ကြေညာချက်များ
◼ မတ် တွင်ဝေငှရန်စာပေ– စောင့်နေကြလော့ ဘရိုရှာကို ဝေငှပါ။ လူတို့သည် အမှန်တကယ် စိတ်ဝင်စားမှုပြလျှင် အိမ်တွင်းကျမ်းစာသင်အံမှုတစ်ခုစတင်ရန် ကြိုးစားလျက် အသိပညာ စာအုပ်ကို မိတ်ဆက်ပေးပါ။ ဧပြီနှင့်မေ– ကင်းမျှော်စင် နှင့် နိုးလော့! နှစ်မျိုးစလုံးကို ဝေငှပါ။ အောက်မေ့ရာပွဲနှင့်/သို့မဟုတ် အခြားသီအိုကရက်တစ်အခါသမယများကို တက်ရောက်သော်လည်း အသင်းတော်နှင့် တက်ကြွစွာပေါင်းသင်းမနေသူများအပါအဝင် စိတ်ဝင်စားသူများထံ ပြန်လည်ပတ်မှုများပြုလုပ်သည့်အခါ ဘုရားသခင်ကိုကိုးကွယ်လော့ စာအုပ်ကိုဝေငှရန် အာရုံစိုက်ပါ။ အထူးသဖြင့် အသိပညာ စာအုပ်နှင့် တောင်းဆို ဘရိုရှာတို့ကို လေ့လာထားနှင့်ပြီးသူများနှင့် အိမ်တွင်းကျမ်းစာသင်အံမှုတစ်ခုစတင်ရန် ဦးတည်ချက်ထားသင့်သည်။ ဇွန်– ကြီးမြတ်သောဆရာထံမှ သင်ယူပါ စာအုပ်ကို ဝေငှပါ။ မိမိတို့တွင် ကလေးမရှိကြောင်းပြောလျှင် တောင်းဆို ဘရိုရှာကို ဝေငှပါ။ အိမ်တွင်းကျမ်းစာသင်အံမှုများစတင်ရန် ကြိုးစားပါ။
◼ အသင်းတော်များသည် ကင်းမျှော်စင် နှင့် နိုးလော့! နောက်ဆုံးထုတ်များကို ရရှိလျှင်ရရှိချင်း ဖြန့်ဝေပေးသင့်သည်။ ဤသို့ပြုခြင်းဖြင့် ကြေညာသူများသည် လယ်ကွင်းလုပ်ငန်းတွင် မဂ္ဂဇင်းများမဝေငှမီ ပါရှိသည့်အကြောင်းအရာများနှင့် အကျွမ်းတဝင်ရှိခွင့်ရမည်ဖြစ်သည်။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ကိုလည်း ရောက်လျှင်ရောက်ချင်း ကြေညာသူများအား ဖြန့်ဝေပေးသင့်သည်။ အသင်းတော်စာအုပ်ကြီးသင်တန်းတွင် ယင်းကို ဖြန့်ဝေပေးနိုင်သည်။
◼ သင်၏ကိုယ်ပိုင်ခရီးသွားအစီအစဉ်များတွင် အခြားနိုင်ငံတစ်ခု၌ အသင်းတော်အစည်းအဝေးများ၊ စည်းဝေးပွဲ သို့မဟုတ် ခရိုင်စည်းဝေးကြီးတစ်ခု တက်ရောက်ခြင်းပါဝင်သည့်အခါတိုင်း ရက်စွဲ၊ အချိန်၊ တည်နေရာများနှင့်စပ်လျဉ်းသည့် အချက်အလက်များကို ထိုနိုင်ငံရှိ လုပ်ငန်းကိုကြီးကြပ်သည့် ဌာနခွဲရုံးသို့ စာရေးတောင်းခံရမည်။ ဌာနခွဲရုံးများ၏လိပ်စာကို နောက်ဆုံးထုတ် နှစ်ချုပ်စာအုပ် ၏ နောက်ဆုံးစာမျက်နှာတွင် ဖော်ပြထားသည်။
◼ အသင်းတော်အတွင်းရေးမှူးများသည် မှန်မှန်ရှေ့ဆောင်လုပ်ငန်းအတွက်လျှောက်လွှာ (S-205) နှင့် အရန်ရှေ့ဆောင်လုပ်ငန်းအတွက်လျှောက်လွှာ (S-205b) ပုံစံစာရွက်များ အလုံအလောက်ရှိထားသင့်သည်။ ယင်းတို့ကို စအုပ်စာတမ်းအမှာပုံစံ (S-14) ဖြင့်မှာယူနိုင်သည်။ အနည်းဆုံးတစ်နှစ်စာရှိထားသင့်သည်။
◼ အောက်မေ့ရာပွဲကို ၂၀၀၅၊ မတ် ၂၄ ရက်၊ ကြာသပတေးနေ့တွင် ကျင်းပမည်ဖြစ်သည်။ သင့်အသင်းတော်သည် ပုံမှန်အားဖြင့် ကြာသပတေးနေ့တွင် အစည်းအဝေးများရှိမည်ဆိုလျှင် ယင်းတို့ကို နိုင်ငံတော်ခန်းမအားလပ်မည့် ထိုအပတ်၏အခြားနေ့တစ်နေ့သို့ ပြောင်းရန်ဖြစ်သည်။ ထိုသို့မဖြစ်နိုင်ဘဲ သင့်လုပ်ငန်းတော်စည်းဝေးကို ထိခိုက်မည်ဆိုလျှင် သင့်အသင်းတော်နှင့်အထူးသက်ဆိုင်သည့် အပိုင်းများကို နောက်လုပ်ငန်းတော်စည်းဝေးတွင် ပေါင်း၍လုပ်နိုင်သည်။
◼ ကြေညာသူအတော်များများသည် ယေဟောဝါသက်သေများအလယ်တွင် လက်ရှိဖြန့်ဝေလျက်ရှိသည့် ခေတ်ပေါ်ပုံစံဖြင့် သီဆိုထားသော နိုင်ငံတော်သီချင်းခွေအချို့နှင့်စပ်လျဉ်း၍ ဌာနခွဲရုံးသို့ ဖုန်းဆက်ခဲ့ကြသည်။ ၎င်းသီချင်းခွေများသည် အဖွဲ့အစည်း၏သဘောတူညီချက်ရရှိထား၊ မထားကြောင်းကို သူတို့သိချင်ကြသည်။ ၎င်းအခွေများကို ကျွန်ုပ်တို့သိရှိထားပြီး ၎င်းတို့သည် ကျွန်ုပ်တို့၏သဘောတူညီချက်မရရှိထားကြောင်း သင်တို့အား အသိပေးလိုပါသည်။ ကျေးဇူးပြု၍ ၎င်းသီချင်းခွေများကို အင်တာနက်မှတစ်ဆင့် မဖြန့်ပါနှင့်၊ သို့မဟုတ် ကူးယူခြင်းမပြုပါနှင့်။ ဤသတင်းအချက်အလက်က ကိစ္စရပ်များကို ရှင်းလင်းစေမည်ဟု ကျွန်ုပ်တို့မျှော်လင့်ပါသည်။