ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၅ ၁၁/၁၅ စာ. ၃၂
  • “အချင်းချင်းချစ်ခြင်းမေတ္တာနှင့် ပြည့်စုံကြသည်”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “အချင်းချင်းချစ်ခြင်းမေတ္တာနှင့် ပြည့်စုံကြသည်”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
က၀၅ ၁၁/၁၅ စာ. ၃၂

“အချင်းချင်းချစ်ခြင်းမေတ္တာနှင့် ပြည့်စုံကြသည်”

ဂျပန်နိုင်ငံတွင် ၂၀၀၄ ခုနှစ်အတွင်း တိုင်ဖွန်းမုန်တိုင်းများ၊ ရေလွှမ်းမိုးမှုများနှင့် မြေငလျင်များစသော သဘာဝဘေးအန္တရာယ်များစွာ ကျရောက်ခဲ့သည်။ ယင်းတို့သည် ယေဟောဝါသက်သေများအပါအဝင် လူများစွာတို့၏အသက်တာကို ပြင်းပြင်းထန်ထန်ထိခိုက်ခဲ့သည်။ (ဒေ. ၉:၁၁) သို့သော် ဤဆင်းရဲခက်ခဲမှုများသည် သက်သေခံများအား တစ်ဦးကိုတစ်ဦး ညီရင်းအစ်ကိုမေတ္တာ တင်ပြခွင့်ရစေသည်။—၁ ပေတရု ၁:၂၃။

သာဓကအနေနှင့် ဇူလိုင်လတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဂျပန်နိုင်ငံအလယ်ပိုင်းရှိ မြစ်တစ်စင်းတွင် မြစ်ရေကြီးခဲ့သည်။ မြစ်ရေကြီးခြင်းကြောင့် ယေဟောဝါသက်သေများ၏ နေအိမ် ၂၀ ကျော်ပျက်စီးခဲ့ရသည်။ ဘုရားသခင့်နိုင်ငံတော်ခန်းမတစ်လုံးမှာ သုံးပေခန့် ရေမြုပ်သွားခဲ့သည်။ အနီးအနားအသင်းတော်များမှ သက်သေခံများ ချက်ချင်းလာရောက်ကူညီခဲ့ကြသည်။ ရာနှင့်ချီသောစေတနာ့ဝန်ထမ်းများသည် ရွှံ့များတင်ကျန်ခဲ့သည့်အိမ်များကို သန့်ရှင်းပေးခဲ့ကြသည်။ ဘုရားသခင့်နိုင်ငံတော်ခန်းမကို နှစ်ပတ်အတွင်း သန့်ရှင်းရေးလုပ်ပြီး ပြန်ပြုပြင်ခဲ့ကြသည်။

ထိုဒေသမှာပင် အောက်တိုဘာ ၂၃ ရက်တွင် ရစ်ချ်တာစကေး ၆.၈ ရှိမြေငလျင်တစ်ခုလှုပ်ခဲ့သည်။ အနည်းဆုံး လူအယောက် ၄၀ သေဆုံးပြီး ၁၀၀,၀၀၀ ကျော်တို့မှာ နေအိမ်များကိုစွန့်ကာ ထွက်ပြေးကြရသည်။ ရေ၊ လောင်စာနှင့်လျှပ်စစ်မီးတို့ ပြတ်တောက်သွားခဲ့သည်။ ရေလွှမ်းမိုးဘေးပြီးနောက် ပြန်လည်ပြုပြင်ထားသောခန်းမသည် ငလျင်၏ဗဟိုနှင့် မိုင် ၃၀ သာကွာဝေးသော်လည်း မပျက်စီးခဲ့ချေ။ ယင်းကို ယာယီကယ်ဆယ်ရေးစခန်းအဖြစ် အသုံးပြုခဲ့သည်။ ခရစ်ယာန်ကြီးကြပ်မှူးများသည် ယုံကြည်သူချင်းများ ဘေးကင်းလုံခြုံမှုရှိ,မရှိ ချက်ချင်းစစ်ဆေးခဲ့ကြပြီး တစ်ဦးမျှ ထိခိုက်ဒဏ်ရာမရကြောင်း၊ မသေဆုံးကြောင်းသေချာမှ စိတ်အေးကြရသည်။ နောက်တစ်နေ့ နံနက်စောစောတွင် ဇူလိုင်လက ရေလွှမ်းမိုးမှုဒဏ်ခံခဲ့ရသော သက်သေခံခြောက်ဦးသည် ယခု ငလျင်ဒဏ်ခံနေရသောဒေသရှိသူများကို အစာရေစာပေးဝေရန် စိတ်အားထက်သန်စွာ စေတနာ့ဝန်ထမ်းခဲ့ကြသည်။ ငလျင်လှုပ်ပြီး နာရီပိုင်းအတွင်းတွင် ကယ်ဆယ်ရေးပစ္စည်းများ ရောက်ရှိလာသည်။

အကြီးအကဲတစ်ဦးက ဤသို့ပြောပြသည်– “ရေလွှမ်းမိုးမှုဒဏ်ခံခဲ့ရသူတွေက ငလျင်ဒဏ်ခံရတဲ့သူတွေကို ကူညီပေးခြင်းဟာ သူတို့ကိုယ်တိုင်ရရှိခဲ့တဲ့ အကူအညီအတွက် ကျေးဇူးတင်ကြောင်းဖော်ပြဖို့ အခွင့်အရေးဖြစ်တယ်လို့ ယူဆကြတယ်။ မနက်စောစောကနေ ညမိုးချုပ်တဲ့အထိ ကြိုးစားပမ်းစားလုပ်ဆောင်ကြတယ်။ သူတို့ရဲ့ မျက်နှာတွေဟာ ပျော်ရွှင်မှုနဲ့တောက်ပနေတယ်။”

ရေလွှမ်းမိုးမှုများဖြစ်စေ၊ ငလျင်များဖြစ်စေ အဘယ်အရာကမျှ ယေဟောဝါသက်သေများ၏ ခရစ်ယာန်ညီအစ်ကိုအသင်းအပင်းကြားရှိ မေတ္တာနှောင်ကြိုးကို မပျက်စီးစေနိုင်ခဲ့ချေ။ ယင်းအစား ထိုကဲ့သို့သောဘေးအန္တရာယ်များ ခံစားရသောအခါ “လူတိုင်းအသီးအသီးတို့သည် အချင်းချင်းချစ်ခြင်းမေတ္တာနှင့် ပြည့်စုံကြသည်” ဟုသက်သာလောနိတ်မြို့ရှိ ယုံကြည်သူချင်းများအား တမန်တော်ပေါလုပြောခဲ့ရာကို ခရစ်ယာန်များ တွေ့ကြုံခံစားကြရသည်။—၂ သက်သာလောနိတ် ၁:၃။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ