ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၇ ၁၁/၁ စာ. ၃
  • နှိမ့်ချမှုဆိုင်ရာ စိန်ခေါ်ချက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နှိမ့်ချမှုဆိုင်ရာ စိန်ခေါ်ချက်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • စစ်မှန်သောနှိမ့်ချမှုကို မွေးမြူလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • နှိမ့်ချခြင်းကို အဘယ်ကြောင့်ဝတ်ဆင်သင့်ကြောင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • နှိမ့်ချသူတွေကို ယေဟောဝါ တန်ဖိုးထား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • တုပစရာ နှိမ့်ချခြင်းပုံသက်သေများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
က၀၇ ၁၁/၁ စာ. ၃

နှိမ့်ချမှုဆိုင်ရာ စိန်ခေါ်ချက်

ယနေ့လောကတွင် နှိမ့်ချမှုသည် လူများစွာအတွက် အကျိုးရှိပုံမရပေ။ အခြားသူတို့ကို အောင်မြင်စွာဦးဆောင်သူတို့နှင့် အအောင်မြင်ဆုံးဖြစ်ပုံရသူတို့သည် ကိုယ်ကျိုးကိုသာအဓိကထားသူများ၊ မာနကြီးသူများ၊ မိမိတို့လိုချင်ရာကို မရမကရယူလိုသူများဖြစ်ကြသည်။ လူအများစုသည် နှိမ့်ချနူးညံ့သူတို့ကိုမဟုတ်ဘဲ ချမ်းသာကြွယ်ဝပြီး နာမည်ကျော်ကြားသူတို့၏ဘဝပုံစံများကို များသောအားဖြင့် အားကျတတ်ကြသည်။ အောင်မြင်သူတို့သည် မိမိ၏ကြိုးစားအားထုတ်ရာမှ ဤသို့အောင်မြင်လာသည်ဟူ၍ ဝါကြွားတတ်ကြသည်။ နှိမ့်ချမှုတင်ပြဖို့ဝေးစွ၊ မိမိတို့၏အောင်မြင်မှုများအတွက် အလွန်ပင်ဂုဏ်ယူဝင့်ကြွားကြသည်။

ကနေဒါလူမျိုး သုတေသီတစ်ဦးက သူ၏နိုင်ငံတွင် “‘ငါသာပဓာန’ စိတ်ဓာတ် ပေါ်လာ” ကြောင်း ပြောဆိုခဲ့သည်။ တာဝန်သိသိနေထိုင်ခြင်းထက် စိတ်အလိုလိုက်ခြင်းကို ပိုအလေးပေးသည့်လောကတွင် ကျွန်ုပ်တို့အသက်ရှင်နေကြောင်းနှင့် ယနေ့ လူတို့သည် ပို၍ပို၍ တစ်ကိုယ်ကောင်းဆန်လာကြကြောင်း အခြားသူတို့ခံစားသိရှိကြသည်။ ဤသို့သောလောကတွင် စိတ်နှိမ့်ချမှုသည် နှစ်သက်ဖွယ်အရည်အသွေးဖြစ်ပုံမရပေ။

မှန်ပါသည်၊ စိတ်နှိမ့်ချမှုသည် တခြားသူတို့အတွက် ကောင်းသောအရည်အသွေးဖြစ်သည်ဟူသော အယူအဆကို သဘောမတူသူနည်းပါလိမ့်မည်၊ အကြောင်းမှာ နှိမ့်ချမှုရှိသူတို့နှင့် ပေါင်းသင်းရလွယ်ကူသောကြောင့်ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့၏အပြိုင်အဆိုင်လောကတွင် အချို့သူတို့သည် မိမိက နှိမ့်ချစွာပြုမူမည်ဆိုလျှင် အခြားသူတို့က ပျော့ညံ့သူများအဖြစ်ရှုမြင်မည်ကို စိုးရိမ်ကြသည်။

ဘုရားသခင့်နှုတ်မြွက်စကားတော် သမ္မာကျမ်းစာက ကျွန်ုပ်တို့ခေတ်တွင် လူတို့သည် “ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ” ဖြစ်ကြမည်ဟု ကြိုဟောထား၏။ (၂ တိမောသေ ၃:၁၊ ၂) ဤပရောဖက်ပြုချက်ပြည့်စုံနေသည်ကို သင်သဘောမတူပေလော။ နှိမ့်ချမှုရှိခြင်းသည် နှစ်သက်ဖွယ်ဖြစ်သည်ဟု သင်ယူဆသလော။ သို့မဟုတ် စိတ်နှိမ့်ချသူတစ်ဦးသည် ပျော့ညံ့သူ၊ သူတစ်ပါး၏အလွယ်တကူအသုံးချမှုကို ခံရသူအဖြစ် သင်ယူဆပါသလော။

အမှန်တွင် နှိမ့်ချသောသဘောကို တန်ဖိုးထားရန်၊ ပြုစုပျိုးထောင်ရန်အတွက် အကြောင်းကောင်းများကို သမ္မာကျမ်းစာ ဖော်ပြထားသည်။ နှိမ့်ချမှုနှင့်ပတ်သက်၍ မျှတမှုရှိပြီး အပြုသဘောပါသောအမြင်ကို သမ္မာကျမ်းစာတွင် ဖော်ပြထားပြီး စစ်မှန်သောနှိမ့်ချမှုမှာ ပျော့ညံ့ခြင်းမဟုတ်ဘဲ ခွန်အားရှိခြင်း၏အမှတ်လက္ခဏာတစ်ခုဖြစ်ကြောင်း တင်ပြထားသည်။ အဘယ်ကြောင့်ထိုသို့ဖြစ်ရသည်ကို နောက်ဆောင်းပါးတွင် ရှင်းပြပါလိမ့်မည်။

[စာမျက်နှာ ၃ ပါ ရုပ်ပုံ]

ကျွန်ုပ်တို့၏ပြီးမြောက်အောင်မြင်မှုများကို မည်သို့ယူမှတ်သင့်သနည်း

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ