ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၁ ၃/၁ စာ. ၂-၃
  • အလွန်အရေးကြီးတဲ့ ပရောဖက်ပြုချက်တစ်ခု

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အလွန်အရေးကြီးတဲ့ ပရောဖက်ပြုချက်တစ်ခု
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • “နောက်ဆုံးသောနေ့ရက်များ” မှာ ကျွန်ုပ်တို့ အသက်ရှင်နေကြပါသလား
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • မာကု ၁:၁၅—“ဘုရားသခင်၏ နိုင်ငံတော်သည် တည်လုနီးပြီ”
    ကျမ်းပိုဒ် ရှင်းပြချက်များ
  • ဒီလောကရဲ့အဆုံး နီးပြီလား
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • နိမိတ်အကြောင်း တမန်တော်တွေမေးကြ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
က၁၁ ၃/၁ စာ. ၂-၃

အလွန်အရေးကြီးတဲ့ ပရောဖက်ပြုချက်တစ်ခု

“လူမျိုးအပေါင်းတို့အတွက် သက်သေဖြစ်စေရန် နိုင်ငံတော်နှင့်ဆိုင်သော ဤသတင်းကောင်းကို လူနေရာ မြေတစ်ပြင်လုံး၌ ဟောပြောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည် ရောက်လိမ့်မည်။”—မဿဲ ၂၄:၁၄။

ဒီကျမ်းချက်က အရမ်းအရေးကြီးတဲ့ ကျမ်းချက်ဖြစ်တယ်ဆိုပြီး ကျမ်းပညာရှင်တွေက သဘောတူလက်ခံထားကြတယ်။ ကမ္ဘာချီလုပ်ဆောင်မယ့်အရာတစ်ခုကို ဖော်ပြထားလို့ အရမ်းအရေးကြီးပါတယ်။ “အဆုံး” လို့ယေရှု ခေါ်ဆိုခဲ့တဲ့ အရေးကြီးဖြစ်ရပ်မတိုင်ခင် အရင်ဦးဆုံး ဟောပြောရမယ်၊ အဆုံးရောက်ခါနီးပြီဆိုပြီးတော့လည်းသတိပေးရမယ်။ သတိပေးခြင်းလုပ်ငန်းမှာ ခရစ်ယာန်အားလုံး ပါဝင်လုပ်ဆောင်သင့်တယ်။

ကနေ့ အဲဒီကြိုဟောချက်က ပြည့်စုံနေပါတယ်။ သတင်းကောင်းမှာ ဖိတ်ခေါ်ခြင်းနဲ့သတိပေးခြင်း ပါဝင်နေတာကြောင့် သင့်အတွက်လည်း အရေးကြီးပါတယ်။ ဘုရားသခင့်နိုင်ငံတော်ကို လက်ခံမလား၊ ဒါမှမဟုတ် ဆန့်ကျင်မလား တစ်ခုခုကို သင် ရွေးချယ်ရလိမ့်မယ်။ သင့်ရဲ့ရွေးချယ်မှုက သင့်ဘဝရဲ့ သေရေးရှင်ရေးဖြစ်တဲ့အတွက် အရမ်းအရေးကြီးတယ်။

အဲဒီကျမ်းချက်ရဲ့ နောက်ခံအဖြစ်အပျက်ကို သုံးသပ်ကြည့်ကြရအောင်။ ယေရှု နှက်တိုင်တင်မခံရခင် ရက်အနည်းငယ်က ကိုယ်တော့်ဆီ တပည့်တွေရောက်လာပြီး အနာဂတ်အကြောင်း မေးမြန်းခဲ့ကြတယ်။ ယေရှု မကြာခဏ ပြောပြောနေတဲ့ ဘုရားသခင့်နိုင်ငံတော် တည်ထောင်ခြင်းအကြောင်း သူတို့သိချင်နေကြတယ်။ “လောကစနစ်နိဂုံးပိုင်း” ဒါမှမဟုတ် ဘာသာပြန်ကျမ်းတချို့ရဲ့ ပြန်ဆိုချက်အရ “ကပ်ကမ္ဘာကုန်ဆုံးချိန်” အကြောင်းကိုလည်း သူတို့ သိချင်ခဲ့ကြတယ်။—မဿဲ ၂၄:၃၊ ခမ။

တပည့်တွေသိချင်တာကို ဖြေကြားတဲ့အနေနဲ့ စစ်မှု၊ အစာငတ်မွတ်မှု၊ ကပ်ရောဂါနဲ့ မြေငလျင်ကြီးတွေ အကြီးအကျယ်ဖြစ်လိမ့်မယ်ဆိုပြီး ယေရှု ကြိုပြောခဲ့တယ်။ ဒါ့အပြင် မတရားမှုတွေ တိုးပွားလာမယ်၊ ဘာသာရေးခေါင်းဆောင်တွေက လူတွေကို မှားယွင်းတဲ့သွန်သင်ချက်တွေနဲ့ လှည့်ဖြားမယ်၊ စစ်မှန်တဲ့ခရစ်ယာန်တွေဟာ လူတွေရဲ့ မုန်းတီးမှုနဲ့ နှိပ်စက်ညှဉ်းပန်းမှုကို ခံရလိမ့်မယ် ဆိုပြီးတော့လည်း ယေရှု ပြောခဲ့တယ်။ ဒါတွေက သတင်းဆိုးတွေ ဖြစ်ပါတယ်။—မဿဲ ၂၄:၄-၁၃; လုကာ ၂၁:၁၁။

ဒါပေမဲ့ သတင်းကောင်းလည်း ရှိပါတယ်။ အဲဒီသတင်းကောင်းကတော့ ဒီဆောင်းပါးရဲ့အစမှာ ဖော်ပြထားတဲ့ ကျမ်းချက်ပါစကားတွေ ဖြစ်ပါတယ်။ အဲဒီကျမ်းစကားတွေက ရာစုနှစ်ပေါင်းများစွာ လူတွေကို အလေးအနက် စဉ်းစားတွေးတောစေတဲ့အပြင် မျှော်လင့်ချက်နဲ့လှုံ့ဆော်မှုလည်း ပေးတယ်။ ယေရှုရဲ့စကားတွေက အရမ်းအရေးကြီးတယ်ဆိုတာကို လူတွေ လက်ခံကြပါတယ်။ ဒါပေမဲ့ အဲဒီစကားတွေရဲ့ အဓိပ္ပာယ်နဲ့ပတ်သက်ပြီး တစ်ယောက်တစ်မျိုးစီ ယူဆနေကြတယ်။ သတင်းကောင်းဆိုတာ ဘာလဲ။ ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ။ အဲဒီကြိုဟောချက်က ဘယ်အချိန်မှာ ဘယ်သူတွေအားဖြင့် ပြည့်စုံမှာလဲ။ “အဆုံး” ဆိုတာကကော ဘာလဲ။ လေ့လာကြည့်ကြရအောင်။

[စာမျက်နှာ ၂၊ ၃ ပါရုပ်ပုံ]

ခရစ်ဝင်ကျမ်းလေးစောင်ပါ ဝါရှင်တန်လက်ရေးစာမူမိတ္တူ။ မဿဲ ၂၄:၁၄ ကိုပေါ်လွင်အောင် စာလုံးမဲနဲ့ရေးထား

[Credit Line]

From the book Facsimile of the Washington Manuscript of the Four Gospels in the Freer Collection 1912

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ