သမ္မာတရားကိုသိပြီး ရွှင်လန်းနိုင်ကြရန် သူတစ်ပါးကို ကူညီပေး
၁ ကျွန်ုပ်တို့၏ဘုရားသခင်ယေဟောဝါသည် ကြီးမြတ်သော ညွှန်ကြားပေးရှင်ဖြစ်တော်မူ၏။ (ဟေရှာ. ၃၀:၂၀) ကိုယ်တော်သည် ကျွန်ုပ်တို့ကို သမ္မာတရားသွန်သင်ပေးတော်မူသည်။ ဘုရားသခင်နည်းတူ ကျွန်ုပ်တို့သည်လည်း ကိုယ်ကျိုးစွန့်ပြီး သမ္မာကျမ်းစာသြဝါဒမှ သူတစ်ပါးအကျိုးခံစားရစေရန် သွန်သင်ပေးသင့်သည်။ (ဟေရှာ. ၄၈:၁၇) ဒီဇင်ဘာလအတွင်း ထာဝစဉ်အသက်ရှင် စာအုပ်ကို ပြန်အသုံးပြုပြီး ထိုသို့ပြုကြမည်။ ဤစာအုပ်မရှိလျှင် မိသားစုစာအုပ်ကို အသုံးပြုပါ။ ဤစာအုပ်များ၏ လက်တွေ့ကျင့်သုံးနိုင်သောတန်ဖိုးကို အိမ်ရှင်တို့အား တင်ပြနိုင်သည့် နည်းအမျိုးမျိုးရှိသည်။ ဖြစ်နိုင်မည်ဆိုလျှင် ဤစာအုပ်နှစ်အုပ်စလုံးကို ကြိုးစားဝေငှပါ။
၂ ယနေ့ ကမ္ဘာပေါ်ပြဿနာအလွန်များသောကြောင့် ဆိုးသွမ်းမိုက်မဲမှုကို ဘုရားသခင် အဘယ်ကြောင့်ခွင့်ပြုထားရကြောင်း သိလိုသူများစွာရှိ၍ ယင်းကိုသိနားလည်စေရန် ထာဝစဉ်အသက်ရှင်စာအုပ်ကို ဤသို့တင်ပြနိုင်ပေသည်–
▪ “ဆိုးသွမ်းမိုက်မဲမှုကို ဘုရားသခင် ဘာကြောင့်ခွင့်ပြုရသလဲဆိုတာကို လူအတော်များများ သိချင်ကြတယ်။ ခင်ဗျားကော သိချင်သလား။ ဟုတ်တယ်၊ ဆိုးသွမ်းမိုက်မဲမှုကို ယနေ့ထိ ကိုယ်တော်ဘာကြောင့် ခွင့်ပြုထားရသလဲ။ ခင်ဗျား ဘယ်လိုထင်သလဲ။ (ဖြေဆိုပါစေ။) ဒီစာအုပ်ထဲမှာ အဖြေတွေ့ပါလိမ့်မယ်။” (စာမျက်နှာ ၁၀၀ သို့ဖွင့်၍ အပိုဒ် ၄ ကိုဖတ်) ဒီနောက်ဆုံးမေးခွန်းကို ဒီအခန်းထဲမှာ ဒီလိုဖြေဆိုထားပါတယ်။ (အပိုဒ် ၅ ၏ပထမဝါကျနှစ်ခုကိုဖတ်ပါ။) အဲ့ဒီအကြောင်းနဲ့၊ ဒါမှမဟုတ် တခြားအရေးကြီးတဲ့အကြောင်းတွေ (စာမျက်နှာ ၅ နှင့် ၆ ပါမာတိကာကိုပြ) ကို ခင်ဗျားစိတ်ဝင်စားမယ်ဆိုရင် ဒီစာအုပ်နဲ့အတူ ဒီ (မိသားစုစာအုပ်) စာအုပ်ကို ကျပ် ၁၀၀ နဲ့ယူထားနိုင်ပါတယ်။” (နှစ်အုပ်စလုံးမယူနိုင်လျှင် တစ်အုပ်တည်းယူဖို့ ကြိုးစားဝေငှကြည့်ပါ။)
၃ သားသမီးများကိုလေ့ကျင့်ပေးရန် မိဘများသည် အချိန်ကို တန်ဖိုးရှိရှိအသုံးပြုရာတွင် “ထာဝစဉ်အသက်ရှင်” စာအုပ်ကိုအသုံးပြုပြီး ဤသို့ပြောနိုင်ပေသည်–
▪ “မိဘတွေဟာ သားသမီးတွေရဲ့အကျိုးကိုလိုလားကြတာချည်းပဲ။ လုံခြုံတဲ့အနာဂတ်ကို သားသမီးတွေရဖို့ မိဘတွေကူညီပေးနိုင်တဲ့ အကောင်းဆုံးနည်းက ဘာဖြစ်တယ်လို့ထင်သလဲ။ (ဖြေဆိုပါစေ။) သမ္မာကျမ်းစာထဲမှာ မိဘအားလုံးကို ဒီလိုအကြံပေးထားတယ်။ (သု. ၂၂:၆ ဖတ်။) သားသမီးတွေဟာ ကျောင်းမှာပညာသင်ကြပေမဲ့ သူတို့အတွက် အကျိုးအရှိဆုံးလေ့ကျင့်မှုကတော့ အိမ်မှာမိဘတွေပေးတဲ့သွန်သင်မှုပဲ။ အဲ့ဒီအတွက် အချိန်ပေးဖို့ရယ်၊ ဂရုစိုက်လေ့ကျင့်ပေးဖို့ရယ် မေတ္တာစစ်ပါပေးဖို့လိုတယ်။” စာမျက်နှာ ၂၄၅ သို့ဖွင့်ပြီး အပိုဒ် ၂၀ နှင့် ၂၁ ကိုဆွေးနွေးပါ။ သမ္မာကျမ်းစာကိုလေ့လာဖို့ရန် ဤစာအုပ်ကိုအခြေခံအဖြစ် မည်သို့အသုံးပြုနိုင်ကြောင်း တင်ပြပါ။ ယင်းကို ၆၀ ကျပ် ဖြင့်ဝေပါ။
၄ “သင်၏မိသားစုဘဝကို ပျော်ရွှင်စေခြင်း” စာအုပ်သည် မိသားစုတစ်စုလုံးကို မည်သို့အကူအညီပေးနိုင်ကြောင်း ပြသခြင်းအားဖြင့် ယင်းစာအုပ်ကို သင်ဝေငှလိုပေမည်–
▪ “ကျွန်တော်တွေ့ဆုံ စကားပြောခဲ့တဲ့လူအများဟာ အိမ်ထောင်ရေးမသာယာမှုကြောင့်နဲ့ သားသမီးတွေ စကားနားမထောင်မှု များလာတဲ့အတွက် စိုးရိမ်နေကြတယ်။ ခင်ဗျားကော ဒီကိစ္စကို ဘယ်လိုထင်သလဲ။ (ဖြေဆိုပါစေ။) လူအများက အကြောင်းရင်းကို မသိကြဘူး။ တကယ်ကြိုးစားကြမယ်ဆိုရင် ဇနီးမောင်နှံတို့ဟာ အိမ်ထောင်မကွဲ၊ မိဘတွေကလည်း သားမိုက်သမီးမိုက်တွေ မရတာမကဘူး စစ်မှန်တဲ့ပျော်ရွှင်မှုကိုလည်း ရနိုင်ကြလိမ့်မယ်။ သော့ချက်ကတော့ ကျမ်းစာထဲမှာပါတဲ့ ဩဝါဒကိုလိုက်နာခြင်းပဲဖြစ်ပါတယ်။” ဧဖက် ၅:၂၈၊ ၂၉၊ ၃၃ နှင့် ၆:၁-၄ ကိုဖတ်ပါ။ စာအုပ်ပါအကြောင်းများကိုပြပြီး အခန်း ၃ မှ ၁၀ ၏ခေါင်းစဉ်များကိုဖတ်ပြ၍ စာအုပ်ကို ၄၀ ကျပ် ဖြင့်ဝေငှပါ။
၅ သင့်တင်ဆက်ပုံကို ကြိုတင်ပြင်ဆင်ခြင်းက အိမ်ပေါက်ဝတွင် အောင်မြင်မှုတွေ့ရှိခြင်း၏သော့ချက်ဖြစ်သည်။ တံခါးမခေါက်မီ ကျမ်းစာမှအချက်တစ်ချက်အကြောင်း အတိအကျပြောဆိုစရာရှိနေပါစေ။ ဤနိုင်ငံတော်ဓမ္မအမှုစာစောင်ကို သင်၏အမှုဆောင်အိတ်ထဲထည့်ထားပြီး လယ်ကွင်းလုပ်ငန်းအတွက် စည်းဝေးချိန်တွင် တင်ပြထားသောအချက်အလက်များကို ပြန်စစ်ဆေးကြည့်နိုင်သည်။ သို့မဟုတ် တစ်အိမ်မှတစ်အိမ်သက်သေခံစဉ် နောက်တစ်အိမ်သို့မရောက်မီ ပြန်ကြည့်လိုပေမည်။ အခွင့်အရေးရတိုင်း သမ္မာတရားကိုသွန်သင်ပေးနိုင်ရန် ကြိုးစားပါ။ ကျွန်ုပ်တို့၏ဓမ္မအမှုတွင် အကူအညီပေးပါရန် ကြီးမြတ်သောညွှန်ကြားပေးရှင် ယေဟောဝါဘုရားသခင်ထံအမြဲဆုတောင်းပါ။—ဟေရှာ. ၃၀:၂၁။