ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၇ ၁/၁၅ စာ. ၃၂
  • ဘဝတွင်ရည်ရွယ်ချက်ရှိသော အသက်တစ်ရာကျော်သူတစ်ဦး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘဝတွင်ရည်ရွယ်ချက်ရှိသော အသက်တစ်ရာကျော်သူတစ်ဦး
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
က၀၇ ၁/၁၅ စာ. ၃၂

ဘဝတွင်ရည်ရွယ်ချက်ရှိသော အသက်တစ်ရာကျော်သူတစ်ဦး

အီလင်းသည် ဆွီဒင်နိုင်ငံရှိ အသက် ၁၀၅ နှစ်နှင့်အထက် စာရင်းဝင်သူပေါင်း ၆၀ တွင် တစ်ဦးအဝင်ဖြစ်၏။ သူ့အသက်မှာ ၁၀၅ နှစ်ဖြစ်သည်။ ယေဟောဝါသက်သေတစ်ဦးအဖြစ် သူအမှုဆောင်ခဲ့သည်မှာ အနှစ် ၆၀ ကျော်ရှိပြီ။ ယခုအခါ ဘိုးဘွားရိပ်သာတွင်နေရသော်လည်း တက်ကြွစွာအမှုဆောင်ဆဲဖြစ်သည်။

အခြားသူများကိုသက်သေခံရာတွင် ပေါလု၏ပုံသက်သေကို အီလင်း အတုယူခဲ့သည်။ တမန်တော်ပေါလု အကျဉ်းချခံရစဉ်က မိမိထံလာသမျှ ဧည့်သည်များကို ဟောပြောခဲ့၏။ (တမန်တော် ၂၈:၁၆၊ ၃၀၊ ၃၁) အလားတူ၊ အီလင်းလည်း သန့်ရှင်းရေးလုပ်သားများ၊ သွားဆရာဝန်များ၊ ဆရာဝန်များ၊ ဆံညှပ်သမားများ၊ သူနာပြုများနှင့် အိမ်တွင်တွေ့ဆုံသူမှန်သမျှကို ကျမ်းစာမှသတင်းကောင်း ဟောပြောခဲ့သည်။ အသင်းတော်ထဲမှ ညီအစ်ကိုညီအစ်မများပင် ၎င်းတို့၏ကျမ်းစာသင်အံမှုများကို ဖိတ်ခေါ်ကာ အီလင်းထံ လာလည်ပတ်သောကြောင့် သူ၏အသိပညာနှင့် တွေ့ ကြုံမှုများမှ အကျိုးခံစားခဲ့ရသည်။

အီလင်းသည် ပျော်ပျော်နေတတ်ပြီး အခြားသူများကိုစိတ်ဝင်စားသောကြောင့် ညီအစ်ကိုညီအစ်မများက သူ့ကို ချစ်ခင်ကြသည်။ “အီလင်းဟာ အသင်းတော်နဲ့ ဘယ်တော့မှအဆက်အသွယ်မပြတ်ဘူး။ မကြာသေးခင်ကမှ အသင်းတော်ကို ပြောင်းရွှေ့လာတဲ့သူတွေနဲ့ ကလေးတွေရဲ့နာမည်အားလုံးကို မှတ်မိတယ်” ဟုသက်သေခံတစ်ဦးက ပြောခဲ့သည်။ သူ၏ဧည့်ဝတ်ပျူငှာခြင်း၊ ဟာသဉာဉ်ရှိခြင်း၊ အပြုသဘောရှိခြင်းတို့ကိုလည်း လူသိများသည်။

အဘယ်အရာက အီလင်းအား ပျော်ရွှင်နေစေပြီး ဘဝရည်ရွယ်ချက်ရှိစေသနည်း။ သူသည် ယေဟောဝါသက်သေများထုတ်ဝေသော ကျမ်းစာကိုနေ့စဉ်စေ့စေ့ဖတ်ရှုခြင်းစာအုပ်မှ ကျမ်းချက်တစ်ချက်ကို နေ့စဉ်ဖတ်ရှုသည်။ ထို့ပြင် မှန်ဘီလူးသုံးပြီး နေ့စဉ် ကျမ်းပိုဒ်တစ်ပိုဒ်ဖတ်ရှုသည်။ ပတ်စဉ်အစည်းအဝေးများအတွက်လည်း ပြင်ဆင်သည်။ လူကိုယ်တိုင် မတက်ရောက်နိုင်သော်လည်း အသံသွင်းတိတ်ခွေများ နားထောင်သည်။ ကျွန်ုပ်တို့သည် မည်သည့်အသက်အရွယ်ပင်ရှိပါစေ ကျမ်းစာနှင့်ကျမ်းစာအခြေပြုစာပေများကို မှန်မှန်ဖတ်ရှုပြီး အသင်းတော်အစည်းအဝေးများကို လျစ်လျူမရှုလျှင် ကျေနပ်ပျော်ရွှင်မှုခံစားရပြီး ဘဝရည်ရွယ်ချက်ရှိလာပါလိမ့်မည်။—⁠ဆာလံ ၁:၂; ဟေဗြဲ ၁၀:၂၄၊ ၂၅။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ