မိသားစုတွင် ပြဿနာများရှိသူတို့အား ကူညီပေး
၁ ဤခေတ်သမယတွင် မိသားစုအားလုံး၌ ပြဿနာအမျိုးမျိုးရှိနေကြောင်း လူအများသိဖြစ်သည်။ အချို့မိသားစုများသည် အိမ်တွင်းပြဿနာများရှိသည်။ မိဘနှင့်သားသမီးများသည် အချင်းချင်း အသင့်အတင့်မရှိကြပါ။ သို့မဟုတ် လင်နှင့်မယား မသင့်တင့်နိုင်ချေ။ လင်သားများ သို့မဟုတ် ဖခင်များသည် ကိုယ်ကိုကိုယ်ချစ်သောသူများ၊ သားသမီးများသည် မိဘကို မရိုသေသောသူများ ဖြစ်နေတတ်ကြသည်။ အချို့မိသားစုထဲတွင် ပကတိကြင်နာစုံမက်ခြင်းမရှိပါ။ ကျွန်ုပ်တို့၏လူမျိုးဆက်တွင် ဤကဲ့သို့သောပြဿနာများ အဘယ်ကြောင့်ရှိနေရသနည်း။ အကြောင်းမူကား ကျွန်ုပ်တို့သည် ခဲယဉ်းသောနောက်ဆုံးကာလတွင် အသက်ရှင်နေကြသောကြောင့်ဖြစ်သည်။
၂ ဤကဲ့သို့သောမိသားစုများကို ကျွန်ုပ်တို့အဘယ်နည်းဖြင့် အကူအညီပေးနိုင်မည်နည်း။ သူတို့သာ ခွင့်ပြုမည်ဆိုလျှင် ယင်းပြဿနာအားလုံးကို ဘုရားသခင်၏နှုတ်ကပါဌ်တော်က ဖြေရှင်းပေးနိုင်ပါသည်။ ယင်းကြောင့် သူတို့၏အိမ်သို့ ဘုရားသခင်၏နှုတ်ကပါဌ်တော်ကို ယူသွားကာ ယင်းကိုနားလည်ရန် အကူအညီပေးသင့်သည်။ ယင်းကိုလက်ခံရန် လွယ်ကူစေဖို့ ကျွန်ုပ်တို့တွင် သင့်မိသားစုဘဝကိုရွှင်လန်းစေခြင်း စာအုပ်ရှိသည်။ ဤလအတွင်း မိသားစုများထံသို့သွား၍ ဤကောင်းမွန်သောစာအုပ်ကို သူတို့အားဝေငှရန် ကြိုးစားပါမည်။ စာအုပ်ယူထားသူများထံ၊ သို့မဟုတ် စာအုပ်မယူသည့်တိုင်အောင် ယင်းအကြောင်းကို စိတ်ဝင်စားပုံတင်ပြခဲ့လျှင် သူတို့ထံပြန်လည်ပတ်သွားရန် မပျက်ကွက်ပါနှင့်။
၃ စာအုပ်လက်ခံယူထားသူအား သင်ဤသို့စတင်ပြောဆိုလိုပေမည်–
◼ “မိသားစုအများမှာ မိဘနဲ့သားသမီးဆက်ဆံရေးဟာ ပျက်စီးမယ့်ကိန်းဆိုက်နေတယ်ဆိုတာ သဘောတူမှာပါ။ ဒီလိုဘာကြောင့်ဖြစ်ရတယ်လို့ ထင်သလဲ။ [ဖြေဆိုပါစေ။] ယူထားတဲ့ မိသားစု စာအုပ်က အဲ့ဒီအကြောင်းရင်းကို ရှင်းပြတယ်။” [စာအုပ်တောင်း၍ စာမျက်နှာ ၁၈၆ သို့ဖွင့်ပြီး အပိုဒ် ၁၁ ကိုဖတ်ပါ။] ထိုနောက် မိသားစုနှင့် မှန်မှန်ကျမ်းစာဆွေးနွေးဖို့အတွက် အကြံပေးပါ။
၄ ယင်းအကြောင်းကို စိတ်ဝင်စားသော်လည်း စာအုပ်မယူသူထံ ပြန်လည်ပတ်သွားမည်ဆိုလျှင် ဤချဉ်းကပ်နည်းကို သင်အသုံးပြုလိုပေမည်–
◼ “ပြီးခဲ့တဲ့အပတ်က ကောင်းကောင်းမွန်မွန်ပဲ ဆွေးနွေးခဲ့ကြတယ်။ လူအတော်များများက ပျော်ရွှင်တဲ့မိသားစုအကြောင်းကို စိတ်ဝင်စားကြတယ်လို့ သတိပြုမိတယ်။ တချို့အိမ်ထောင်တွေဟာ ဘာကြောင့်တကယ်ပျော်ရွှင်ပြီး စည်းလုံးရသလဲ။ [ဖြေဆိုပါစေ။] အဲ့ဒါကတော့ သူတို့ဘဝကို ပုံသွင်းပေးဖို့ ဘုရားသခင်ရဲ့နှုတ်ကပါဌ်တော်ကို ခွင့်ပြုလို့ပဲ။ ဒီစာအုပ် စာမျက်နှာ ၁၈၅၊ အပိုဒ် ၁၀ မှာ ဒီလိုဆိုတယ်– [ဖတ်]။” အခမဲ့ကျမ်းစာသင်အံမှုကို ကမ်းလှမ်းနိုင်သည်။ ထိုနောက် အပိုဒ် ၁၄ ကိုဖတ်ပါ။ အဘယ်အချိန်တွင် သူတို့အားမည့်အကြောင်း မေးမြန်းပါ။
၅ ကျွန်ုပ်တို့သည် သင့်မိသားစုဘဝကိုရွှင်လန်းစေခြင်း စာအုပ်ကို အသုံးပြုကာ သူတို့၏မိသားစုဘဝကို ပျော်ရွှင်သာယာစေခြင်းအားဖြင့် အခြားသူများအတွက် ကောင်းချီးဖြစ်နိုင်သည်။ ဤစာအုပ်ကို အမှုဆောင်ထွက်ချိန်၌သာမက ကျောင်းသွားသည့်အခါ၊ အလုပ်သွားသည့်အခါ၊ သို့မဟုတ် မိတ်ဆွေများထံ အလည်အပတ်သွားသည့်အခါ အမြဲသယ်ဆောင်ထားပါဟု ကျွန်ုပ်တို့အလေးအနက်အကြံပြုလိုပါသည်။