ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၆ ၁၀/၁ စာ. ၃၂
  • အပြောကျယ်ကျယ်သမုဒ္ဒရာတွင် သွားလာခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အပြောကျယ်ကျယ်သမုဒ္ဒရာတွင် သွားလာခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
က၀၆ ၁၀/၁ စာ. ၃၂

အပြောကျယ်ကျယ်သမုဒ္ဒရာတွင် သွားလာခြင်း

မာရှယ်ကျွန်းစုတွင် ကျွန်းကြီးကျွန်းငယ်ပေါင်း ၁,၂၀၀ ကျော်ပါဝင်ပြီး အများစုမှာ ပင်လယ်ရေမျက်နှာပြင်အထက် ပေအနည်းငယ်သာမြင့်ကြသည်။ ယင်းတို့ကို ခပ်လှမ်းလှမ်းမှကြည့်လျှင် မမြင်ရတော့ပေ။ သို့သော် ရှေးခေတ်မာရှယ်ကျွန်းသား ရေကြောင်းသွားလာသူများသည် ကနူးလှေများဖြင့် ကျွန်းငယ်တစ်ကျွန်းမှတစ်ကျွန်းသို့သွားလာနိုင်ကြပြီး စတုရန်းမိုင်တစ်သန်းရှိသည့် ပစိဖိတ်သမုဒ္ဒရာ၏ လေးပုံသုံးပုံခန့်ကို သွားလာနိုင်ကြသည်။ သူတို့မည်သို့သွားလာကြသနည်း။ ရိုးရှင်းသော်လည်း အလွန်ထိရောက်သည့် သရုပ်ဖော်ရေပုံကို အသုံးပြုခြင်းဖြင့်ဖြစ်သည်။

လက်ရှိကုန်းမြေကြောင့် ဖြစ်ပေါ်လာသော လှိုင်းပုံစံအချို့က မိုင် ၂၀ ကျော်အဝေးတွင်ရှိသော ကျွန်းတစ်ကျွန်း၏ တည်နေရာကိုဖော်ပြကြောင်း အတွေ့အကြုံအားဖြင့် မာရှယ်ကျွန်းသားများ သိရှိခဲ့ကြသည်။ လှိုင်းပုံစံများစွာရှိပြီး သရုပ်ဖော်ရေပုံက ယင်းတို့ကို မှတ်မိရန် အထောက်အကူပြုသည်။ ထိုသရုပ်ဖော်ရေပုံသည် မည်သည့်ပုံစံရှိသနည်း။ ပုံတွင် တွေ့နိုင်သည့်အတိုင်း ထန်းမျိုးဝင်အပင်တစ်မျိုး၏ အမြစ်များ သို့မဟုတ် အုန်းရွက်အရိုးများကို တွဲချည်ပြီး လှိုင်းပုံစံများကို သရုပ်ဖော်သည်။ ခရုခွံငယ်များသည် ကျွန်းများ၏အနေအထားကိုသရုပ်ဖော်သည်။

သရုပ်ဖော်ရေပုံဖြင့် ရေကြောင်းသွားလာခြင်းကို နှစ်ပေါင်းများစွာ လျှို့ဝှက်ထားခဲ့၍ ရွေးချယ်ထားသူအချို့ကိုသာ ပြောပြခဲ့ကြသည်။ ငယ်ရွယ်သည့် ရေကြောင်းသွားလာသူတစ်ဦးသည် သရုပ်ဖော်ရေပုံ အသုံးပြုနည်းကို မည်သို့သင်ယူမည်နည်း။ လေ့ကျင့်မှုနှင့် လက်တွေ့လုပ်ဆောင်မှုအားဖြင့်သာဖြစ်သည်။ အတွေ့အကြုံရှိသူက ငယ်ရွယ်သူကိုသင်ပေးပြီး အနီးအနားကျွန်းများသို့ သွားချိန်များတွင် အတူခေါ်သွားပုံရသည်။ သူသည် လှိုင်းပုံစံများကို မှတ်မိအောင်သင်ယူ၍ သရုပ်ဖော်ရေပုံသုံးရာတွင် ယုံကြည်မှုရှိလာသည်။ နောက်ဆုံးတွင် သမုဒ္ဒရာ၌ သူ့ဘာသာသွားလာနိုင်မည်ဖြစ်သည်။

အလားတူ၊ ဘုရားသခင့်နှုတ်မြွက်စကားတော် သမ္မာကျမ်းစာသည် ကျွန်ုပ်တို့၏ ဘဝလမ်းခရီးတွင် လမ်းပြဖြစ်သည်။ အစတွင် ကျမ်းစာ၏အခြေခံအမှန်တရားကို နားလည်ရန် တစ်စုံတစ်ဦးက ကူညီပေးပေမည်။ ထို့နောက် ကျမ်းစာကိုဆက်လေ့လာပြီး ကျမ်းစာမူများကို ကျင့်သုံးလာသည်နှင့်အမျှ ကျမ်းစာပြောဆိုရာကို ယုံကြည်စိတ်ချလာသည်။ ဣသရေလတို့၏ခေါင်းဆောင် ယောရှုသည် “ကျမ်းစာ၌ရေးထားသမျှအတိုင်း ကျင့်မည်ဟုစောင့်ရှောက်ခြင်းအလို့ငှာ” ကျမ်းစာကိုအမြဲဖတ်ရှုဖို့ မိန့်မှာခံရသည်။ “သို့ပြုလျှင် သင်သည် အကြံထမြောက်၍အောင်မြင်လိမ့်မည်” ဟုဘုရားသခင်မိန့်တော်မူ၏။ (ယောရှု ၁:၈) မှန်ပါသည်၊ စိတ်ချရပြီးအောင်မြင်သောဘဝလမ်းစဉ်ကို သမ္မာကျမ်းစာက ဖော်ပြပေးနိုင်ပါသည်။

[Picture Credit Line on page 32]

© Greg Vaughn

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ