ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၅ ၃/၁ စာ. ၁၆
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှုရဲ့သေခြင်းကို ဘယ်လိုနည်းနဲ့ သတိရသင့်သလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • သခင့်ညစာစားပွဲကို ဘာကြောင့် ကျင်းပသင့်သလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • သခင့်ညစာစားပွဲ မည်သို့ကျင်းပရမည်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
က၁၅ ၃/၁ စာ. ၁၆

ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

ယေရှုရဲ့သေခြင်းကို ဘာကြောင့် သတိရအောက်မေ့သင့်သလဲ

သာယာလှပတဲ့ ပရဒိသုမှာ လူတွေ ပျော်ရွှင်နေကြ

ယေရှုရဲ့ သေခြင်းက အနာဂတ်မှာ ဘာကို ဖြစ်စေမလဲ—ဟေရှာယ ၂၅:၈; ၃၃:၂၄

လူတွေ အသက်ပြန်ရှင်လာရအောင် ယေရှု အသေခံပေးခဲ့တာကြောင့် ယေရှုရဲ့သေခြင်းက သမိုင်းမှာ အရေးအပါဆုံး ဖြစ်ရပ်တစ်ခုပါပဲ။ လူတွေ မကောင်းတာလုပ်ဖို့၊ အိုနာသေဆုံးသွားဖို့ ဖန်ဆင်းခံရတာ မဟုတ်ဘူး။ (ကမ္ဘာဦး ၁:၃၁) ဒါပေမဲ့ အာဒံ အပြစ်လုပ်လိုက်လို့ လူတွေသေရတဲ့အတွက် အပြစ်နဲ့ သေခြင်းတရားကနေ လွတ်မြောက်ရအောင် ယေရှုက သူ့အသက်ကို စတေးခဲ့ပါတယ်။—မဿဲ ၂၀:၂၈; ရောမ ၆:၂၃ တို့ကိုဖတ်ပါ။

ဘုရားသခင်က သားတော်ယေရှုကို မြေကြီးပေါ်စေလွှတ်ပြီး အသက်စတေးခိုင်းတာက ဘုရားသခင်ရဲ့ မေတ္တာကြီးမားမှုကို ဖော်ပြတယ်။ (၁ ယောဟန် ၄:၉၊ ၁၀) ယေရှုက တပည့်တွေကို မုန့်နဲ့ ဝိုင်အသုံးပြုတဲ့ပွဲ ကျင်းပပြီး သူ့ရဲ့သေခြင်းကို သတိရအောက်မေ့ဖို့ မိန့်မှာခဲ့တယ်။ ဒါကြောင့် အဲဒီပွဲကို နှစ်တိုင်းကျင်းပနေတာက ဘုရားသခင်နဲ့ ယေရှုခရစ်တို့ ပြသခဲ့တဲ့မေတ္တာကို တန်ဖိုးထားလေးမြတ်ကြောင်း ဖော်ပြတာဖြစ်တယ်။—လုကာ ၂၂:၁၉၊ ၂၀ ကိုဖတ်ပါ။

မုန့်နဲ့ ဝိုင်ကို ဘယ်သူတွေ စားသုံးသင့်သလဲ

ယေရှုက သူ့ရဲ့သေခြင်းကို သတိရအောက်မေ့ဖို့ တပည့်တွေကို ဦးဆုံးပြောချိန်မှာ ပဋိညာဉ်ခေါ် သဘောတူညီချက်တစ်ခုအကြောင်း ပြောပြခဲ့တယ်။ (မဿဲ ၂၆:၂၆-၂၈) အဲဒီတပည့်တွေနဲ့ အရေအတွက်ကန့်သတ်ထားတဲ့ တခြားလူတွေက ယေရှုနဲ့အတူ ကောင်းကင်မှာ ဘုရင်တွေ၊ ပုရောဟိတ်တွေဖြစ်လာဖို့ ဒီပဋိညာဉ်က လမ်းစဖွင့်ပေးတယ်။ ယေရှုရဲ့ သေခြင်းအောက်မေ့ရာပွဲကို လူသန်းနဲ့ချီ တက်ရောက်ကြပေမဲ့ အဲဒီပဋိညာဉ်မှာ ပါဝင်သူတွေပဲ မုန့်နဲ့ ဝိုင်ကို စားသုံးခွင့်ရှိတယ်။—ဗျာဒိတ် ၅:၁၀ ကိုဖတ်ပါ။

ဘုရင်ဖြစ်မယ့်သူတွေကို ယေဟောဝါဘုရား ရွေးချယ်နေတာ နှစ်ပေါင်း ၂၀၀၀ နီးပါးရှိပြီ။ (လုကာ ၁၂:၃၂) မြေကြီးပေါ်မှာ ထာဝစဉ်အသက်ရှင်မယ့်သူတွေရဲ့ အရေအတွက်နဲ့နှိုင်းယှဉ်လိုက်ရင် သူတို့ရဲ့အရေအတွက်က မဆိုစလောက်နည်းပါတယ်။—ဗျာဒိတ် ၇:၄၊ ၉၊ ၁၇ ကိုဖတ်ပါ။

ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ်ရဲ့ အခန်း ၅ ကိုဖတ်ကြည့်ပါ

www.jw.org/mya ကနေလည်း ကူးယူနိုင်ပါတယ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ