ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၆ ၇/၁ စာ. ၂၀
  • “မထင်မှတ်တဲ့ အကောင်းဆုံးရလဒ်ပဲ”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “မထင်မှတ်တဲ့ အကောင်းဆုံးရလဒ်ပဲ”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • အမြင်ပြောင်းလဲသွားသော ဆရာမတစ်ဦး
    နိုးလော့!—၂၀၀၉
  • ဆရာဆရာမ—ကျွန်ုပ်တို့ အဘယ်ကြောင့်လိုအပ်ရ
    နိုးလော့!—၂၀၀၃
  • ဆရာနဲ့ အဆင်ပြေအောင် ဘာလုပ်ရမလဲ
    လူငယ်များအမေး
  • ကျောင်းတွင် ယေဟောဝါအားချီးမွမ်းခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
က၀၆ ၇/၁ စာ. ၂၀

“မထင်မှတ်တဲ့ အကောင်းဆုံးရလဒ်ပဲ”

စပိန်နိုင်ငံမှ အထက်တန်းကျောင်းဆရာတစ်ဦးက ဤသို့ရေးသားခဲ့၏– “ယေဟောဝါသက်သေများသည် အမှန်တကယ် စည်းလုံးညီညွတ်ခြင်း၊ အပြစ်ဆိုဖွယ်မရှိအောင် ရိုးသားခြင်း၊ ထို့ထက်ကား ခိုင်မြဲသောယုံကြည်ခြင်း တင်ပြလာကြသည်မှာ နှစ်ပေါင်းတစ်ရာကျော်ခဲ့ပြီ။” ဘုရားသခင်မဲ့ဝါဒီအမည်ခံသော ထိုကျောင်းဆရာကို ယင်းသို့ရေးသားရန် အဘယ်အရာက စေ့ဆော်ခဲ့သနည်း။

ယင်းအဖြစ်အပျက်အားလုံးမှာ ယေဟောဝါသက်သေတစ်ဦးဖြစ်သော အထက်တန်းကျောင်းသူ နောမိသည် အတန်းတင်စာမေးပွဲအတွက် စာစီစာကုံးရေးသားရန် တာဝန်ရသည်မှ စတင်ခဲ့ခြင်းဖြစ်၏။ “နာဇီအုပ်ချုပ်မှုအောက်မှ ခရမ်းရောင်တြိဂံများ” ဟူသောခေါင်းစဉ်ဖြင့် အကျယ်တဝင့်ရေးသားရန် သူဆုံးဖြတ်ခဲ့သည်။

အဘယ်ကြောင့် ထိုအကြောင်းအရာကို ရွေးချယ်ရသနည်း။ နောမိ ဤသို့ ရှင်းပြသည်– “ကျွန်မရဲ့စာစီစာကုံးကို ဆရာတစ်ယောက်က စစ်မှာဆိုတော့ ဒါကိုအခွင့်ကောင်းယူပြီး သူ့ကိုသက်သေခံနိုင်တယ်လို့ တွေးမိတယ်။ နာဇီဂျာမနီလက်ထက်က ယေဟောဝါသက်သေတွေ ဘယ်လောက်ထိ သမာဓိစောင့်သိခဲ့တယ်ဆိုတဲ့အကြောင်း ကျွန်မစိတ်ထဲမှာ စွဲနေတယ်။ တခြားသူတွေကိုလည်း အဲလို ပဲစွဲမှတ်စေမယ်လို့ ကျွန်မယူဆတယ်။”

နောမိ၏စာစီစာကုံးမှာ သူထင်ထားသည်ထက် ပိုအကျိုးရှိခဲ့သည်။ ၂၀၀၂၊ အောက်တိုဘာ ၅ ရက်တွင် သိပ္ပံနှင့်လူသဘောသဘာဝလေ့လာရေးအဖွဲ့၊ အမျိုးသားအဆင့်ပြိုင်ပွဲတွင် သူ၏စာစီစာကုံး ဆုရရှိခဲ့သည်။ နာမည်ကျော်စပိန်တက္ကသိုလ်များမှ ပါမောက္ခ ၂၀ ပါဝင်သော အကဲဖြတ်လူကြီးအဖွဲ့က ထိုပြိုင် ပွဲတွင် ဆုချီးမြှင့်ပေးသည်။

စပိန်လူမျိုး ပညာရေးဝန်ကြီး ပီလာ ဒယ်ကတ်စ်တီယိုက နောမိကို ဆုချီးမြှင့်ခဲ့သည်။ နောမိသည် အခွင့်ကောင်းယူကာ ဝန်ကြီးအား ယေဟောဝါသက်သေတို့ နာဇီထိုးနှက်မှုကို အခိုင်အမာရပ်တည် ဗီဒီယိုတိတ်ခွေကို လက်ဆောင်ပေးခဲ့သည်။ ဝန်ကြီးကလည်း ထိုလက်ဆောင်ကို လိုလိုလားလားလက်ခံခဲ့သည်။

နောမိ၏ဇာတိ မန်ရီစာမြို့မှ ဒေသခံသတင်းစာတွင်လည်း သူ၏စာပေဆုအကြောင်း ဖော်ပြပြီး ထိုစာစီစာကုံးကို ပြန်လည်သုံးသပ်ထားသည်။ ထိုအတောအတွင်း ကျောင်းအုပ်ဆရာကြီးက အထက်တန်းကျောင်း၏ ၇၅ နှစ်မြောက် စိန်ရတုအခမ်းအနားတွင် အစီအစဉ်တစ်ခုအဖြစ် ထည့်သွင်းရန် စာစီစာကုံးမိတ္တူတစ်စောင် တောင်းယူခဲ့သည်။

“ကျွန်မရဲ့ စာသင်နှစ်အကုန်ပိုင်းမှာရတဲ့ ကျောင်းမှတ်တမ်းမှာ ဆရာ ဟိုးရ်ဟေးတောမတ်စ်ကာလော့တ်က ဒီလိုနိဒါန်းပျိုးခဲ့တယ်– ‘ကျွန်တော်သည် ဘုရားသခင်မဲ့ဝါဒီတစ်ဦးဖြစ်သည်၊ သို့သော် ကိုယ်နှင့်စပ်ဆိုင်သူကို စစ်မှန်သောမေတ္တာဖြင့်ချစ်တတ်ရန် မိမိအားကိုးကွယ်သူများကို သင်ပေးသည့် အမြင့်မြတ်ဆုံးဘုရားသခင်တစ်ပါးရှိကြောင်း လုံးလုံးလျားလျားယုံကြည်စိတ်ချလိုသည်။’ ဒီစကားတွေကို ကျွန်မဖတ်ရတဲ့အခါ အရမ်းပီတိဖြစ်မိတယ်။ ဒါဟာ ကျွန်မရဲ့အထက်တန်းကျောင်းသက်တမ်းမှာ မထင်မှတ်တဲ့ အကောင်းဆုံးရလဒ်ပဲ” ဟုနောမိပြောပြသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ