ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၆ ၁/၁ စာ. ၃၂
  • မုန်းလို့နှောင့်ယှက်၊ နှစ်သက်တော့ လက်ခံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မုန်းလို့နှောင့်ယှက်၊ နှစ်သက်တော့ လက်ခံ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
က၀၆ ၁/၁ စာ. ၃၂

မုန်းလို့နှောင့်ယှက်၊ နှစ်သက်တော့ လက်ခံ

လွန်ခဲ့သောနှစ်များက စန်တီယာဂိုနှင့် ဇနီး လောဒိစ်တို့သည် ပီရူးနိုင်ငံ၏ လှပသောဝီလ်ကာပါတာမြို့ရှိ လူများကို ကျမ်းစာပါ မျှော်လင့်ချက်သတင်းတရားဝေမျှရန် ပြောင်းရွှေ့လာကြသည်။ မကြာမီ ကူဇကိုမြို့မှ ခရစ်ယာန်ဘုန်းကြီးတစ်ပါးရောက်လာပြီး မြို့သူမြို့သားများကို အစည်းအဝေးခေါ်လိုက်သည်။ ထိုခရစ်ယာန်ဘုန်းကြီးက ယေဟောဝါသက်သေများရောက်ရှိနေခြင်းကြောင့် ကပ်ရောဂါဆိုးကြီးအပြင် ကျွဲနွားနှင့်ကောက်ပဲသီးနှံများကို သေကျေပျက်စီးစေမည့် ဆီးနှင်းများ ထူထပ်စွာကျရောက်လိမ့်မည်ဟု သတိပေးခဲ့သည်။

ဤ “ဟောကိန်း” ကြောင့် လူအများသည် ကျမ်းစာလေ့လာရန် စန်တီယာဂို နှင့်လောဒိစ်တို့၏ ဖိတ်ခေါ်ချက်ကို ခြောက်လကျော်ကြာ လက်မခံခဲ့ကြချေ။ မီဂေးလ်အမည်ရှိ မြို့အရာရှိက စန်တီယာဂိုနှင့်လောဒိစ်တို့နောက် တကောက်ကောက်လိုက်ကာ ခဲနှင့်ပေါက်သော်လည်း သူတို့ မောင်နှံသည် အမြဲပင် ရန်တုံ့မူခြင်းမရှိဘဲ အေးအေးဆေးဆေးပြုမူခဲ့ကြသည်။

အတန်ကြာသော် မြို့သူမြို့သားအချို့က ကျမ်းစာလေ့လာရန် လက်ခံခဲ့ကြသည်။ မီဂေးလ်ပင် စိတ်ပြောင်းသွားကာ စန်တီယာဂိုနှင့် ကျမ်းစာစလေ့လာတော့သည်။ သူသည် အရက်ကို အလွန်အကျွံမသောက်တော့ဘဲ အေးအေးဆေးဆေးနေတတ်သူဖြစ်လာသည်။ နောက်ဆုံးတွင် မီဂေးလ်တို့မောင်နှံနှင့် သမီးနှစ်ယောက်လည်း ကျမ်းစာအမှန်တရားကို လက်ခံယုံကြည်ခဲ့ကြသည်။

ယနေ့ ထိုမြို့တွင် ယေဟောဝါသက်သေများ၏ တိုးတက်နေသော အသင်းတော်တစ်ခု ရှိနေပါသည်။ မီဂေးလ်က မိမိပေါက်ခဲ့သောကျောက်ခဲများ စန်တီယာဂိုနှင့်လောဒိစ်တို့ အား မထိမှန် ခဲ့သည့်အတွက် ဝမ်းသာနေပြီး ၎င်းတို့မောင်နှံ၏ ရန်ကိုရန်ချင်းမတုံ့ပြန်တတ်သော ပုံသက်သေကောင်းအတွက် ကျေးဇူးတင်နေလေသည်။

[စာမျက်နှာ ၃၂ ပါ ရုပ်ပုံ]

စန်တီယာဂိုနှင့်လောဒိစ်၏ (အထက်ပုံ)ရန်ကိုရန်ချင်းမတုံ့ပြန်တတ်သည့် သဘောထားကြောင့်မီဂေးလ် (ညာဘက်စွန်) စိတ်ပြောင်းသွားခဲ့

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ