သီအိုကရက်တစ် ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းများကို ၂၀၀၃ ခုနှစ် ဩဂုတ် ၂၅ ရက်အပတ်တွင် သီအိုကရက်တစ် ဓမ္မအမှုကျောင်း၌ နှုတ်ဖြေသုံးသပ်မည်ဖြစ်သည်။ ကျောင်းကြီးကြပ်မှူးသည် ၂၀၀၃ ခုနှစ် ဇူလိုင် ၇ မှ ဩဂုတ် ၂၅ အပတ်များအထိ တာဝန်များတွင် သုံးသပ်ခဲ့ရာများအပေါ်အခြေပြု၍ မိနစ် ၃၀ ပြန်လည်သုံးသပ်မည်။ [သတိပြုရန်– မေးခွန်းနောက်တွင် ရည်ညွှန်းချက်များမပါလျှင် အဖြေများရရှိရန် သင်ကိုယ်တိုင် သုတေသနပြုလုပ်ဖို့လိုမည်။—ဓမ္မအမှုကျောင်း၊ စစ. ၃၆-၇ ရှု။]
စကားပြောအရည်အသွေးများ
၁။ ဓမ္မအမှုတွင်ပါဝင်စဉ် ကြည့်မြင်ဆက်သွယ်ခြင်းမှ အဘယ်အကျိုးကျေးဇူးများ ရရှိသနည်း။ [ပက စ. ၁၂၅ အပိုဒ် ၁-၂; စ. ၁၂၅ လေးထောင့်ကွက်]
၂။ ဓမ္မအမှုတွင် မပါဝင်မီ ကြောက်စိတ်ဝင်လာလျှင် အဘယ်အရာက ကူညီပေးနိုင်သနည်း။ [ပက စ. ၁၂၈ အပိုဒ် ၄-၅]
၃။ စင်မြင့်ပေါ်မှ ဟောပြောချက်ပေးသည့်အခါ သဘာဝကျကျ စကားလက်ဆုံပြောသည့်ပုံစံဖြင့်ဟောရန် အဘယ်အရာက သင့်အား ကူညီပေးမည်နည်း။ [ပက စ. ၁၂၉ အပိုဒ် ၂; စ. ၁၂၉ လေးထောင့်ကွက်]
၄။ ဝတ်ပြုရာ ၁၆:၄၊ ၂၄၊ ၂၆၊ ၂၈; ယောဟန် ၁၃:၁၀; နှင့် ဗျာဒိတ် ၁၉:၈ ပါမူများက ကျွန်ုပ်တို့၏ကိုယ်အသွင်အပြင်အပေါ် အဘယ်အကျိုးသက်ရောက်သင့်သနည်း၊ ယင်းသည် အဘယ်ကြောင့်အရေးကြီးသနည်း။ [ပက စ. ၁၃၁ အပိုဒ် ၃; စ. ၁၃၁ လေးထောင့်ကွက်]
၅။ ကျိုးနွံမှုနှင့် “သမ္မာသတိ” ရှိသူတစ်ဦးကို ဖော်ပြပါ။ (၁ တိ. ၂:၉၊ ၁၀၊ ကဘ) [ပက စ. ၁၃၂ အပိုဒ် ၁]
တာဝန်နံပါတ် ၁
၆။ ခရစ်ယာန်များသည် အချင်းချင်းတစ်ဦးကိုတစ်ဦး သည်းခံရမည်ဖြစ်သော်လည်း အဘယ်အရာကိုမူ သည်းမခံကြသနည်း။ (ကော. ၃:၁၃) [က၀၁ ၇/၁၅ စ. ၂၂ အပိုဒ် ၇-၈]
၇။ အမှား သို့မဟုတ် အမှန်– အစဉ်ပြကိန်းသည် အရေအတွက်အပြည့်ဖြစ်သည်။ ရှင်းပြပါ။ [ကမ-၀၃ (ကြားညှပ်) စ. ၅ အပိုဒ် ၂၄-၅]
၈။ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ကျွန်ုပ်တို့ဖတ်ရှုရသည့် အမှန်ကန်ဆုံးစေ့ဆော်မှုကား အဘယ်အရာနည်း၊ ထိုသို့သောစေ့ဆော်မှုရှိခြင်းသည် အဘယ်ကြောင့် အရေးကြီးသနည်း။ [ပက စ. ၂၄ အပိုဒ် ၁]
၉။ ပညာရှိသူတစ်ဦးသည် မည်သို့ ‘အသိပညာကို သိမ်းထား’ သနည်း။ (သု. ၁၀:၁၄) [က၀၁ ၇/၁၅ စ. ၂၇ အပိုဒ် ၄-၅]
၁၀။ ယောဘ၏အကျင့်ကောင်းများသည် အဘယ်ကြောင့် မှတ်သားထိုက်သနည်း။ (ယောဘ ၁:၁၊ ၈; ၂:၃) [က၀၁ ၈/၁ စ. ၂၀ အပိုဒ် ၄]
ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း
၁၁။ အုပ်ချုပ်ရေးအဖွဲ့ဝင်များက ယုံကြည်သူတစ်ပါးအမျိုးသားများသည် ကယ်တင်ခြင်းခံရရန် အရေဖျားလှီးဖို့မလိုကြောင်း မည်သို့ “တညီတညွတ်တည်းစီရင်” နိုင်ခဲ့ကြသနည်း။ (တ. ၁၅:၂၅၊ ၂၆)
၁၂။ မောရှေပညတ်ကို ယေဟောဝါပယ်ဖျက်ခဲ့ပြီဖြစ်ရာ ၎င်းပညတ်၏ ပြဋ္ဌာန်းချက်အချို့ကို ပေါလုလုပ်ဆောင်ရန် အုပ်ချုပ်ရေးအဖွဲ့က မည်သို့တောင်းဆိုနိုင်ခဲ့သနည်း။ (တ. ၂၁:၂၀-၂၆) [it-၁ စ. ၄၈၁ အပိုဒ် ၃; it-၂ စ. ၁၁၆၃ အပိုဒ် ၆–စ. ၁၁၆၄ အပိုဒ် ၁]
၁၃။ တမန်တော်ပေါလုအားစွပ်စွဲခဲ့သည့် အဘယ်မှားယွင်းသောစွပ်စွဲချက်များက ယေဟောဝါသက်သေများအကြောင်း များမကြာမီက ဝေဖန်ပြောဆိုခဲ့ရာများကို သတိရစေသနည်း။ (တ. ၂၄:၅၊ ၆) [က၀၁ ၁၂/၁၅ စ. ၂၂ အပိုဒ် ၇–စ. ၂၃ အပိုဒ် ၂]
၁၄။ ပေါလုသည် အိမ်တစ်အိမ်တွင် နှစ်နှစ်တာအကျယ်ချုပ်ခံနေရစဉ်ပင် နိုင်ငံတော်ကြွေးကြော်သူတစ်ဦးအဖြစ် မည်သို့ပုံသက်သေချမှတ်ခဲ့သနည်း။ (တ. ၂၈:၃၀၊ ၃၁)
၁၅။ “အထက်အာဏာပိုင်များ” သည် မည်သည့်နည်းဖြင့် “ဘုရားသခင့်အစီအစဉ်” ၏အစိတ်အပိုင်းဖြစ်ကြသနည်း၊ ယင်းက ခရစ်ယာန်များအပေါ် မည်သို့အကျိုးသက်ရောက်သင့်သနည်း။ (ရော. ၁၃:၁၊ ၂၊ ကဘ) [က၀၀ ၈/၁ စ. ၄ အပိုဒ် ၅]