သီအိုကရက်တစ် ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းများကို ၂၀၀၄ ခုနှစ်၊ ဩဂုတ် ၃၀ ရက်အပတ်တွင် သီအိုကရက်တစ် ဓမ္မအမှုကျောင်း၌ နှုတ်ဖြေသုံးသပ်မည်ဖြစ်သည်။ ကျောင်းကြီးကြပ်မှူးသည် ၂၀၀၄ ခုနှစ် ဇူလိုင် ၅ မှ ဩဂုတ် ၃၀ အပတ်များအထိ တာဝန်များတွင် သုံးသပ်ခဲ့ရာများအပေါ်အခြေပြု၍ မိနစ် ၃၀ ပြန်လည်သုံးသပ်မည်။ [သတိပြုရန်– မေးခွန်းနောက်တွင် ရည်ညွှန်းချက်များမပါလျှင် အဖြေများရရှိရန် သင်ကိုယ်တိုင် သုတေသနပြုလုပ်ဖို့လိုမည်။—ဓမ္မအမှုကျောင်း၊ စစ. ၃၆-၇ ရှု။]
စကားပြောအရည်အသွေးများ
၁။ ကျွန်ုပ်တို့၏မျှော်လင့်ခြင်းအတွက် ကျိုးကြောင်းဖော်ပြချက်ကို မည်သို့ “နူးညံ့သိမ်မွေ့၊ အလွန်ရိုသေလေးစားစွာ” ရှင်းပြနိုင်သနည်း။ (၁ ပေ. ၃:၁၅၊ ကဘ) [ပက စ. ၁၉၂ အပိုဒ် ၂-၄]
၂။ အခိုင်အမာယုံကြည်ချက်ဖြင့် ပြောဆိုရန် အဘယ်ကြောင့်အရေးကြီးသနည်း။ (ရော. ၈:၃၈၊ ၃၉; ၁ သက်. ၁:၅; ၁ ပေ. ၅:၁၂) [ပက စ. ၁၉၄]
၃။ အခိုင်အမာယုံကြည်ချက်ကို မည်သို့ထင်ရှားပြမည်နည်း။ [ပက စ. ၁၉၅ အပိုဒ် ၃–စ. ၁၉၆ အပိုဒ် ၄]
၄။ လိမ္မာပါးနပ်မှုဟူသည် အဘယ်နည်း၊ ယင်းသည် အဘယ်ကြောင့်အရေးကြီးသနည်း၊ ဤအရည်အသွေးကို ခိုင်မာမှုနှင့် မည်သို့ဟန်ချက်ညီစေနိုင်သနည်း။ (ရော. ၁၂:၁၈) [ပက စ. ၁၉၇]
၅။ လိမ္မာပါးနပ်သူတစ်ဦးသည် စကားမပြောမီ အဘယ်အရာကို သုံးသပ်မည်နည်း။ (သု. ၂၅:၁၁; ယော. ၁၆:၁၂) [ပက စ. ၁၉၉]
တာဝန်နံပါတ် ၁
၆။ ကျွန်ုပ်တို့၏စကားလက်ဆုံပြောဆိုမှုများနှင့် ကျမ်းစာလေ့လာမှုအလေ့အကျင့်များက သမ္မာတရားတွင် ကျွန်ုပ်တို့တိုးတက်ခဲ့သည့်အတိုင်းအတာကို မည်သို့ဖော်ပြနိုင်သနည်း။ [ပက စ. ၇၄ အပိုဒ် ၃–စ. ၇၅ အပိုဒ် ၂]
၇။ ‘အချိန်ကိုဝယ်ယူ’ ခြင်းသည် အဘယ်အရာကိုဆိုလိုသနည်း၊ ယင်းကို ကျွန်ုပ်တို့ မည်သို့လုပ်ဆောင်နိုင်သနည်း။ (ဧ. ၅:၁၆) [က၀၂ ၁၁/၁၅ စ. ၂၃]
၈။ ကျမ်းချက်များက လူသားအားလုံးသည် ဘုရားသခင်ရှေ့တွင် တန်းတူဖြစ်ကြောင်း မည်သို့ရှင်းလင်းစေသနည်း၊ ယင်းက ကျွန်ုပ်တို့၏ဓမ္မအမှုအပေါ် မည်သို့အကျိုးသက်ရောက်သင့်သနည်း။ [က၀၂ ၁/၁ စစ. ၅၊ ၇]
၉။ ဖန်ဆင်းရှင်၏ထူးခြားသောနာမတော် ယေဟောဝါ၏အဓိပ္ပာယ်ကား အဘယ်နည်း။ [က၀၂ ၁/၁၅ စ. ၅]
၁၀။ အဘယ်အရာက အာဗေလ၏ပူဇော်ရာယဇ်ကို ကာဣန၏ပူဇော်ရာယဇ်ထက် “သာ၍မြတ်” စေသနည်း။ ကျွန်ုပ်တို့၏ “ချီးမွမ်းခြင်းယဇ်” နှင့်ပတ်သက်၍ ၎င်းမှ အဘယ်သင်ခန်းစာ ရယူနိုင်သနည်း။ (ဟေဗြဲ ၁၁:၄; ၁၃:၁၅) [က၀၂ ၁/၁၅ စ. ၂၁ အပိုဒ် ၆-၈]
ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း
၁၁။ အမှားအမှန်ကို တလွဲတချော်မှတ်ယူသည့်သဘောမရှိစေရန် ဝတ်ပြုရာ ၁၈:၃ က မည်သို့ကူညီနိုင်သနည်း။ (ဧ. ၄:၁၇-၁၉) [က၀၂ ၂/၁ စ. ၂၉]
၁၂။ သီတင်းအပတ်များပွဲ (ပင်တေကုတ္တေပွဲ) အတွင်း ယဇ်ပုရောဟိတ်မင်းကြီးက “ချီလွှဲရာပူဇော်သကာ” အဖြစ်ဆက်သရသည့် “မုန့်နှစ်လုံး” သည် အဘယ်အရာကို ပရောဖက်ပြုဖော်ပြသနည်း။ (ဝတ်. ၂၃:၁၅-၁၇) [က၉၈ ၃/၁ စ. ၁၃ အပိုဒ် ၂၁]
၁၃။ တောလည်ရာ အခန်းကြီး ၅ တွင်ဖော်ပြထားသကဲ့သို့ သူ့သားအိမ်ရာပြစ်မှားခြင်းကိစ္စတွင် အဘယ်သဘောဖြင့် အပြစ်ရှိသောအမျိုးသမီး၏ “ပေါင်ပိန်” သွားမည်နည်း။ (တော. ၅:၂၇) [က၈၄ ၂/၁ စ. ၂၁]
၁၄။ မိရိအံနှင့် အာရုန်တို့သည် မောရှေ၏ ကုရှအမျိုးသမီးဇနီးနှင့်ပတ်သက်၍ အဘယ်ကြောင့် အပြစ်တင်ခဲ့ကြသနည်း။ (တော. ၁၂:၁)
၁၅။ “ယေဟောဝါ၏စစ်တိုက်စာ” ဟူသည် အဘယ်နည်း။ (တော. ၂၁:၁၄၊ ကဘ)