ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၆ ၆/၁ စာ. ၃၂
  • “ဂါလိလဲနယ်တစ်ခွင်၏ ကျက်သရေဆောင်”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ဂါလိလဲနယ်တစ်ခွင်၏ ကျက်သရေဆောင်”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
က၀၆ ၆/၁ စာ. ၃၂

“ဂါလိလဲနယ်တစ်ခွင်၏ ကျက်သရေဆောင်”

ယေရှုကြီးပြင်းလာရာ နာဇရက်မြို့၏ အနောက်မြောက်ဘက် လေးမိုင်အကွာတွင် ခရစ်ဝင်ကျမ်းများ၌ တစ်ကြိမ်မျှဖော်ပြမထားသော မြို့တစ်မြို့ရှိသည်။ သို့တိုင် ပထမရာစုမှ လူသိများသော ဂျူးသမိုင်းပညာရှင် ဂျိုစီဖတ်က ၎င်းမြို့ကို “ဂါလိလဲနယ်တစ်ခွင်၏ ကျက်သရေဆောင်” ဟု ခေါ်ဆိုခဲ့သည်။ ယင်းကား စဖောရစ်မြို့ပင်ဖြစ်သည်။ ထိုမြို့နှင့်ပတ်သက်၍ ကျွန်ုပ်တို့အဘယ်အရာသိရှိရသနည်း။

ဟေရုဒ်မင်းကြီးကွယ်လွန်ပြီးနောက်၊ ဖြစ်နိုင်သည်မှာ ဘီစီ ၁ ခုနှစ်တွင် စဖောရစ်မြို့သားများက ရောမကိုပုန်ကန်ကြသည့်အတွက် သူတို့၏မြို့ ဖျက်ဆီးခံခဲ့ရသည်။ ဟေရုဒ်၏သားတော် အန္တိပသည် ဂါလိလဲနှင့် ပေရိယနယ်ကိုဆက်ခံရရှိရာ စဖောရစ်မြို့အပျက်အယွင်းကို သူ၏မြို့တော်သစ်တည်နေရာအဖြစ် ရွေးချယ်ခဲ့သည်။ ဂရိ-ရောမဗိသုကာပုံစံဖြင့် မြို့တော်ကို ပြန်တည်ဆောက်ခဲ့သော်လည်း မြို့သူမြို့သားအများမှာ ဂျူးများဖြစ်ကြသည်။ ပါမောက္ခရစ်ချက် အေ. ဘေတီ၏အဆိုအရ အဆိုပါမြို့သည် “ဂါလိလဲနှင့် ပေရိယနယ်ကို အုပ်ချုပ်သည့် အစိုးရ ရုံးစိုက်ရာမြို့” ဖြစ်လာခဲ့သည်။ အေဒီ ၂၁ ခုနှစ်ခန့်တွင် အန္တိပက တိုင်ဗီရီယပ်စ်မြို့ကိုတည်ပြီး မြို့တော်အဖြစ် အစားထိုးလိုက်သည့်အချိန်အထိ ထိုသို့ဖြစ်ခဲ့သည်။ ထိုအချိန်တွင် ယေရှုသည် အဆိုပါမြို့ပတ်ဝန်းကျင်တွင် နေထိုင်၏။

ထိုစဖောရစ်မြို့တွင် တူးဖော်ခဲ့သော ပါမောက္ခဂျိမ်းစ် စထရဲန်းက ယင်းမြို့၌ မော်ကွန်းတိုက်များ၊ ဘဏ္ဍာတိုက်၊ လက်နက်တိုက်၊ ဘဏ်တိုက်များ၊ လူထုအဆောက်အအုံများနှင့် ကြွေထည်မြေထည်၊ ဖန်ထည်၊ သတ္တုပစ္စည်းများ၊ လက်ဝတ်ရတနာများ၊ အစားအစာအမျိုးမျိုး ရောင်းချသည့် ဈေးများရှိခဲ့ဖူးသည်ဟု ဆို၏။ ရက်ကန်းသည်များနှင့် အဝတ်အထည်ကုန်သည်များရှိပြီး ခြင်းတောင်းများ၊ ပရိဘောဂများ၊ ရေမွှေးများအစရှိသည့် ကုန်ပစ္စည်းများရောင်းချသည့်ဆိုင်များလည်း ရှိခဲ့သည်။ ထိုအချိန်တွင် မြို့သူမြို့သား ၈,၀၀၀ နှင့် ၁၂,၀၀၀ ကြားရှိခဲ့သည်ဟု ခန့်မှန်းရသည်။

နာဇရက်မြို့မှ တစ်နာရီကြာ လမ်းလျှောက်သွားရသော ပျားပန်းခပ်စည်ကားသည့် အဆိုပါမြို့သို့ ယေရှုအလည်သွားခဲ့ဖူးသလော။ ခရစ်ဝင်ကျမ်းများက မဖော်ပြပါ။ သို့သော် အဲန်ခါကျမ်းစာအဘိဓာန်က “ဂါလိလဲနယ် နာဇရက်မြို့မှ ကာနမြို့သို့သွားရာတွင် စဖောရစ်မြို့ကိုဖြတ်သန်းသွားရသည့် လမ်းတစ်တစ်လမ်းရှိသည်” ဟုဆို၏။ (ယောဟန် ၂:၁; ၄:၄၆) ပေ ၄၀၀ နီးပါးမြင့်သော စဖောရစ်တောင်ကုန်းကို နာဇရက်မြို့မှ လှမ်းမြင်နိုင်သည်။ “တောင်ထိပ်၌တည်သောမြို့ကို မကွယ်နိုင်” ဟု ယေရှု ဥပမာပေးသောအခါ အဆိုပါမြို့ကို ကိုယ်တော်ဆိုလိုခြင်းဖြစ်နိုင်၏ဟု အချို့က ယူဆကြသည်။—မဿဲ ၅:၁၄။

အေဒီ ၇၀ ပြည့်နှစ်၌ ယေရုရှလင်ပျက်စီးပြီးနောက် စဖောရစ်သည် ဂါလိလဲနယ်တွင် ဂျူးတို့၏မြို့တော်ဖြစ်လာကာ ဂျူးဗဟိုတရားရုံး ဆဲန်ဟီဒရင်တည်ရာနေရာဖြစ်လာခဲ့သည်။ ဂျူးပညာရေးဆည်းပူးရာမြို့တော်အဖြစ် ကာလအတန်ကြာ စည်ပင်ဖွံ့ ဖြိုးခဲ့သည်။

[စာမျက်နှာ ၃၂ ပါ မြေပုံ/ရုပ်ပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

ဂါလိလဲ

ဂါလိလဲ

ကာန

တိုင်ဗီရီယပ်စ်

စဖောရစ်

နာဇရက်

ပေရိယနယ်

[Picture Credit Line on page 32]

Pottery: Excavated by Wohl Archaeological Museum, Herodian Quarter, Jewish Quarter. Owned by Company for the Reconstruction of the Jewish Quarter in the Old City of Jerusalem, Ltd

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ