ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၆ ၁၂/၁ စာ. ၃၂
  • တရားသူကြီးတစ်ဦး ဆုံးမခံရနိုင်သလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တရားသူကြီးတစ်ဦး ဆုံးမခံရနိုင်သလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
က၀၆ ၁၂/၁ စာ. ၃၂

တရားသူကြီးတစ်ဦး ဆုံးမခံရနိုင်သလော

ခရိုအေးရှားမှ ယေဟောဝါသက်သေတစ်ဦးဖြစ်သူ စလာဒျာနာသည် ငွေရေးကြေးရေးကိစ္စအချို့ကြောင့် တရားရုံးသို့ အချိန်အတိအကျသွားခဲ့သည်။ သို့သော် ထိုအမှုတွင်ပါဝင်သူတစ်ဦးမှာ နောက်ကျနေသည်။ စလာဒျာနာသည် သက်သေခံလိုစိတ် ပြင်းပြလာရာ လူအားလုံးစောင့်နေစဉ် အရဲစွန့်ပြီး တရားသူကြီးကို စကားပြောလိုက်သည်။

“ဆရာ၊ မကြာခင် ကမ္ဘာပေါ်မှာ တရားသူကြီးတွေ၊ တရားရုံးတွေ ရှိတော့မှာမဟုတ်ဘူးဆိုတာ သိလား” ဟုမေးခဲ့သည်။

တရားသူကြီးမှာ အံ့သြလွန်း၍ စကားတစ်ခွန်းမျှ ပြန်မပြောနိုင်ဘဲ သူ့ကို ကြည့်ရုံသာကြည့်နေသည်။ ထို့နောက် ရုံးအမှုကိစ္စများစတင်ကြသည်။ ကိစ္စပြီးဆုံးသွားသောအခါ စလာဒျာနာသည် စာရွက်စာတမ်းပေါ်တွင် လက်မှတ်ထိုးဖို့ ထလိုက်ရာ တရားသူကြီးက ကိုယ်ကိုညွတ်လိုက်ပြီး “ကမ္ဘာပေါ်မှာ တရားသူကြီးနဲ့ တရားရုံးတွေမရှိတော့မယ့်အချိန် ရောက်လာမယ်လို့ မင်းအခုနပြောတာ တကယ်သေချာလား” ဟုတီးတိုးမေးလေသည်။

“လုံးဝသေချာပါတယ်၊ ဆရာ” ဟုစလာဒျာနာပြန်ဖြေခဲ့သည်။

“အဲဒီအတွက် မင်းမှာ ဘာသက်သေအထောက်အထားရှိသလဲ” ဟုတရားသူကြီးကမေးပြန်သည်။

“သမ္မာကျမ်းစာမှာရှိပါတယ်” ဟုစလာဒျာနာဖြေသည်။

ထိုသက်သေအထောက်အထားကို သိရှိလိုသော်လည်း သူ့တွင် သမ္မာကျမ်းစာမရှိဟု တရားသူကြီးကပြောသည်။ ထို့ကြောင့် စလာဒျာနာက ကျမ်းစာတစ်အုပ်ပေးမည်ဟုပြောခဲ့၏။ သက်သေခံများသည် ထိုတရားသူကြီးထံလည်ပတ်ပြီး ကျမ်းစာတစ်အုပ်ပေးကာ ပတ်စဉ်ကျမ်းစာလေ့လာရန် အားပေးခဲ့ကြသည်။ တရားသူကြီးကလက်ခံခဲ့ပြီး မကြာမီ ယေဟောဝါသက်သေတစ်ဦးဖြစ်လာသည်။

ဆာလံ ၂:၁၀၊ [သမ္မာ] တွင်ပါသော ပရောဖက်ပြုစကားမှာ ဤသို့ဖြစ်၏– “ဘုရင်မင်းတို့ ပညာသတိရှိကြလော့။ မြေကြီးပေါ်ရှိတရားသူကြီးတို့ ဆုံးမခြင်းကိုခံကြလော့။” ထိုသို့သောသူများ ယေဟောဝါ၏မေတ္တာပါလမ်းညွှန်ချက်ကို နှိမ့်ချစွာလက်ခံခြင်းက အမှန်နှလုံးနွေးထွေးဖွယ်ပင်!

[စာမျက်နှာ ၃၂ ပါ ရုပ်ပုံ]

စလာဒျာနာနှင့် တရားသူကြီး

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ