သီအိုကရက်တစ် ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းများကို ၂၀၀၃ ခုနှစ် ဇွန် ၃၀ ရက်အပတ်တွင် သီအိုကရက်တစ် ဓမ္မအမှုကျောင်း၌ နှုတ်ဖြေသုံးသပ်မည်ဖြစ်သည်။ ကျောင်းကြီးကြပ်မှူးသည် ၂၀၀၃ ခုနှစ် မေ ၅ မှ ဇွန် ၃၀ အပတ်များအထိ တာဝန်များတွင် သုံးသပ်ခဲ့ရာများအပေါ်အခြေပြု၍ မိနစ် ၃၀ ပြန်လည်သုံးသပ်မည်။ [သတိပြုရန်– မေးခွန်းနောက်တွင် ရည်ညွှန်းချက်များမပါလျှင် အဖြေများရရှိရန် သင်ကိုယ်တိုင် သုတေသနပြုလုပ်ဖို့လိုမည်။—ဓမ္မအမှုကျောင်း၊ စစ. ၃၆-၇ ရှု။]
စကားပြောအရည်အသွေးများ
၁။ ဟောပြောချက်ပေးသည့်အခါ အသံပြောင်းလဲခြင်းသည် အဘယ်ကြောင့် အရေးကြီးသနည်း၊ ယင်းကို မည်သို့အောင်မြင်နိုင်သနည်း။ [ပက စ. ၁၁၁ လေးထောင့်ကွက်; စ. ၁၁၂ လေးထောင့်ကွက်]
၂။ ဟောပြောသူတစ်ဦးသည် မိမိပြောဆိုရာကိုယုံကြည်ပြီး ယေဟောဝါကိုချစ်လျှင်ပင် အဘယ်ကြောင့် စိတ်ထက်သန်မှုကင်းမဲ့နိုင်သနည်း။ [ပက စ. ၁၁၅ အပိုဒ် ၃-၄; စ. ၁၁၆ အပိုဒ် ၁]
၃။ ဟောပြောချက်တစ်ခုတွင် နွေးထွေးမှုနှင့် ခံစားမှုကိုဖော်ပြရန် ဟောပြောသူတစ်ဦးအား အဘယ်အရာက ကူညီပေးမည်နည်း၊ ယင်းသည် အဘယ်ကြောင့် အရေးကြီးသနည်း။ [ပက စ. ၁၁၉ အပိုဒ် ၁-၄]
၄။ ဟောပြောချက်တစ်ခုတွင်ဖော်ပြသည့် လျောက်ပတ်သောစိတ်ထက်သန်မှု၊ နွေးထွေးမှုနှင့် အခြားခံစားမှုတို့ကို အဘယ်အရာက ပိုင်းဖြတ်ပေးသနည်း။ [ပက စ. ၁၂၀ အပိုဒ် ၂-၅]
၅။ အမှား သို့မဟုတ် အမှန်– ပရိသတ်က သင့်ကိုကြည့်နေမှသာလျှင် ကိုယ်ဟန်အမူအရာနှင့် မျက်နှာနေမျက်နှာထားတို့သည် အရေးပါသည်။ ရှင်းပြပါ။ [ပက စ. ၁၂၁ အပိုဒ် ၃]
တာဝန်နံပါတ် ၁
၆။ ကလေးဘဝအခြေအနေ ဆိုးဝါးလင့်ကစား မှန်ကန်သောလမ်းစဉ်ကိုရွေးချယ်ရန် အဘယ်အရာက ယောရှိအား ကူညီပေးခဲ့သနည်း။ (၆ ရာ. ၃၄:၁၊ ၂) [က၀၁ ၄/၁၅ စ. ၂၇ အပိုဒ် ၁-၆; စ. ၂၈ အပိုဒ် ၄]
၇။ သုတ္တံ ၉:၇၊ ၈က ၏အဓိပ္ပာယ်ကား အဘယ်နည်း၊ ယင်းကို လယ်ကွင်းဓမ္မအမှုတွင် မည်သို့ကျင့်သုံးနိုင်သနည်း။ [က၀၁ ၅/၁၅ စ. ၂၉ အပိုဒ် ၄-၅]
၈။ ယေဟောဝါသည် ဣသရေလလူတို့အား ‘သင်တို့သည် မမေ့မလျော့ရ’ ဟုမိန့်တော်မူသောအခါ ကိုယ်တော် ဘာကိုဆိုလိုတော်မူသနည်း။ (တရား. ၄:၉; ၈:၁၁) [ပက စ. ၂၀ အပိုဒ် ၁-၃]
၉။ ဆာလံ ၃၂:၁၊ ၅ နှင့် ဆာလံ ၅၁:၁၀၊ ၁၅ ပါ ဒါဝိဒ်၏အရိုးခံစကားများက ကြီးလေးသောအပြစ်တစ်ခု ကျူးလွန်မိသော်လည်း နောင်တစစ်နောင်တမှန်ရသူတစ်ဦးသည် မိမိကိုယ်ကို တန်ဖိုးမရှိသူဖြစ်သည်ဟု ခံစားရဖို့မလိုကြောင်း မည်သို့ဖော်ပြသနည်း။ [က၀၁ ၆/၁ စ. ၃၀ အပိုဒ် ၁-၃]
၁၀။ ချို့တဲ့သူများကို ကြည့်ရှုစောင့်ရှောက်ခြင်းနှင့်ပတ်သက်၍ ၁ တိမောသေ ၅:၃-၁၆ တွင်ဖော်ပြထားသော ပေါလု၏မှာကြားချက်များမှ အဘယ်အရာသိရှိနိုင်သနည်း။ [က၀၁ ၆/၁၅ စ. ၁၁ အပိုဒ် ၁]
ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း
၁၁။ (က) ယောဟန် ၃:၃ တွင်မှတ်တမ်းတင်ထားသည့်အတိုင်း “ဒုတိယမွေးခြင်း” ဟူသောအသုံးအနှုန်းကို ယေရှုအသုံးပြုသောအခါ အဘယ်အရာကို ရည်ညွှန်းနေခြင်းဖြစ်သနည်း။ [က၉၅ ၇/၁ စစ. ၉-၁၀ အပိုဒ် ၄-၅]
၁၂။ ယေရှုသည် မိမိ၏ပညာရေးကို မည်သည့်နည်းဖြင့် အသုံးပြုခဲ့သနည်း၊ ၎င်းမှ အဘယ်အဖိုးတန်သင်ခန်းစာကို ကျွန်ုပ်တို့ရရှိနိုင်သနည်း။ (ယော. ၇:၁၅-၁၈) [က၉၆ ၂/၁ စစ. ၉-၁၀ အပိုဒ် ၄-၇]
၁၃။ ယောဟန် ၇:၅၃–၈:၁၁ သည် ကမ္ဘာသစ်ဘာသာပြန်ကျမ်း ၏အဓိကကျမ်းချက်တွင် အဘယ်ကြောင့်မပါသနည်း။
၁၄။ ယေရှုသည် မည်သို့ ကောင်းကင်သို့တက်ကြွသွားသည့် “နည်းတူ တစ်ဖန်ကြွလာ” ခဲ့သနည်း။ (တ. ၁:၁၁) [က၉၀ ၆/၁ စ. ၁၀ အပိုဒ် ၅]
၁၅။ တမန်တော် ၅:၁၃ တွင်ဖော်ပြထားသည့်အတိုင်း အဘယ်ကြောင့် “ကြွင်းသောသူတစ်စုံတစ်ယောက်မျှ [တပည့်တော်များနှင့်] မပေါင်းဖော်ဝံ့” ကြသနည်း။