ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၆ ၈/၁၅ စာ. ၃၂
  • ဇရာအိုငြား လှောင်ပိတ်မသွား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဇရာအိုငြား လှောင်ပိတ်မသွား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
က၀၆ ၈/၁၅ စာ. ၃၂

ဇရာအိုငြား လှောင်ပိတ်မသွား

ဇရာထောင်းလာသည်နှင့်အမျှ လူများစွာ အိုမင်းမစွမ်းဖြစ်လာပြီး အထီးကျန်လာကြသည်။ သို့သော် ဆွစ်ဇလန်နိုင်ငံ၊ ဂျီနီဗာမြို့မှ အသက် ၉၅ နှစ်တွင် သေဆုံးသွားသူ ဖာနန် ရီဗိုရိုအတွက်မူ ယင်းသို့မဟုတ်ပေ။ သူ့ဇနီး သေဆုံးသွားပြီး သမီးဖြစ်သူလည်း အိမ်ထောင်ကျကာ အိမ်ခွဲနေသောကြောင့် သူတစ်ဦးတည်း နေထိုင်ခဲ့သည်။ သူ့အိမ်တွင် လှောင်ပိတ်ခံရသည့်နှယ် တစ်ကိုယ်တည်းဖြစ်နေသော်လည်း အထီးကျန်မဖြစ်ခဲ့ပေ။ ဧည့်ခန်းရှိ စားပွဲတစ်လုံးတွင်ထိုင်ပြီး အခြားသူများအား ဝိညာဉ်ရေးရာများကို ဖုန်းဖြင့်ပြောဆိုသက်သေခံခဲ့သည်။

သူ့ဘဝတွင် တကယ်လှောင်ပိတ်ခံခဲ့ရသည့်အချိန်များလည်း ရှိခဲ့ဖူးသည်။ အဘယ်ကြောင့်နည်း။ ဖာနန်နှင့်သူ့ဇနီး ယေဟောဝါသက်သေများဖြစ်ခါစအချိန် ၁၉၃၉ ခုနှစ်တွင် ဥရောပ၌ ဒုတိယကမ္ဘာစစ်ဖြစ်ပွားခဲ့၏။ ဖာနန်သည် အခြားသူများကို အန္တရာယ်မပြုရန် စိတ်ပိုင်းဖြတ်ထားသောကြောင့် အလုပ်ပြုတ်သွားပြီး စုစုပေါင်းထောင်ဒဏ် ငါးနှစ်ခွဲကျခံခဲ့ရသည်။ ထိုအတောအတွင်း ဇနီး၊ သမီးငယ်နှင့် ခွဲခွာခဲ့ရ၏။

နောက်ကြောင်းပြန်စဉ်းစားရင်း သူဤသို့ပြောသည်– “ကျွန်တော်ဟာ အလုပ်ကောင်းကို စွန့်လွှတ်ပြီး မိသားစုကိုပစ်ထားတဲ့သူလို့ လူတွေထင်ပုံရတယ်။ ဒါကြောင့် ကျွန်တော့်ကို အထင်သေးပြီး ရာဇဝတ်ကောင်တစ်ယောက်လို ဆက်ဆံကြတယ်။ ဒါပေမဲ့ အဲဒီခက်ခဲတဲ့အချိန်တွေကို ပြန်စဉ်းစားကြည့်ရင် တခြားအရာတွေထက် ယေဟောဝါ ကျွန်တော်တို့ကို ကူညီပေးခဲ့ပုံကိုပဲ ပိုသတိရတယ်။ နှစ်တွေအများကြီး ကုန်လွန်ခဲ့ပေမဲ့ ယေဟောဝါအပေါ် ကျွန်တော့်ရဲ့ယုံကြည်ကိုးစားမှုကတော့ ခိုင်မာနေဆဲပါပဲ။”

ထိုယုံကြည်ခြင်းကြောင့် ဖာနန်သည် အခြားသူများကို မိမိ၏ကျမ်းစာမျှော်လင့်ချက်အကြောင်း ဖုန်းဖြင့်ပြောပြခဲ့သည်။ တစ်စုံတစ်ဦးနှင့် ကောင်းစွာစကားပြောဆိုခွင့်ရလျှင် ထိုသူထံ ကျမ်းစာ,စာပေများ ပို့ပေးသည်။ စာပေကို ကြိုက်မကြိုက်သိရှိရန် ထိုသူထံ နောက်တစ်ကြိမ် ပြန်ဆက်သွယ်သည်။ တစ်ခါတစ်ရံ အချို့က ကျေးဇူးတင်ကြောင်း စာပြန်ကြရာ သူအလွန်ပျော်ရွှင်ခဲ့၏။

သင့်ဒေသတွင် ဖာနန်ကဲ့သို့သောသူ တစ်ဦးဦးနှင့် သင်ဆက်သွယ်မိနိုင်သည်။ သူ၏ယုံကြည်ချက်အကြောင်း ပြောပြရာကို နားထောင်ကြည့်ပါလေ။ ယေဟောဝါသက်သေများသည် မိမိတို့၏ယုံကြည်ချက်များကို အခြားသူတို့အား ဝမ်းမြောက်စွာပြောပြလိုကြပါသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ