ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၆ ၁၁/၁ စာ. ၃၂
  • ဒယ်န်ယယ်လ် နှင့် စည်းဝေးကြီး ရင်ထိုးကတ်ပြား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဒယ်န်ယယ်လ် နှင့် စည်းဝေးကြီး ရင်ထိုးကတ်ပြား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
က၀၆ ၁၁/၁ စာ. ၃၂

ဒယ်န်ယယ်လ် နှင့် စည်းဝေးကြီး ရင်ထိုးကတ်ပြား

မိမိတို့ကိုယ်ကို ဖြောင့်မတ်သည်ဟု ယူမှတ်သော ဘာသာရေးခေါင်းဆောင်များသည် ကလေးသူငယ်များက ဘုရားသခင်အား ချီးမွမ်းကြွေးကြော်သည်ကို မြင်သောအခါ အမျက်ထွက်ကြသဖြင့် ယေရှု သူတို့ကို အပြစ်တင်ခဲ့သည်။ သူတို့ကို ကိုယ်တော်ဤသို့မေးခဲ့၏– “ ‘နို့စို့သူငယ်တို့နှုတ်ထဲမှ ကိုယ်တော်သည် ချီးမွမ်းခြင်းကို ပြင်ဆင်တော်မူသည်’ ဟူသောစကားကို သင်တို့သည် တစ်ရံတစ်ခါမျှမဖတ်ဖူးသလော။”—မဿဲ ၂၁:၁၅၊ ၁၆။

လူငယ်များသည် ယေဟောဝါကို ချီးမွမ်းနေဆဲဖြစ်ကြောင်း ဂျာမနီနိုင်ငံရှိ ရုရှားစကားပြောအသင်းတော်မှ ခြောက်နှစ်အရွယ် ဒယ်န်ယယ်လ်၏အဖြစ်အပျက်က ဖော်ပြသည်။ သူ့အမေ၊ အစ်မတို့နှင့်အတူ ယူးစ်ဘာ့ဂ်မြို့တွင် ကျင်းပသော ယေဟောဝါသက်သေများ၏ စည်းဝေးကြီးကို သူတက်ရောက်ခဲ့သည်။ သူတို့သည် ထိုသို့သောစည်းဝေးကြီးကို ဦးဆုံးအကြိမ် တက်ရောက်ခြင်းဖြစ်သည်။ ဟိုတယ်၊ ပရိသတ်ကြီး၊ သုံးရက်တိုင် ထိုင်နားထောင်ရခြင်း၊ နှစ်ခြင်းအစီအစဉ်နှင့် ပြဇာတ်စသည်တို့အားလုံး သူတို့အတွက် အသစ်အဆန်းဖြစ်နေ၏။ ဒယ်န်ယယ်လ်ကော။ သူ့အမူအကျင့်မှာ စံနမူနာယူလောက်သည်။

စည်းဝေးကြီးပြီးနောက် တနင်္လာနေ့တွင် ကျောင်းသွားဖို့ သူစောစောအိပ်ရာထသည်။ သူ့ဂျာကင်အင်္ကျီပေါ်တွင် ဘာရှိနေသနည်း။ စည်းဝေးကြီးရင်ထိုးကတ်ပြားဖြစ်သည်။ သူ့အမေက “စည်းဝေးကြီးပြီးသွားပြီ။ ရင်ထိုးကတ်ပြားကို ဖြုတ်လိုက်တော့” ဟုပြော၏။ သို့သော် ဒယ်န်ယယ်လ်က “ကျွန်တော် ဘယ်သွားခဲ့တယ်၊ ဘာတွေသင်ယူခဲ့တယ်ဆိုတာ လူတိုင်းကိုသိစေချင်တယ်” ဟုပြန်ပြောခဲ့သည်။ ထို့ကြောင့် ကျောင်းတွင် တစ်နေ့လုံး ရင်ထိုးကတ်ပြားကို တပ်ထားခဲ့သည်။ သူ့ဆရာမက ယင်းအကြောင်းကို မေးသောအခါ စည်းဝေးကြီးအစီအစဉ်များကို သူပြောပြခဲ့သည်။

ဤနည်းဖြင့် ဒယ်န်ယယ်လ်သည် ရာစုနှစ်တစ်လျှောက် ယေဟောဝါကို ချီးမွမ်းခဲ့ကြသော လူငယ်မြောက်မြားစွာ၏ ပုံသက်သေကို လိုက်လျှောက်ခဲ့လေသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ