ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၇ ၁၂/၁ စာ. ၃၂
  • ယေရှုသည် ကျမ်းစာတစ်အုပ် ပိုင်ဆိုင်ခဲ့သလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရှုသည် ကျမ်းစာတစ်အုပ် ပိုင်ဆိုင်ခဲ့သလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
က၀၇ ၁၂/၁ စာ. ၃၂

ယေရှုသည် ကျမ်းစာတစ်အုပ် ပိုင်ဆိုင်ခဲ့သလော

မပိုင်ဆိုင်ခဲ့ပါ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ယခု ကျွန်ုပ်တို့ပိုင်ဆိုင်သော လုံးချင်းကျမ်းစာအုပ်သည် ယေရှုခေတ်တွင် မရှိသောကြောင့်ဖြစ်၏။ သို့သော် တရားဇရပ်များတွင် ကျမ်းစောင်များပါရှိသည့် ကျမ်းလိပ်များစွာရှိသည်။ ထိုကျမ်းစောင်များသည် ယနေ့ ကျွန်ုပ်တို့တွင်ရှိသော ကျမ်းစာအုပ်၏အစိတ်အပိုင်းများဖြစ်၏။ နာဇရက်မြို့ရှိတရားဇရပ်တွင် ဟေရှာယကျမ်းလိပ်ကို ယေရှု ဖတ်ပြခဲ့သည်။ (လုကာ ၄:၁၆၊ ၁၇) ပိသိဒိပြည်၊ အန္တိအုတ်မြို့ရှိတရားဇရပ်တွင် “ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းကို ဖတ်ရွတ်” သည်ကို တမန်တော်ပေါလု ကြားနာခဲ့သည်။ (တမန်တော် ၁၃:၁၄၊ ၁၅) ထို့ပြင် မောရှေ၏ပညတ္တိကျမ်းကို “တရားဇရပ်၌ ဥပုသ်နေ့တိုင်းဖတ်ရွတ်” ခဲ့ကြောင်း တပည့်ဖြစ်သူယာကုပ် ဖော်ပြသည်။—တမန်တော် ၁၅:၂၁။

ပထမရာစုတွင် လူတိုင်း ကျမ်းလိပ်များပိုင်ဆိုင်ခဲ့ကြသလော။ မိဖုရားကန္ဒက်၏အမတ်တစ်ဦးဖြစ်သော အဲသယောပိလူသည် ကျမ်းလိပ်ပိုင်ဆိုင်ခဲ့ကြောင်း ထင်ရှားသည်။ အကြောင်းမှာ ဂါဇမြို့သို့သွားရာလမ်းတွင် တပည့်ဖြစ်သူဖိလိပ္ပုနှင့်တွေ့ဆုံချိန်၌ သူသည် “ရထားပေါ်၌ထိုင်လျက် ပရောဖက်ဟေရှာယ၏ကျမ်းစာကိုဖတ်” နေ၍ဖြစ်၏။ (တမန်တော် ၈:၂၆-၃၀) “စာစောင်များ၊ အထူးသဖြင့် သားရေစာစောင်များကို” ယူခဲ့ရန် တိမောသေအား တမန်တော်ပေါလု မှာကြားခဲ့သည်။ (၂ တိမောသေ ၄:၁၃၊ သမ္မာ) ယင်းတို့သည် မည်သည့်စာစောင်ဖြစ်ကြောင်း ပေါလုမပြောခဲ့သော်လည်း ဟေဗြဲကျမ်းစောင်များဖြစ်နိုင်၏။

ဆီးမိုက်ဘာသာစကားပါမောက္ခ အေလဲန်မေးလတ်၏အဆိုအရ ဂျူးတို့အလယ်တွင် ကျမ်းလိပ်များပိုင်ဆိုင်ကြသူများမှာ “ပါလက်စတိုင်းရှိ အခွင့်ထူးခံလူတန်းစားများ၊ ပညာတတ်များ၊ ဖာရိရှဲအချို့နှင့် နိကောဒင်ကဲ့သို့သော ဆရာများ” သာဖြစ်သည်။ ထိုသို့ဖြစ်ရသည့်အကြောင်းရင်းတစ်ခုမှာ ကျမ်းလိပ်များသည် ဈေးကြီး၍ဖြစ်၏။ မေးလတ်၏ ခန့်မှန်းချက်အရ “ဟေရှာယကျမ်းလိပ်တစ်လိပ်အတွက် ဒေနာရိခြောက်ပြားမှဆယ်ပြားအထိ” ပေးရသည်။ ဟေဗြဲကျမ်းတစ်အုပ်လုံးတွင် “ကျမ်းလိပ်ပေါင်း ၁၅ လိပ်မှ ၂၀ အထိရှိနိုင်” သောကြောင့် တစ်အုပ်လုံး၏တန်ဖိုးမှာ နှစ်တစ်ဝက်စာ လုပ်ခဖြစ်နိုင်သည်။

ယေရှု သို့မဟုတ် တပည့်များတွင် ကိုယ်ပိုင်ကျမ်းလိပ်များရှိမရှိဆိုသည်ကို ကျမ်းစာတွင် မဖော်ပြထားပါ။ သို့သော် ယေရှုသည် ကျမ်းစာကိုနှံ့စပ်ကျွမ်းကျင်ပြီး ကျမ်းချက်များကို အလွတ်ရည်ညွှန်းနိုင်၊ ကိုးကားနိုင်သည်မှာ သေချာသည်။ (မဿဲ ၄:၄၊ ၇၊ ၁၀; ၁၉:၄၊ ၅) ယခုအချိန်တွင် ကျမ်းစာသည် အလွန်ဈေးမကြီးဘဲ လက်ဝယ်ပိုင်ဆိုင်နိုင်ပြီဖြစ်ရာ ယေရှု၏ပုံသက်သေက ကျမ်းစာကိုအကျွမ်းတဝင်ရှိရန် ကျွန်ုပ်တို့ကို လှုံ့ဆော်မှုဖြစ်စေသင့်သည်မဟုတ်လော။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ