ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၇ ၂/၁၅ စာ. ၃၂
  • ရိုးသားမှုဆိုင်ရာ စံနမူနာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရိုးသားမှုဆိုင်ရာ စံနမူနာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
က၀၇ ၂/၁၅ စာ. ၃၂

ရိုးသားမှုဆိုင်ရာ စံနမူနာ

ဘရာဇီးနိုင်ငံ၊ ခရူဇေရူဒူဆော်လ်မြို့မှ ဆံပင်အလှပြင်ဆရာမဖြစ်သူ နယ်လ်မာသည် မကြာသေးမီက ခရစ်ယာန်သမာဓိ စမ်းသပ်ခံခဲ့ရ၏။ နယ်လ်မာ၏မြို့တွင် ရေကြီးသောကြောင့် ဖောက်သည်တစ်ဦးက အဝတ်အစားအချို့ လှူခဲ့သည်။ အဝတ်များကို အမျိုးအစားခွဲစဉ် ဘောင်းဘီအိတ်များအတွင်းမှ အမေရိကန်ဒေါ်လာ ၁၀၀၀ နှင့်ညီမျှသောငွေကို ရရှိခဲ့သည်။

ယင်းငွေသည် သူ့လုပ်ခ ခုနစ်လစာနှင့်ညီမျှပြီး အမှန်တကယ် ငွေလိုနေချိန်လည်းဖြစ်၏။ ရေကြီး၍အိမ်ပျက်စီးသွားပြီး ဖခင်နှင့်မောင်နှမများ၏ ပစ္စည်းများ ဆုံးရှုံးခဲ့ရသည်။ ထိုငွေဖြင့် အိမ်ကိုပြုပြင်နိုင်မည့်အပြင် ဆွေမျိုးများကိုပင် ကူညီပေးနိုင်မည်။ သို့သော် ကျမ်းစာဖြင့်လေ့ကျင့်ထားသော ကိုယ်ကိုကိုယ်သိစိတ်ကြောင့် နယ်လ်မာသည် ထိုငွေကို မယူခဲ့ပေ။—⁠ဟေဗြဲ ၁၃:၁၈။

နောက်တစ်နေ့တွင် အလုပ်သို့စောစောသွားပြီး အဝတ်အစားများလှူဒါန်းခဲ့သော လုပ်ငန်းရှင်အမျိုးသမီးကို ဆက်သွယ်ခဲ့သည်။ နယ်လ်မာသည် အဝတ်များအတွက် ကျေးဇူးတင်ကြောင်းပြောပြီး တွေ့ ရှိသောငွေကို ပြန်ပေးခဲ့သည်။ အမျိုးသမီးသည် ထိုငွေပြန်ရသည့်အတွက် အလွန်ဝမ်းသာသွားပြီး သူ့အလုပ်သမားများအား ပေးရန် သိမ်းထားလိုက်သည်။ “ဒီခေတ်ကြီးမှာ ရိုးသားမှုကို တွေ့ရခဲတယ်” ဟု ထိုအမျိုးသမီးပြောခဲ့သည်။

ရိုးသားခြင်းသည် အကျိုးမရှိဟု အချို့ထင်ကြပေမည်။ သို့သော် ရိုးသားမှုသည် ယေဟောဝါဘုရားသခင်၏ နှစ်သက်မှုရလိုသူများအတွက် အဖိုးထိုက်ဆုံးအရည်အသွေးတစ်ခုဖြစ်သည်။ (ဧဖက် ၄:၂၅၊ ၂၈) “အဲဒီငွေကိုသာပြန်မပေးခဲ့ရင် ညညအိပ်ပျော်မှာမဟုတ်ဘူး” ဟုနယ်လ်မာပြောခဲ့သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ