ကြေညာချက်များ
◼ ဧပြီနှင့်မေ တွင်ဝေငှရန်စာပေ– ကင်းမျှော်စင် နှင့် နိုးလော့! နှစ်ခုစလုံးကိုဝေငှပါ။ သတိရအောက်မေ့ပွဲနှင့်/သို့မဟုတ် အခြားသီအိုကရက်တစ်အခါသမယများကို တက်ရောက်သော်လည်း အသင်းတော်နှင့် တက်ကြွစွာမပေါင်းသင်းသူများ ပါဝင်ကောင်းပါဝင်မည်ဖြစ်သည့် စိတ်ဝင်စားသူများထံ ပြန်လည်ပတ်မှုများပြုလုပ်သည့်အခါ စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကိုကိုးကွယ်လော့ စာအုပ်သစ်ကို ဝေငှရန်အာရုံစိုက်ပါ။ ကြိုးစားမှုတိုင်းသည် အိမ်တွင်းကျမ်းစာသင်အံမှုစတင်ရန် ဖြစ်သင့်သည်၊ အထူးသဖြင့် အချို့သူများသည် အသိပညာ စာအုပ်နှင့် တောင်းဆို ဘရိုရှာကို လေ့လာထားပြီးဖြစ်လျှင်ဖြစ်သည်။ ဇွန်– အသိပညာ စာအုပ် သို့မဟုတ် တောင်းဆို ဘရိုရှာကို ဝေငှပါ။ အိမ်ရှင်များတွင် ၎င်းစာပေများရှိနှင့်ပြီးဖြစ်လျှင် အသင်းတော်တွင်ရှိသည့် အခြားသင့်လျော်သော ဘရိုရှာတစ်ခုကိုဝေငှပါ။ ဇူလိုင်နှင့်သြဂုတ်– အောက်ပါ ၃၂-မျက်နှာရှိ မည်သည့်ဘရိုရှာကိုမဆို အသုံးပြုနိုင်သည်– ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင်ဂရုစိုက်တော်မူသလော၊ ကမ္ဘာသားဘဝထာဝရစံစားကြ! “ကြည့်ရှုလော့! ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်၊” သုံးပါးပေါင်းတစ်ဆူကို သင်ယုံကြည်သင့်သလော [လိပ်]၊ ထာဝစဉ်တည်တံ့သွားမည့် မြင့်မြတ်သောနာမတော်၊ ပရဒိသုဖြစ်ပေါ်စေမည့်ဘုရားသခင့်အစိုးရ၊ ကျွန်ုပ်တို့သေဆုံးသောအခါ မည်သို့ဖြစ်သွားသနည်း [လိပ်]၊ ဘဝရည်ရွယ်ချက်ကားအဘယ်နည်း—ယင်းကိုသင်မည်သို့ရှာတွေ့နိုင်သနည်း နှင့် သင်ချစ်ရသူတစ်ဦးကွယ်လွန်သည့်အခါ။
◼ အသင်းတော်အတွင်းရေးမှူးများသည် မှန်မှန်ရှေ့ဆောင်လုပ်ငန်းအတွက်လျှောက်လွှာ (S-205) နှင့် အရန်ရှေ့ဆောင်လုပ်ငန်းအတွက်လျှောက်လွှာ (S-205b) ပုံစံများအလုံအလောက်ရှိထားသင့်သည်။ ယင်းတို့ကို စာအုပ်စာတမ်းတောင်းခံလွှာပုံစံ (S-14) ဖြင့်မှာယူနိုင်သည်။ အနည်းဆုံးတစ်နှစ်စာရှိထားသင့်သည်။ မှန်မှန်ရှေ့ဆောင်အားလုံး လျှောက်လွှာပုံစံစာရွက်ကို ပြည့်ပြည့်စုံစုံဖြည့်စွက်မှုရှိမရှိ ပြန်စစ်ဆေးပါ။ လျှောက်ထားသူများသည် သူတို့နှစ်ခြင်းခံသည့်ရက်စွဲအတိအကျကို မမှတ်မိပါက ခန့်မှန်းခြေကိုထည့်ကာ ယင်းကို ရေးမှတ်ထားသင့်သည်။
◼ သင်၏ကိုယ်ပိုင်ခရီးသွားအစီအစဉ်များတွင် အခြားတိုင်းပြည်တစ်ခု၌ အသင်းတော်အစည်းအဝေးများ၊ စည်းဝေးပွဲ သို့မဟုတ် ခရိုင်စည်းဝေးကြီးတစ်ခု တက်ရောက်ခြင်းပါဝင်သည့်အခါတိုင်း ရက်စွဲ၊ အချိန်၊ တည်နေရာများနှင့်စပ်လျဉ်းသည့် အချက်အလက်များကို ထိုတိုင်းပြည်ရှိလုပ်ငန်းကိုကြီးကြပ်သည့် ဌာနခွဲရုံးသို့ စာရေးတောင်းခံရမည်။ ဌာနခွဲရုံးများ၏လိပ်စာကို နောက်ဆုံးထုတ် နှစ်ချုပ်စာအုပ် ၏ နောက်ဆုံးစာမျက်နှာတွင် ဖော်ပြထားသည်။