ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၆ ၈/၁၅ စာ. ၂-၃
  • စိတ်နှိမ့်ချသောသူတို့သည်မြေကြီးကို အမွေခံရကြမည်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စိတ်နှိမ့်ချသောသူတို့သည်မြေကြီးကို အမွေခံရကြမည်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ပရဒိသုမှာ ပြန်တွေ့မယ်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • သမ္မာကျမ်းစာပါ သာယာအေးချမ်းတဲ့ဥယျာဉ် ပရဒိသုက ဘယ်မှာရှိသလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • “ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံပါစေ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ပရဒိသုသို့ အိမ်ပြန်ခရီး
    နိုးလော့!—၁၉၉၈
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
က၀၆ ၈/၁၅ စာ. ၂-၃

စိတ်နှိမ့်ချသောသူတို့သည်မြေကြီးကို အမွေခံရကြမည်

“သဘာဝပတ်ဝန်းကျင်တစ်ခုလုံး ပြောင်းလဲသွားပြီး အရာအားလုံး ပြန်သင့်မြတ်လာလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ . . . ဒါပေမဲ့ ချက်ချင်းတော့မဟုတ်ဘူး၊ ကောင်းကင်သစ်နဲ့မြေကြီးသစ် တည်ထောင်မယ့် အလှမ်းဝေးတဲ့အနာဂတ်မှာ ဖြစ်လာလိမ့်မယ်။”—ဇဲန်မာရီပဲလ်တ်၊ ပြင်သစ်လူမျိုး၊ ဝန်းကျင်ဆိုင်ရာအထူးကျွမ်းကျင်သူ။

ကမ္ဘာ့ပတ်ဝန်းကျင်နှင့် လူမှုရေးအခြေအနေများကြောင့် လူအများ ပူပင်သောကရောက်နေကြရာ ဤကမ္ဘာဂြိုဟ်ကြီး ပရဒိသုအဖြစ်ပြောင်းလဲသွားဖို့ မျှော်လင့်ကြပေမည်။ သို့သော် ထိုမျှော်လင့်ချက်သည် ၂၁ ရာစု၏ အိပ်မက်မျှသာမဟုတ်ပါ။ မြေကြီးပရဒိသု ပြန်လည်တည်ထောင်မည်ဟု ကြာမြင့်စွာကတည်းက သမ္မာကျမ်းစာတွင် ကတိပြုထားသည်။ ယေရှု ဤသို့မိန့်တော်မူ၏– “စိတ်နူးညံ့သိမ်မွေ့ [စိတ်နှိမ့်ချ] သောသူတို့သည် . . . ပြည်တော် [မြေကြီး] ကို အမွေခံရကြလတ္တံ့။” “အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။” ထိုစကားများသည် သမ္မာကျမ်းစာထဲမှ လူသိများသောကျမ်းပိုဒ်များဖြစ်သည်။ (မဿဲ ၅:၅; ၆:၁၀) သို့သော် ယနေ့ လူများစွာက စိတ်နှိမ့်ချသူများအမွေခံရမည့် မြေကြီးပရဒိသုကို မယုံကြည်ကြတော့ပေ။ ခရစ်ယာန်အမည်ခံသူအများစုအတွက် ပရဒိသုမျှော်လင့်ချက် ပျောက်ဆုံးသွားလေပြီ။

ပြင်သစ်ပတ်စဉ်မဂ္ဂဇင်းတစ်စောင် (La Vie) က မြေကြီးပေါ်ဖြစ်စေ၊ ကောင်းကင်ပေါ်ဖြစ်စေ ပရဒိသုတည်ထောင်မည်ဟူသော မျှော်လင့်ချက်သည် ချာ့ချ်တွင်ပင် ပျောက်ဆုံးသွားရသည့် အကြောင်းရင်းကို ဤသို့ရှင်းပြ၏– “ချာ့ချ်သွန်သင်ချက်များ နှစ်ပေါင်း ၁၉၀၀ ကြာ လွှမ်းမိုးခဲ့ပြီးနောက် ပရဒိသုယုံကြည်ချက်သည် တရားထိုင်ဆုတောင်းမှုများ၊ တနင်္ဂနွေနေ့တရားဟောပွဲများ၊ ဘာသာရေးသင်တန်းများနှင့် မေးဖြေဆွေးနွေးခန်းများမှ ကွယ်ပျောက်သွားခဲ့ပြီ။” ‘ပရဒိသု’ ဟူသောစကားလုံးကပင် “ပဟေဠိဆန်ဆန် ရှုပ်ထွေးမှုများဖြင့် လွှမ်းနေသည်။” ခရစ်ယာန်ဓမ္မဆရာအချို့က ဤစကားလုံးကို လုံးလုံးဖယ်ထုတ်နေကြ၏။ အကြောင်းမှာ ယင်းသည် “မြေကြီးပေါ်ရရှိမည့် ပျော်ရွှင်မှုအကြောင်းများကိုသာ ပေါ်လွင်စေ” သောကြောင့်ဖြစ်သည်။

ဘာသာရေးကို အထူးလေ့လာလိုက်စားသူ လူမှုဗေဒပညာရှင် ဖရက်ဒရစ်လဲန်ဝါအတွက် ပရဒိသုသည် “အဓိပ္ပာယ်မဲ့ပြီး လက်တွေ့မကျသော အယူအဆ” ဖြစ်လာသည်။ အလားတူ၊ ပရဒိသုအကြောင်း စာအုပ်များစွာရေးသားခဲ့သူ သမိုင်းပညာရှင် ဇန်းဒီလျူမိုက သမ္မာကျမ်းစာကတိတော်များ ပြည့်စုံခြင်းသည် ပုံဆောင်ချက်မျှသာဖြစ်သည်ဟု ယူဆသည်။ “သို့ဆိုလျှင် ‘ပရဒိသုနှင့်ပတ်သက်ပြီး အဘယ်အရာကျန်သေးသနည်း။’ ခရစ်ယာန်တို့၏ ယုံကြည်ချက်အရ ကယ်တင်ရှင်၏ ထမြောက်တော်မူခြင်းကြောင့် တစ်နေ့နေ့တွင် ကျွန်ုပ်တို့အားလုံး သုခချမ်းသာခံစားကြရမည်” ဟုသူရေးသားခဲ့သည်။

မြေကြီးပရဒိသုအကြောင်းသည် လက်တွေ့ကျဆဲလော။ ကျွန်ုပ်တို့ ကမ္ဘာဂြိုဟ်အတွက် အဘယ်အနာဂတ်ရှိသနည်း။ အနာဂတ်မြင်ကွင်းသည် မှုန်ဝါးနေသလော သို့မဟုတ် ကြည်လင်ပြတ်သားနေသလော။ ဤမေးခွန်းများကို နောက်ဆောင်းပါးက အဖြေပေးပါလိမ့်မည်။

[Picture Credit Line on page 2]

COVER: Emma Lee/​Life File/​Getty Images

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ