်းတော်များသည် သတိရအောက်မေ့ပွဲကို ဤနှစ်ဧပြီလ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့ နေဝင်ပြီးချိန်တွင်ကျင်းပရန် သင့်လျော်သည့်အစီအစဉ်များ ပြုလုပ်သင့်သည်။ ဟောပြောချက်ကို စောစောစနိုင်သော်လည်း အထိမ်းအမှတ်များလက်ဆင့်ကမ်းခြင်းကိုမူ နေဝင်ပြီးနောက်ပိုင်းတွင်သာစတင်သင့်သည်။ သင့်အရပ်ဒေသ၌ အဘယ်အချိန်နေဝင်သည်ကို ဒေသခံများထံတွင် စုံစမ်းပါ။
◼ သင့်ကိုယ်ပိုင်ခရီးသွားအစီအစဉ်များတွင် အခြားတိုင်းပြည်တစ်ခု၌ အသင်းတော်အစည်းအဝေးများ၊ စည်းဝေးပွဲ သို့မဟုတ် ခရိုင်စည်းဝေးကြီးတစ်ခု တက်ရောက်ခြင်းပါဝင်သည့်အခါတိုင်း ရက်စွဲ၊ အချိန်၊ တည်နေရာများနှင့်စပ်လျဉ်းသည့် အချက်အလက်များကို ထိုတိုင်းပြည်ရှိ လုပ်ငန်းကိုကြီးကြပ်သည့် ဌာနခွဲရုံးသို့ စာရေးတောင်းခံရမည်။ ဌာနခွဲရုံးများ၏လိပ်စာကို နောက်ဆုံးထုတ် နှစ်ချုပ် စာအုပ်၏ နောက်ဆုံးစာမျက်နှာတွင် ဖော်ပြထားသည်။
◼ ၂၀၀၆ လုပ်ငန်းတော်နှစ်အတွက် တိုက်နယ်စည်းဝေးပွဲ၊ အထူးစည်းဝေးပွဲနေ့အစီအစဉ်များနှင့်စပ်လျဉ်း၍ အသုံးပြုရန် ဤလထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၃ နှင့် ၄ ကိုသိမ်းထားသင့်သည်။