သီအိုကရက်တစ် ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းများကို ၂၀၀၄ ခုနှစ်၊ ဇွန် ၂၈ ရက်အပတ်တွင် သီအိုကရက်တစ် ဓမ္မအမှုကျောင်း၌ နှုတ်ဖြေသုံးသပ်မည်ဖြစ်သည်။ ကျောင်းကြီးကြပ်မှူးသည် ၂၀၀၄ ခုနှစ် မေ ၃ မှ ဇွန် ၂၈ အပတ်များအထိ တာဝန်များတွင် သုံးသပ်ခဲ့ရာများအပေါ်အခြေပြု၍ မိနစ် ၃၀ ပြန်လည်သုံးသပ်မည်။ [သတိပြုရန်– မေးခွန်းနောက်တွင် ရည်ညွှန်းချက်များမပါလျှင် အဖြေများရရှိရန် သင်ကိုယ်တိုင် သုတေသနပြုလုပ်ဖို့လိုမည်။—ဓမ္မအမှုကျောင်း၊ စစ. ၃၆-၇ ရှု။]
စကားပြောအရည်အသွေးများ
၁။ စင်မြင့်ပေါ်မှဟောပြောသည့်အခါ အဘယ်အကြောင်းရင်းများက စကားလက်ဆုံပြောဆိုပုံ ကင်းမဲ့စေနိုင်သနည်း သို့မဟုတ် ပုံသေကားကျဖြစ်စေနိုင်သနည်း။ [ပက စ. ၁၇၉ အပိုဒ် ၄]
၂။ ကျွန်ုပ်တို့၏အသံအရည်အသွေးကိုတိုးတက်စေခြင်းသည် နည်းလမ်းတကျအသက်ရှူကာ တင်းနေသောကြွက်သားများကို ဖြေလျှော့ပေးခြင်းမျှသာ အဘယ်ကြောင့် မဟုတ်သနည်း။ [ပက စ. ၁၈၁ အပိုဒ် ၂]
၃။ ကျွန်ုပ်တို့သည် အခြားသူများအား ကျမ်းစာသမ္မာတရားဝေမျှသည့်အခါ “ခပ်သိမ်းသောသူတို့၌ ခပ်သိမ်းသောအရာဖြစ်” လာရန် အဘယ်လက်တွေ့ကျခြေလှမ်းများ လှမ်းနိုင်သနည်း။ (၁ ကော. ၉:၂၀-၂၃) [ပက စ. ၁၈၆ အပိုဒ် ၂-၄]
၄။ ကျွန်ုပ်တို့၏ဓမ္မအမှုတွင် အာရုံစိုက်နားထောင်ခြင်း၌ အဘယ်အရာ ပါဝင်ပတ်သက်သနည်း။ [ပက စ. ၁၈၇]
၅။ ကျွန်ုပ်တို့၏ဓမ္မအမှုတွင် တွေ့ဆုံသူတိုင်းကို ရိုသေလေးစားမှုပြရန် အဘယ်ကြောင့်အရေးကြီးသနည်း။ [ပက စ. ၁၉၀]
တာဝန်နံပါတ် ၁
၆။ သီအိုကရက်တစ်ညွှန်ကြားချက်ပေးသူများ၏ ပန်းတိုင်ကား အဘယ်နည်း၊ ဤပန်းတိုင်သို့ရောက်ရှိရန် အဘယ်အရာက ကျွန်ုပ်တို့ကို ကူညီပေးမည်နည်း။ (မ. ၅:၁၆; ယော. ၇:၁၆-၁၈) [ပက စ. ၅၆ အပိုဒ် ၃–စ. ၅၇ အပိုဒ် ၂]
၇။ သွန်သင်သည့်အခါ ကွဲပြားခြားနားမှုများကို အာရုံစိုက်ခြင်းက အဘယ်ကြောင့် အကျိုးရှိသနည်း၊ ယေရှုသည် ဤသွန်သင်နည်းကို မည်သို့ အသုံးချခဲ့သနည်း။ [ပက စ. ၅၇ အပိုဒ် ၃; စ. ၅၈ အပိုဒ် ၂]
၈။ ဖာရိရှဲတို့နှင့်ခြားနားလျက် ယေရှု၏သွန်သင်ခြင်းသည် လူတို့၏နှလုံးကို မည်သို့ထိမိခဲ့သနည်း။ [ပက စ. ၅၉ အပိုဒ် ၂-၃]
၉။ ကျွန်ုပ်တို့သွန်သင်ပေးသူများအား ဆုံးဖြတ်ချက်များမချပေးဘဲ သူတို့သင်ယူသိရှိရာကို လက်တွေ့ကျင့်သုံးရန် မည်သို့ကူညီပေးနိုင်သနည်း။ [ပက စ. ၆၀ အပိုဒ် ၁-၃]
၁၀။ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချရမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ အခြားသူများထံမှ မေးခွန်းများကို ကျွန်ုပ်တို့ မည်သို့တုံ့ပြန်သင့်သနည်း။ [ပက စ. ၆၉ အပိုဒ် ၄-၅]
ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း
၁၁။ မောရှေသည် “တဲတော်ပုံ၊ တဲတော်တန်ဆာပုံ” အတိုင်း အဘယ်ကြောင့် အနီးကပ်လိုက်ခဲ့ရသနည်း။ (ထွ. ၂၅:၉) [it-၂ စ. ၁၀၅၈ အပိုဒ် ၇]
၁၂။ ရွှေနွားရုပ်ဖြစ်ရပ်နှင့်ပတ်သက်၍ မောရှေအား အာရုန်၏တုံ့ပြန်ပုံမှ ကျွန်ုပ်တို့ အဘယ်အရာ သင်ယူသိရှိနိုင်သနည်း။ (ထွ. ၃၂:၂၄)
၁၃။ ဣသရေလလူမျိုးသည် ထွက်မြောက်ရာ ၃၄:၂၃၊ ၂၄ ပါယေဟောဝါ၏ပညတ်ကို နာခံခြင်းဖြင့် ယုံကြည်မှုတင်ပြရာမှ ကျွန်ုပ်တို့ အဘယ်အရာသင်ယူနိုင်သနည်း။
၁၄။ မိတ်သဟာယယဇ်၏ ရည်ရွယ်ချက်ကား အဘယ်နည်း။ (ဝတ်. ၃:၁)
၁၅။ ဝတ်ပြုရာ ၈:၂၃ မှတ်တမ်းပါ အာရုန်နှင့်စပ်လျဉ်းသည့် ခန့်အပ်ခြင်းလုပ်ထုံးလုပ်နည်းသည် ပုံဆောင်သဘောအရ ယေရှုနှင့် မည်သို့သက်ဆိုင်သနည်း။ [it-၂ စ. ၁၁၁၃ အပိုဒ် ၄; က၆၈ စ. ၃၉၉ အပိုဒ် ၂၄ [လိပ်]]