ကြေညာချက်များ
◼ မေ လတွင်ဝေငှရန်စာပေ– ကင်းမျှော်စင် နှင့် နိုးလော့! မဂ္ဂဇင်းများ။ ပြန်လည်ပတ်မှုများတွင် စိတ်ဝင်စားမှုတွေ့လျှင် ထိုသူအား မဂ္ဂဇင်းလမ်းကြောင်း၌ ပါဝင်စေပါ။ ကျမ်းစာသင်အံမှုများစရန်ရည်ရွယ်ချက်ဖြင့် တောင်းဆို ဘရိုရှာကိုဝေငှပါ။ ဇွန်– ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း သို့မဟုတ် ထာဝရအသက်ရစေသောအသိပညာ။ အိမ်ရှင်များတွင် ၎င်းစာပေများရှိပါက အသင်းတော်တွင်လက်ကျန်ရှိသည့် သင့်လျော်သောဘရိုရှာကိုဝေငှပါ။ ဇူလိုင်နှင့်သြဂုတ်– အောက်ပါ ၃၂-မျက်နှာရှိ မည်သည့်ဘရိုရှာကိုမဆို အသုံးပြုနိုင်သည်– ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင်ဂရုစိုက်တော်မူသလော၊ ကမ္ဘာသားဘဝထာဝရစံစားကြ! “ကြည့်ရှုလော့! ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်၊” သုံးပါးပေါင်းတစ်ဆူကို သင်ယုံကြည်သင့်သလော [လိပ်]၊ ထာဝစဉ်တည်တံ့သွားမည့် မြင့်မြတ်သောနာမတော်၊ ပရဒိသုဖြစ်ပေါ်စေမည့်ဘုရားသခင့်အစိုးရ၊ ကျွန်ုပ်တို့သေဆုံးသောအခါ မည်သို့ဖြစ်သွားသနည်း [လိပ်]၊ ဘဝရည်ရွယ်ချက်ကားအဘယ်နည်း—ယင်းကိုသင်မည်သို့ရှာတွေ့နိုင်သနည်း နှင့် သင်ချစ်ရသူတစ်ဦးကွယ်လွန်သည့်အခါ။ လူခပ်သိမ်းအတွက်စာအုပ်တစ်အုပ်၊ ကျွန်ုပ်တို့၏ပြဿနာများ—ယင်းတို့ကိုဖြေရှင်းရန် ကျွန်ုပ်တို့ကိုမည်သူကူညီမည်နည်း၊ လူသေတို့၏ဝိညာဉ်များ—သင့်ကိုကူညီနိုင်သလော၊ ဒုက္ခပေးနိုင်သလော၊ ယင်းတို့အမှန်တည်ရှိသလော [လိပ်] နှင့် စစ်မဲ့ကမ္ဘာတစ်နေ့နေ့ရှိနိုင်ပါမည်လော [လိပ်] ဘရိုရှာများကို သင့်လျော်သလိုဝေငှနိုင်သည်။
◼ ဦးစီးကြီးကြပ်မှူး သို့မဟုတ် သူတာဝန်ပေးထားသူသည် အသင်းတော်စာရင်းအင်းများကို ဇွန် ၁ ရက် သို့မဟုတ် စောနိုင်သရွေ့စောစော စာရင်းစစ်ဆေးသင့်သည်။ ယင်းကိုပြုလုပ်ပြီးလျှင် အသင်းတော်ကိုကြေညာပါ။
◼ ဒေသခံနိုင်ငံတော်ခန်းမအလှူငွေသေတ္တာများတွင် ကမ္ဘာချီလုပ်ငန်းနှင့် နိုင်ငံတော်ခန်းမရန်ပုံငွေအတွက် ချက်လက်မှတ်ဖြင့်ထည့်သည့် အလှူငွေများကို “ယေဟောဝါသက်သေများ” သို့ပေးသင့်သည်။ ခရိုင်စည်းဝေးကြီးများတွင် ချက်လက်မှတ်ဖြင့်ပေးသည့် အလှူငွေများနှင့် ဌာနခွဲရုံးသို့ပို့သည့်အလှူငွေများကို “ကင်းမျှော်စင်” သို့ပေးသင့်သည်။ ဌာနခွဲရုံးဘဏ္ဍာရေးလိပ်စာမှာ မြန်မာနိုင်ငံ ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်း၊ တ/ဆ ဘဏ္ဍာရေးမှူးရုံး၊ အမှတ် ၉၄-ခ၊ အင်းယားလမ်း၊ ရန်ကုန်၊ ၁၁၀၄၁ ဖြစ်ပါသည်။
◼ ရရှိနိုင်သောစာအုပ်စာတမ်းများ–
ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ်—မြန်မာ၊ ဟားခါး၊ တီးတိန်၊ ကချင်
လူငယ်များအမေး—တာသွားသည့်အဖြေ—အင်္ဂလိပ်၊ မြန်မာ၊ နပါလီ
အသက်—ဤတွင်မည်သို့ရောက်ရှိခဲ့သနည်း။ ဆင့်ကဲဖြစ်စဉ်အားဖြင့်လော၊ ဖန်ဆင်းခြင်းအားဖြင့်လော (အသေး)—အင်္ဂလိပ်
ယေဟောဝါအား ချီးမွမ်းကျူးဧခြင်း—အင်္ဂလိပ် (အသေး)၊ မြန်မာ
ဒံယေလ၏ပရောဖက်ပြုချက်ကိုဂရုပြုလော့!—အင်္ဂလိပ်၊ တယ်မီလ်၊ မြန်မာ
ဟေရှာယပရောဖက်ပြုချက်—လူခပ်သိမ်းအတွက်အလင်း ၁—အင်္ဂလိပ်
ဟေရှာယပရောဖက်ပြုချက်—လူခပ်သိမ်းအတွက်အလင်း ၂—အင်္ဂလိပ်
ကျမ်းစာဖြင့်ကျိုးကြောင်းဆင်ခြင်ခြင်း—အင်္ဂလိပ်၊ တယ်မီလ်
ထာဝရအသက်ရစေသောအသိပညာ—အင်္ဂလိပ်၊ မြန်မာ၊ တယ်မီလ်၊ ဟားခါး၊ လူရှိုင်း၊ အူရ်ဒူ၊ ဟင်ဒီ၊ တရုတ်
မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက်—အင်္ဂလိပ်၊ မြန်မာ၊ တယ်မီလ်
အသက်ရှင်ခဲ့သမျှတွင်အကြီးမြတ်ဆုံးလူသား—မြန်မာ၊ တရုတ်၊ အူရ်ဒူ
သင့်ကိုဂရုစိုက်တော်မူသော ဖန်ဆင်းရှင်တစ်ပါးရှိသလော—အင်္ဂလိပ်၊ တရုတ်
ကမ္ဘာသားဘဝထာဝရစံစားကြ!—အင်္ဂလိပ်၊ ပိုးကရင်၊ ရှမ်း၊ ကချင်၊ ဟားခါး၊ ဇိုတုန်း
ပရဒိသုဖြစ်ပေါ်စေမည့်ဘုရားသခင့်အစိုးရ—ကချင်၊ ဟားခါး
ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း—ကူကီး၊ တယ်မီလ်၊ ဟင်ဒီ၊ ဟားခါး၊ ကချင်၊ စကောကရင်၊ လားဟူ၊ လီဆူး
ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင်ဂရုစိုက်တော်မူသလော—အင်္ဂလိပ်၊ တယ်မီလ်၊ စကောကရင်
ယေဟောဝါသက်သေများ—သူတို့မည်သူများနည်း—အင်္ဂလိပ်
ကျေနပ်ရောင့်ရဲသောဘဝ—ယင်းကိုမည်သို့ရရှိနိုင်—အင်္ဂလိပ်
ကြည့်ရှုလော့! ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်—လားဟူ
“ကျမ်းစာတစ်ကျမ်းလုံး”—စစ်မှန်ပြီး အကျိုးပြု (bsi02-1-BU)— မြန်မာ
“ကျမ်းစာတစ်ကျမ်းလုံး”—စစ်မှန်ပြီး အကျိုးပြု (bsi02-2-BU)— မြန်မာ
ဘရိုရှာမျိုးစုံ—မြန်မာ
ဝေစာမျိုးစုံ—အင်္ဂလိပ်၊ မြန်မာ
ဝေစာနံပါတ် ၁၄၊ ၁၅—လားဟူ
◼ ရရှိနိုင်သောစီဒီဓာတ်ပြား–
အသင်းတော်သုံးရန်အတွက် တစ်စုံပါဓာတ်ပြား ၈ ခု (၂၂၅ ပုဒ်) (cdsb)—အင်္ဂလိပ်