“သင်၏ အလွန်တန်ဖိုးရှိသောလက်ဆောင်”
ယင်းသည် ဘယ်လ်ဂျီယံနိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်းတစ်ဦးက အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသားa စာအုပ်နှင့်ပတ်သက်၍ပြောခဲ့ခြင်းဖြစ်သည်။ အိမ်နီးချင်းတစ်ဦး သူ့ထံ ရင်းရင်းနှီးနှီးလည်ပတ်ခဲ့ပြီးနောက် သူ စာအုပ်တစ်အုပ်ကိုလက်ခံခဲ့သည်။ နောက်ပိုင်း သူက ကျေးဇူးတင်ကြောင်း စာတစ်စောင်ရေးခဲ့သည်– “သင်၏ရင်းနှီးသောလည်ပတ်မှုသည် ကျွန်ုပ်ကိုစွဲမှတ်စေခဲ့သည်။ သင်၏အလွန်တန်ဖိုးရှိသောလက်ဆောင်ဖြစ်သည့် ‘အကြီးမြတ်ဆုံးလူသား’ စာအုပ်က ကျွန်ုပ်ကိုပို၍စွဲမှတ်စေခဲ့သည်။”
ဝန်ကြီးချုပ်ဟောင်းက စာအုပ်ကိုစိစစ်ပြီးနောက် ဤသို့ကောက်ချက်ချခဲ့သည်– “လူတို့သည် ခရစ်ဝင်ကျမ်းပါသတင်းတရားကို ပို၍စိတ်ဝင်စားကြပြီး ယေရှုခရစ်၏မူများအတိုင်းလက်တွေ့ကျင့်သုံးပါက ယနေ့ကမ္ဘာကြီးသည် လုံးဝကိုခြားနားနေပါလိမ့်မည်။ ထိုသို့ဖြစ်လျှင် ကျွန်ုပ်တို့သည် လုံခြုံရေးကောင်စီလည်းလိုမည်မဟုတ်။ အကြမ်းဖက်တိုက်ခိုက်မှုလည်းရှိမည်မဟုတ်၊ ကမ္ဘာပေါ်တွင် ရက်စက်ရမ်းကားမှုကို ဆီးတားပေမည်။” သို့သော် ယင်းသည် ဖြစ်စေချင်သည့်အရာမျှသာဟု ဝန်ခံသည်၊ သူ့အိမ်နီးချင်း၏အပြုသဘောပါလုပ်ဆောင်မှုကို လေးမြတ်ကြောင်း ဖော်ပြခဲ့သည်။
စာ၌ဤသို့ဆက်ခဲ့သေးသည်– “သင်တို့သည် အကောင်းမြင်ဝါဒီလည်းမဟုတ်၊ အဆိုးမြင်ဝါဒီလည်းမဟုတ်၊ သို့သော် လူနှင့်တိရစ္ဆာန်နှစ်မျိုးလုံး တိုးတက်ကောင်းမွန်လာမည်ဟုယုံကြည်သူ စိတ်နှလုံးကောင်းရှိသည့် ချီးကျူးထိုက်သော လူအုပ်စုဝင်များဖြစ်ကြသည်။”
လူ့အားထုတ်မှုဖြင့်မဟုတ်ဘဲ ဘုရားသခင်၏ကြားဝင်ဆောင်ရွက်မှုကြောင့်သာ နောက်ဆုံးတွင် ကမ္ဘာကြီးကောင်းမွန်လာမည်ဟု ယေဟောဝါသက်သေများ ယုံကြည်ကြသည်။ သူတို့သည် အကြီးမြတ်ဆုံးလူသားယေရှုခရစ်ကို တုပရန်ကြိုးစားအားထုတ်ကြသည်။ မကြာသေးမီက သင့်ထံ ယေဟောဝါသက်သေများလာလည်ပတ်ခဲ့ပါသလော။ သင်သည် သူတို့နှင့် အသက်ရှင်ခဲ့သမျှတွင်အကြီးမြတ်ဆုံးလူသားနှင့်ပတ်သက်ပြီး စိတ်ဝင်စားဖွယ်ဆွေးနွေးမှု ပြုလုပ်နိုင်ပေသည်။ ဝန်ကြီးချုပ်ဟောင်းတစ်ဦးအား အထူးစွဲမှတ်စေခဲ့သည့်စာအုပ်ကို သူတို့ သင့်အားဝေမျှလိုပါသည်။
[အောက်ခြေမှတ်ချက်]
a ယေဟောဝါသက်သေများထုတ်ဝေသည်။