ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၇ ၇/၁၅ စာ. ၃၂
  • “မိုးကောင်းကင်၌ သစ္စာစောင့်သောသက်သေ”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “မိုးကောင်းကင်၌ သစ္စာစောင့်သောသက်သေ”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
က၀၇ ၇/၁၅ စာ. ၃၂

“မိုးကောင်းကင်၌ သစ္စာစောင့်သောသက်သေ”

ကဗျာဆရာများ၊ တေးရေးဆရာများသည် လကို လှပတင့်တယ်သောအရာအဖြစ် သီကုံးဖွဲ့ဆိုကြသည်။ ဥပမာ၊ သမ္မာကျမ်းစာတွင် ‘လကဲ့သို့တင့်တယ်သော’ အမျိုးသမီးတစ်ဦးအကြောင်း စပ်ဆိုထား၏။ (ရှောလမုန်သီချင်း ၆:၁၀) ဆာလံဆရာကလည်း လကို “မိုးကောင်းကင်၌ သစ္စာစောင့်သောသက်သေ” ဟု ကဗျာဆန်ဆန်ခေါ်ဆိုခဲ့သည်။ (ဆာလံ ၈၉:၃၇) ထိုသို့ခေါ်ဆိုခြင်းက အဘယ်အဓိပ္ပာယ်ရှိသနည်း။

လသည် မိမိ၏ပတ်လမ်းပေါ်တွင် ၂၇.၃ ရက်တစ်ကြိမ် ကမ္ဘာကို ပုံမှန်လှည့်ပတ်သည်။ ထို့ကြောင့် လ၏သစ္စာစောင့်သိမှုဟူသည် ယင်း၏တည်မြဲမှုကို ရည်ညွှန်းခြင်းဖြစ်နိုင်သည်။ သို့သော် ဆာလံဆရာ ဆိုလိုသည့်အဓိပ္ပာယ်သည် ထို့ထက်မက ပို၍လေးနက်ပေမည်။ ဘုရားသခင့်နိုင်ငံတော်နှင့်ပတ်သက်သည့် ပရောဖက်ပြုသီချင်းတွင် လကို “သစ္စာစောင့်သောသက်သေ” ဟူ၍သူခေါ်ဆိုခဲ့သည်။ ယေရှုကလည်း ထိုနိုင်ငံတော်အတွက် ဆုတောင်းရန် နောက်လိုက်များကို သင်ပေးခဲ့သည်။—⁠မဿဲ ၆:၉၊ ၁၀။

လွန်ခဲ့သောအနှစ် ၃,၀၀၀ ကျော်၌ ယေဟောဝါဘုရားသခင်သည် ဣသရေလဘုရင်ဒါဝိဒ်နှင့် နိုင်ငံတော်ပဋိညာဉ်ဖွဲ့ခဲ့၏။ (၂ ဓမ္မရာဇဝင် ၇:၁၂-၁၆) ထိုပဋိညာဉ်၏ရည် ရွယ်ချက်မှာ ဒါဝိဒ်၏ရာဇပလ္လင်ကို ထာဝရဆက်ခံမည့်သူအဖြစ် ယေရှုခရစ်ကို တရားဝင်အသိအမှတ်ပြုရန်ဖြစ်သည်။ (ဟေရှာယ ၉:၇; လုကာ ၁:၃၂၊ ၃၃) ဒါဝိဒ် “အမျိုးအနွယ်” ၏ပလ္လင်ကိုရည်ညွှန်းလျက် ဆာလံဆရာက “လကဲ့သို့လည်းကောင်း၊ မိုးကောင်းကင်၌သစ္စာစောင့်သော သက်သေကဲ့သို့လည်းကောင်း အစဉ်မြဲမြံရမည်” ဟုသီဆိုခဲ့သည်။—⁠ဆာလံ ၈၉:၃၆၊ ၃၇။

‘ညကိုအုပ်စိုးရသောအလင်းအိမ်’ ဖြစ်သည့် လသည် ခရစ်တော်အုပ်ချုပ်မှု၏တည်မြဲမှုကို အမှန်ပင်သတိရစေသည်။ (ကမ္ဘာဦး ၁:၁၆) ကိုယ်တော်၏နိုင်ငံတော်နှင့်စပ်လျဉ်း၍ ဒံယေလ ၇:၁၄ တွင် “အာဏာစက်တော်သည် ကမ္ဘာအဆက်ဆက်တည်၏။ နိုင်ငံတော်သည် ပျက်စီးခြင်းသို့မရောက်နိုင်ရာ” ဟုဖော်ပြ၏။ လသည် ဘုရားသခင့်နိုင်ငံတော်နှင့် ယင်းက လူသားများအပေါ် ဆောင်ကြဉ်းပေးမည့်ကောင်းချီးများကို သတိရစေသည့် သက်သေပင်ဖြစ်ပေသည်။

[Picture Credit Line on page 32]

Moon: NASA photo

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ