မာတိကာ
အောက်တိုဘာ ၂၉၊ ၂၀၁၈–နိုဝင်ဘာ ၄၊ ၂၀၁၈ ရက်အပတ်
၃ “သိတဲ့အတိုင်း လုပ်မယ်ဆိုရင် ပျော်ရွှင်ချမ်းမြေ့ရလိမ့်မယ်”
အသိပညာကို မသုံးဘဲ ထားရင် ဘာမှ တန်ဖိုး မရှိဘူး။ ဒါပေမဲ့ သိတဲ့အတိုင်း ကျင့်သုံးဖို့ နှိမ့်ချမှု လိုတယ်။ လူအမျိုးမျိုးကို ဟောတဲ့၊ တခြားသူတွေအတွက် ဆုတောင်းပေးတဲ့၊ ယေဟောဝါကို စောင့်စားခဲ့တဲ့ ကျမ်းစာပုံနမူနာတွေကို တုပခြင်းအားဖြင့် နှိမ့်ချမှု ဆက်ပြဖို့ ဒီဆောင်းပါးမှာ အားပေးထားတယ်။
၈ အသက်ကြီးခရစ်ယာန်တွေရဲ့ သစ္စာစောင့်သိမှုကို ယေဟောဝါ တန်ဖိုးထား
နိုဝင်ဘာ ၅-၁၁၊ ၂၀၁၈ ရက်အပတ်
၁၂ အားပေးမှုဖြစ်စေတဲ့ မေတ္တာကို ဆက်ပြနေပါ
ဒီခက်ခဲတဲ့အချိန်မှာ ဘဝဒုက္ခတွေကြောင့် အလွယ်တကူ စိတ်ဓာတ်ကျမိနိုင်တယ်။ ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ ယေဟောဝါနဲ့ ယေရှု ကူညီပေးတယ်။ ဒါပေမဲ့ အချင်းချင်းကို နှစ်သိမ့်အားပေးဖို့ ယောက်တိုင်းမှာ တာဝန်ရှိတယ်။ မေတ္တာနဲ့ အားပေးနိုင်ပုံကို ဒီဆောင်းပါးမှာ ဖော်ပြထားတယ်။
နိုဝင်ဘာ ၁၂-၁၈၊ ၂၀၁၈ ရက်အပတ်
၁၇ “ပျော်ရွှင်တဲ့ဘုရား” ကို ကိုးကွယ်သူတွေ ပျော်ရွှင်ကြ
ယေဟောဝါဟာ ကျေးကျွန်တွေကို ပျော်ရွှင်စေချင်တဲ့ ဘုရား ဖြစ်တယ်။ ဒါပေမဲ့ စာတန့်လောကရဲ့ အခက်အခဲတွေကြားမှာ ဘယ်လို ပျော်ရွှင်နိုင်မလဲ။ တည်မြဲတဲ့ ပျော်ရွှင်မှု ရစေနိုင်တဲ့ လက်တွေ့ကျ အကြံဉာဏ်တွေကို တောင်ပေါ်တရားတော်မှာ ယေရှု ပေးခဲ့တယ်။
နိုဝင်ဘာ ၁၉-၂၅၊ ၂၀၁၈ ရက်အပတ်
၂၃ စာနာစိတ်ရှိတဲ့ အနန္တတန်ခိုးရှင်
နိုဝင်ဘာ ၂၆၊ ၂၀၁၈–ဒီဇင်ဘာ ၂၊ ၂၀၁၈ ရက်အပတ်
၂၈ ယေဟောဝါကို တုပပြီး စာနာမှု ပြပါ
ကိုယ်ကျိုးကိုပဲ အဓိကထားတဲ့ လောကမှာ ခရစ်ယာန်အသင်းတော်ကတော့ မေတ္တာမီးပြတိုက်အဖြစ် ရပ်တည်နေတယ်။ မေတ္တာအသွင်အပြင် တစ်ခုက စာနာမှု ဖြစ်တယ်။ ယေဟောဝါရဲ့ စာနာမှု ပုံနမူနာ၊ ဘုရားကို တုပနိုင်တဲ့ လက်တွေ့ကျနည်းတွေကို ဒီဆောင်းပါးနှစ်ခုမှာ သုံးသပ်ပါမယ်။