ကျမ်းစာရှိသမျှသည် သွန်သင်ခြင်းကျေးဇူးကိုပြုတတ်၏
၁ ကျမ်းစာ၏တန်ဖိုးနှင့်ပတ်သက်၍ ကွဲပြားခြားနားသောယူဆချက် မြောက်မြားစွာရှိသည်။ သို့ရာတွင် ကျွန်ုပ်တို့၏ဘဝလမ်းစဉ်အတွက် စိတ်ချယုံကြည်လောက်သော လမ်းပြမှုနှင့်တကွ စိတ်ရှုပ်စရာ လူ့အခက်အခဲပြဿနာများအတွက် အဖြေကို ကျမ်းစာတွင်တွေ့ရှိမည်ဟု စိတ်ချနိုင်သည်။ (သု. ၃:၅၊ ၆) ၎င်းသြဝါဒစကားများ၏ ဉာဏ်ပညာသည် ပြိုင်ဘက်ကင်းသည်။ ကျမ်းစာထောက်ခံသည့် စာရိတ္တစံနှုန်းများထက် သာလွန်သည့်စံများ လုံးဝမရှိပါ။ ယင်း၏သတင်းတရားသည် တန်ခိုးပါပြီး “စိတ်နှလုံးအကြံအစည်များကိုလည်း သိမြင်တတ်၏။” (ဟေဗြဲ ၄:၁၂) ဤစာအုပ်ကို စင်ပေါ်မှယူကာ အသေအချာစစ်ဆေးလေ့လာကြည့်ကြဖို့လိုကြောင်း သူတစ်ပါးအား မည်သို့သိရှိနားလည်စေနိုင်မည်နည်း။ နိုဝင်ဘာလအတွင်း မိသားစုဘဝ စာအုပ်ကို ဝေငှကြရာတွင် အောက်ပါအကြံပြုချက်အချို့ကို အသုံးပြုလိုကြပေမည်။
၂ လူအများသည် သူတို့၏သားသမီးအတွက် စိုးရိမ်တတ်ကြသောကြောင့် သူတို့အာရုံကိုဆွဲနိုင်ရန် ဤချဉ်းကပ်နည်းကို အသုံးပြုလိုပေမည်–
▪ “အခုတစ်လော ကျွန်တော်စကားပြောခွင့်ရတဲ့လူတိုင်းဟာ သူတို့သားသမီးရဲ့နောင်ရေးအတွက် ပူပင်ကြတယ်။ ကလေးတွေကြီးလာရင် ဘယ်လိုပုံစံဖြစ်လာကြမလဲလို့ တွေးကြတယ်။ ကလေးအတော်များများ ဘာကြောင့်ပျက်စီးမြန်ကြရတာလဲဆိုတာကို နားမလည်နိုင်တဲ့လူ အတော်များတယ်။ ဘာကြောင့်လို့ ခင်ဗျားထင်သလဲ။ [တုံ့ ပြန်ခွင့်ပြုပါ။] ကျမ်းစာက ကြိုတင်ပြီး ဒီလိုပြောထားတယ်။” ၂ တိမောသေ ၃:၁-၅ ကိုဖတ်ပါ။ ထို့နောက် ဤသို့မေးပါ– “ကျွန်တော်တို့ကလေးတွေကို ကူညီပေးနိုင်မည့်နည်းလမ်း မရှိဘူးလား။ အခန်းငယ် ၅ က ‘အဲ့ဒီလူတွေကိုရှောင်ပါ’ လို့ပြောထားတာ သတိပြုပါ။ ဒီ သင့်မိသားစုဘဝကို ရွှင်လန်းစေခြင်းစာအုပ်က အကူအညီပေးပါလိမ့်မယ်။” မာတိကာကိုပြပြီး စာအုပ်ကို ၃၀ ကျပ် ဖြင့်ဝေငှပါ။
၃ ဤအကြံပြုချက်ကိုလည်း သင်သုံးသပ်လိုပေမည်–
▪ “အခုတစ်လော ကျွန်တော်စကားပြောခွင့်ရတဲ့ မိသားစုတိုင်းဟာ သူတို့မိသားစုထဲမှာ အေးအေးဆေးဆေးနဲ့ လုံလုံခြုံခြုံရှိဖို့ တမ်းတတဲ့လူချည်းပဲတွေ့ရတယ်။ အဲ့ဒီလိုအခြေအနေမျိုး အတော်အသင့်ရှိတဲ့ မိသားစုအချို့ရှိပေမဲ့ အများက အဲ့ဒီလိုမဟုတ်ကြဘူး။ ခင်ဗျားမိသားစုဟာ အေးဆေးငြိမ်သက်တဲ့မိသားစုဖြစ်တယ်ဆိုရင် ချီးကျူးစရာကောင်းပါတယ်။ ဒါပေမဲ့ ဒီလိုအခြေအနေမျိုးကို ဘယ်လိုဆက်ထိန်းထားနိုင်မလဲလို့ သိချင်နေမှာပါ။ ကလေးတွေ ကြီးလာတဲ့အခါ၊ ဒါမှမဟုတ် သူတို့အိမ်ထောင်နဲ့သူတို့ ဖြစ်လာတဲ့အခါ အခုလိုငြိမ်သက်မှုမျိုးကို သူတို့ဆက်ထိန်းထားတတ်မလား။ ကျွန်တော် ဒီစာအုပ် (မိသားစုဘဝ ပြပါ) ကိုယူလာတယ်။ အဲ့ဒီလိုလုပ်နိုင်ရအောင် သူတို့ကို အကူအညီပေးမဲ့စာအုပ်ဖြစ်တယ်။ ကလေးတွေကို လက်ဆောင်အမျိုးမျိုးပေးခဲ့ဖူးမှာပါ။ ဒီစာအုပ်ဟာ သူတို့အတွက် အကောင်းဆုံးလက်ဆောင်တစ်ခုဖြစ်မယ်။ ဘာကြောင့်လဲဆိုတော့ အခုရော၊ နောင်ရော သူတို့အတွက် အထောက်အကူပေးမဲ့စာအုပ်ဖြစ်လို့ပါ။ ၃၀ ကျပ် နဲ့ပဲယူထားနိုင်တယ်။
၄ သင့်ရပ်ကွက်တွင် လူငယ်များကိုတွေ့ဆုံမည်ဆိုလျှင် ဤချဉ်းကပ်နည်းကို အသုံးပြုလိုမည်–
▪ “ကျွန်တော်စကားပြောခွင့်ရတဲ့ လူငယ်အများ၊ အားလုံးလိုလိုပဲ ဘဝပန်းတိုင်တွေ ရှိကြတယ်။ ခင်ဗျားရဲ့ပန်းတိုင်ကော။” [တုံ့ ပြန်ရန် အချိန်ပေးပါ။] မိသားစုဘဝ စာအုပ်ကိုပြပြီး မာတိကာကို ဖတ်စေပါ။ သူတို့စိတ်ဝင်စားရာအပေါ်မူတည်ပြီး သင့်တော်သည့်အခန်းသို့ဖွင့်၍ ထိုအချက်ကိုဆွေးနွေးပါ။ ထို့နောက် စာအုပ်ကိုဝေငှပါ။
၅ ကျွန်ုပ်တို့၏ကြီးမြတ်တော်မူသောသွန်သင်သူသည် ကိုယ်တော်၏အလိုတော်ကို သိလိုသူများအား သိစေနိုင်သည့်အခွင့်အလမ်းကို ပေးကမ်းထားတော်မူပြီ။ ကျမ်းစာ၏ စစ်မှန်သောတန်ဖိုးကို သဘောပေါက်နားလည်စေခြင်းသည် သူတို့ကိုအကူအညီပေးနိုင်သည့် အကောင်းဆုံးနည်းဖြစ်သည်။ သူတို့အား မိသားစုဘဝစာအုပ်ကို ဝေငှပါ; ယင်းသည် သူတို့ကို ကယ်တင်နိုင်မည်။—သု. ၁:၃၂၊ ၃၃။