ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၈/၀၀ စာ. ၁
  • သင်သည် ခံနိုင်ရည်ရှိသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်သည် ခံနိုင်ရည်ရှိသလော
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • ခံနိုင်ရည် ရှိသူ ယေရှုအကြောင်း “အသေအချာ စဉ်းစားကြည့်ပါ”
    “ကျွန်တော့်နောက်လိုက် လုပ်ပါ”
  • ခံနိုင်ရည်—ခရစ်ယာန်များအတွက် အရေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • “ခံနိုင်ရည်သည် မိမိ၏အလုပ်ကို ပြီးမြောက်အောင် လုပ်ဆောင်ပါစေ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • ယေဟောဝါရဲ့ အဖွဲ့အစည်းနဲ့ အနီးကပ်နေပါ
    ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၀
နဓ ၈/၀၀ စာ. ၁

သင်သည် ခံနိုင်ရည်ရှိသလော

၁ “ငါ၏သားသမီးတို့သည် သမ္မာတရား၌ကျင်လည် [“ဆက်၍လျှောက်လှမ်းနေ၊” ကဘ] သည်ကို . . . ဝမ်းမြောက်ခြင်းထက် သာ၍ဝမ်းမြောက်ခြင်းမရှိ။” (၃ ယော. ၄) ယောဟန်၏ဝိညာဏသားသမီးများ၏ခံနိုင်ရည်သည် သူ့အား အလွန်ရွှင်လန်းစေခဲ့သည်။ ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်သည် မိမိ၏သားသမီးများဖြစ်လာဖို့အလားအလာရှိသူ သန်းပေါင်းများစွာသောသူတို့ “သမ္မာတရား၌ ဆက်၍လျှောက်လှမ်းနေ” သည်ကို တွေ့ မြင်သည့်အခါ မည်မျှဝမ်းမြောက်လိုက်မည်ဖြစ်ခြင်း!—သု. ၂၃:၁၅၊ ၁၆; ၂၇:၁၁။

၂ ဘုရားသခင့်လူမျိုးတော်တစ်ရပ်လုံးအနေနှင့် ခရစ်ယာန်လုပ်ဆောင်မှုတွင် ဇွဲနပဲဖြင့် စွဲစွဲမြဲမြဲပါဝင်နေသော်လည်း အချို့တို့သည် တဖြည်းဖြည်းအရှိန်နှေးကွေးလာသည်။ ဤသူများသည် သမ္မာတရားလေ့လာခါစက တက်တက်ကြွကြွရှိခဲ့ကြမည်ဖြစ်သော်လည်း နှစ်များကုန်လွန်လာသည့်အခါ တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် အနည်းငယ်သာ သို့မဟုတ် တစ်ခါတစ်ရံသာပါဝင်သည့်ပုံစံမျိုးဖြစ်လာသည်။

၃ ကာယရေးအကန့်အသတ်ရှိမှုများနှင့် ဇရာထောင်းခြင်း၏ထိခိုက်မှုများကြောင့် အချို့သူတို့အရှိန်နှေးကွေးလာသည်ကို နားလည်နိုင်ပါသည်။ သို့သော် သူတို့၏ခံနိုင်ရည်ရှိမှုအတွက် သူတို့ကိုချီးမွမ်းထိုက်သည်။ သူတို့သည် တတ်နိုင်သမျှလုပ်ဆောင်နေသည်။ သို့သော် မိမိ၏အသက်တာကို ဘုရားသခင်ထံဆက်ကပ်အပ်နှံထားသူတစ်ဦးစီသည် မိမိကိုယ်ကိုဤသို့မေးသင့်သည်– ‘ငါ့ရဲ့အသက်တာမှာ နိုင်ငံတော်ရေးရာတွေကို နေရာအနည်းငယ်သာပေးပြီး ကိုယ်ရေးကိုယ်တာလိုက်စားမှုတွေအပေါ် များများအာရုံစိုက်ဖို့ ငါ့ကိုယ်ငါခွင့်ပြုထားသလား။ ငါဟာ အနည်းငယ် “နွေးရုံ” သာရှိနေသလား ဒါမှမဟုတ် “အားသွန်ခွန်စိုက်” ကြိုးစားနေသလား။’ (ဗျာ. ၃:၁၅၊ ၁၆; လု. ၁၃:၂၄၊ ကဘ) “ကောင်းသောအကျင့်ကိုကျင့်သောသူရှိသမျှတို့သည် ဘုန်းအသရေချမ်းသာကို ခံစားရ” မည်ဟု ယေဟောဝါကတိပေးထားသည်ကို စိတ်ထဲစွဲမှတ်ထားကာ မိမိတို့လုပ်ဆောင်နေသည့်အရာနှင့် လိုအပ်သလိုတိုးတက်ရမည့်အရာများကို ကျွန်ုပ်တို့အားလုံး ဆုတောင်းသုံးသပ်ကြစို့။—ရော. ၂:၁၀။

၄ ခံနိုင်ရည်ရှိနိုင်ပုံ– ခံနိုင်ရည်ရှိရန် ယေရှုကို မည်သည့်အရာကကူညီပေးသနည်း။ ပေါလုက ဤသို့ရှင်းပြသည်– “ထိုသခင်သည် မိမိရှေ့၌ထားသောဝမ်းမြောက်ခြင်းအကြောင်းကြောင့် ရှက်ကြောက်သောအရာကိုမမှတ်ဘဲ လက်ဝါးကပ်တိုင်၌ခံပြီးမှ၊ ဘုရားသခင်၏ပလ္လင်တော်လက်ယာဘက်၌ ထိုင်နေတော်မူ၏။” (ဟေဗြဲ ၁၂:၁-၃) ယေရှုရှေ့၌ထားသောဝမ်းမြောက်ခြင်းသည် ကိုယ်တော်ရင်ဆိုင်ခဲ့ရသည့် ယာယီစုံစမ်းမှုများထက် ပိုအလေးသာခဲ့သည်။ ကျွန်ုပ်တို့ရှေ့၌ထားသောဝမ်းမြောက်ခြင်းသည်လည်း ခံနိုင်ရည်ရှိရန်ကူညီပေးနိုင်ကြောင်း စိတ်ထဲစွဲမှတ်ထားပါ။ (ဗျာ. ၂၁:၄၊ ၇; ၂၂:၁၂) ကိုယ်ပိုင်လေ့လာမှု၊ အစည်းအဝေးမှန်မှန်တက်ခြင်းနှင့် စွဲစွဲမြဲမြဲဆုတောင်းခြင်းအားဖြင့် ခွန်အားရဖို့ ယေဟောဝါထံ ကျွန်ုပ်တို့မျှော်ကိုးကြမည်ဆိုလျှင် လုပ်ဆောင်ရန် ကိုယ်တော်ပေးအပ်ထားသည့်လုပ်ငန်းတွင် ကျွန်ုပ်တို့စွဲစွဲမြဲမြဲလုပ်ဆောင်နိုင်မည်ဖြစ်သည်။

၅ ယေဟောဝါသည် မိမိ၏သစ္စာစောင့်သိသူများ ခံနိုင်ရည်ရှိမှုအတွက် ဝမ်းမြောက်တော်မူ၏။ ထို့ကြောင့် ဆက်လက်၍ “သမ္မာတရား၌လျှောက်လှမ်းနေ” ခြင်းဖြင့် ကိုယ်တော်ကိုပို၍ပျော်ရွှင်စေကြစို့။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ