ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၇ ၁၀/၁ စာ. ၃၂
  • ‘အမှန်တရားကား အဘယ်နည်း’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘အမှန်တရားကား အဘယ်နည်း’
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
က၀၇ ၁၀/၁ စာ. ၃၂

‘အမှန်တရားကား အဘယ်နည်း’

ရောမဘုရင်ခံပုန္တိပိလတ်သည် ယေရှုကို ထိုသို့ခနဲ့တဲ့တဲ့မေးခဲ့၏။ ယင်း၏အဖြေကို သူစိတ်မဝင်စားသကဲ့သို့ ယေရှုလည်း အဖြေမပေးခဲ့ပေ။ အမှန်တရားကို အလွန်နားလည်ရခက်သောအရာအဖြစ် ပိလတ်ယူမှတ်ခြင်းဖြစ်နိုင်သည်။—⁠ယောဟန် ၁၈:၃၈။

ယနေ့ ဘာသာရေးခေါင်းဆောင်များ၊ ပညာသင်ကြားပေးသူများ၊ နိုင်ငံရေးသမားများအပါအဝင် လူများစွာတွင် အမှန်တရားနှင့်ပတ်သက်၍ ထိုသို့အထင်အမြင်သေးသောသဘောရှိကြသည်။ အထူးသဖြင့် ကျင့်ဝတ်နှင့်ဆိုင်သော၊ ဘုရားသခင်နှင့်ဆိုင်သောအမှန်တရားသည် အကြွင်းမဲ့အမှန်တရားမဟုတ်၊ ခြွင်းချက်ရှိပြီး အမြဲတမ်းပြောင်းလဲနေသည်ဟု သူတို့ယူဆကြ၏။ ယင်းက လူတို့သည် အမှန်အမှားကို မိမိတို့ဘာသာဆုံးဖြတ်နိုင်သည်ဟု ဆိုခြင်းသာဖြစ်သည်။ (ဟေရှာယ ၅:၂၀၊ ၂၁) ထို့ပြင် ယခင်လူမျိုးဆက်များလိုက်နာခဲ့သော မူများနှင့် ကိုယ်ကျင့်တရားစံနှုန်းများကို ခေတ်ကုန်သွားသောအရာအဖြစ် ငြင်းပယ်နိုင်သည်ဟု ဆိုခြင်းလည်းဖြစ်သည်။

အထက်ပါမေးခွန်းမေးရန် ပိလတ်ကိုလှုံ့ဆော်ပေးသော စကားသည် မှတ်သားဖွယ်ကောင်း၏။ ယေရှုက ‘အမှန်တရားဘက်၌သက်သေခံခြင်းငှာ ငါသည်မွေးဖွားခြင်းကိုခံ၍ ဤလောကသို့ကြွလာပြီ’ ဟုမိန့်ဆိုခဲ့သည်။ (ယောဟန် ၁၈:၃၇) ယေရှုအတွက် အမှန်တရားသည် မရှင်းလင်းသော၊ နားမလည်နိုင်သောအရာ မဟုတ်ပေ။ ကိုယ်တော်က ‘အမှန်တရားကိုလည်းသိကြသဖြင့် ထိုတရားသည် သင်တို့ကိုလွှတ်လိမ့်မည်’ ဟုတပည့်များကို ကတိပြု၏။—⁠ယောဟန် ၈:၃၂။

ထိုသို့သောအမှန်တရားကို အဘယ်နေရာတွင် ရှာတွေ့နိုင်သနည်း။ တစ်ကြိမ်တွင် ယေရှုက ‘ကိုယ်တော်၏နှုတ်မြွက်တော်သည် အမှန်တရားဖြစ်ပါ၏’ ဟုဘုရားသခင်ထံ ဆုတောင်းခဲ့သည်။ (ယောဟန် ၁၇:၁၇) ဘုရားသခင်မှုတ်သွင်းခဲ့သော သမ္မာကျမ်းစာသည် ယုံကြည်အားထားထိုက်သော လမ်းညွှန်ချက်နှင့် အနာဂတ်တွင် ထာဝရအသက်မျှော်လင့်ချက်ပေးသော အမှန်တရားကို ဖော်ပြသည်။—⁠၂ တိမောသေ ၃:၁၅-၁၇။

ထိုအမှန်တရားအား သိရှိနိုင်မည့်အခွင့်အလမ်းကို ပိလတ်လုံးဝငြင်းပယ်ခဲ့သည်။ သင်ကော။ ယေရှုသွန်သင်ခဲ့သော “အမှန်တရား” အကြောင်း ယေဟောဝါသက်သေများကို မေးကြည့်ပါ။ သင့်ကို ဝမ်းမြောက်ဝမ်းသာပြောပြပါလိမ့်မည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ