ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၈ ဇန်နဝါရီ စာ. ၃၂
  • သင် သိပါသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင် သိပါသလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါနှစ်သက်မြတ်နိုးသောကျွန်ကို ကြည့်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ‘ယေဟောဝါ၏ပညတ်တရားသည် စုံလင်သည်’
    ယေဟောဝါထံ ချဉ်းကပ်လော့
  • “ငါနှစ်သက်မြတ်နိုးရာ၊ ငါရွေးချယ်သောသူ!”
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၂
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
က၁၈ ဇန်နဝါရီ စာ. ၃၂

သင် သိပါသလား

ရှေးခေတ် အစ္စရေးတွေရဲ့ နေ့စဉ် တရားရေးအငြင်းပွားမှုတွေမှာ မောရှေပညတ်ပါမူတွေကို တကယ် ကျင့်သုံးကြသလား။

တစ်ခါတလေ ကျင့်သုံးကြပါတယ်။ ဥပမာတစ်ခု သုံးသပ်ကြည့်ပါ။ တရားဟောရာ ၂၄:၁၄၊ ၁၅ မှာ ဒီလိုဖော်ပြထားတယ်– “ကိုယ့်မြို့မှာ နေထိုင်တဲ့ အမျိုးသားချင်းဖြစ်စေ၊ တိုင်းတစ်ပါးသားဖြစ်စေ ဆင်းရဲပြီး ဒုက္ခရောက်နေတဲ့ စာရင်းငှားတစ်ယောက်ကို လုပ်အားခပေးတဲ့အခါ ကလိမ်ကကျစ် မလုပ်ရဘူး။ . . . မပေးရင် ယေဟောဝါဆီမှာ သူအော်ဟစ်တိုင်ကြားလိမ့်မယ်။ အဲဒီအခါ ကိုယ့်အပြစ် ဖြစ်သွားလိမ့်မယ်။”

အိုးခြမ်းပဲ့

လယ်သမားရဲ့ အသနားခံချက် ရေးထားတဲ့ အိုးခြမ်းပဲ့

ဘီစီခုနစ်ရာစုမှာ ဖြစ်ခဲ့တဲ့ ဒီလိုအမှုနဲ့ပတ်သက်တဲ့ အသနားခံချက်မှတ်တမ်းတစ်ခုကို အာဇုတ်မြို့အနီးမှာ တွေ့ရတယ်။ အိုးခြမ်းပဲ့မှာ ရေးထားတဲ့ ဒီမှတ်တမ်းဟာ ကိုယ့်ဝေစု ကောက်နှံကို မသယ်ဆောင်တဲ့ လယ်သမားအကြောင်း ရေးထားတာ ဖြစ်နိုင်တယ်။ စာထဲမှာ “ကျွန်တော်မျိုး လွန်ခဲ့တဲ့ရက်အနည်းငယ်က စပါးရိတ်သိမ်း သိုလှောင်ပြီးတဲ့နောက် ရှိုဘေရဲ့သား ဟိုရှာယာဟုက ကျွန်တော်မျိုးရဲ့ အဝတ်ကို လာသိမ်းသွားတယ်။ . . . နေပူထဲမှာ ကျွန်တော်နဲ့အတူ ကောက်ရိတ်ခဲ့ကြသူအားလုံးက ကျွန်တော် အမှန်ပြောနေတယ်ဆိုတာကို သက်သေခံပေးကြပါလိမ့်မယ်။ ကျွန်တော့်မှာ အပြစ်မရှိပါဘူး။ . . . ဘုရင်ခံက ကျွန်တော်မျိုးရဲ့ အဝတ်ကို ပြန်ပို့ပေးဖို့ တာဝန်မရှိဘူးလို့ ယူဆရင်လည်း သနားသဖြင့် ကူညီပေးစေလိုပါတယ်။ ကျွန်တော်မျိုး အဝတ်မရှိ ဖြစ်နေတာကို ပစ်မထားပါနဲ့။”

ဒီအသနားခံချက်က “အလုပ်သမားတစ်ယောက်က [အဝတ်] အသည်းအသန် ပြန်ရချင်တာလောက်ပဲ မဖော်ပြဘူး။ အသနားခံသူက ကျမ်းဆိုင်ရာ ပညတ်ဥပဒေ၊ အထူးသဖြင့် ဆင်းရဲသားတွေကို မညှာမတာ ဆက်ဆံမှုကို ဆန့်ကျင်တဲ့ ဝတ်ပြုရာကျမ်းနဲ့ တရားဟောရာကျမ်းပါ မိန့်မှာချက်တွေအကြောင်း သိထားတယ်လို့လည်း ကောက်ချက်ချရတယ်” လို့ သမိုင်းပညာရှင် ဆိုင်မွန် ရှာမာက ပြောတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ