ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၅ ၁၀/၁၅ စာ. ၃၂
  • ပင်လယ်သို့ သင်္ဘောဖြင့်သွားကြသူများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပင်လယ်သို့ သင်္ဘောဖြင့်သွားကြသူများ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
က၀၅ ၁၀/၁၅ စာ. ၃၂

ပင်လယ်သို့ သင်္ဘောဖြင့်သွားကြသူများ

အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက်ပြည်နယ်ရှိ ဂလာ့စတာဆိပ်ကမ်းမြို့ မျက်နှာစာတွင် ကြေးရုပ်တုတစ်ခုရှိ၏။ မုန်တိုင်းကြားတွင် အာရုံစူးစိုက်ပြီး ပဲ့ကိုင်နေသော သင်္ဘောပဲ့နင်းတစ်ဦး၏ပုံဖြစ်သည်။ ထိုကြေးရုပ်သည် ပင်လယ်ပြင်တွင်သေဆုံးခဲ့သော ထောင်နှင့်ချီသည့် ဂလာ့စတာတံငါသည်များကို အမှတ်ရစေသည်။ ကြေးရုပ်၏အောက်ခြေနှင့် ကြေးရုပ်အနီးရှိကျောက်ပြားတွင် ဆာလံ ၁၀၇:၂၃၊ ၂၄ ပါဤစကားကို ထွင်းထားသည်– “ပင်လယ်သို့သင်္ဘောဖြင့်သွား၍ ရေများပေါ်မှာ လုပ်ဆောင်သောသူတို့သည် နက်နဲရာအရပ်၌ ဘုရားသခင်၏အံ့ဖွယ်သောအမှုတော်တို့ကို မြင်ရကြ၏။”— ဂျိမ်းစ်ဘုရင်ဘာသာပြန်ကျမ်း။

အတ္တလန္တိတ်သမုဒ္ဒရာ၏ ငါးပေါများသောနေရာတွင် ငါးဖမ်းခြင်းသည် အလွန်အန္တရာယ်များသော လုပ်ငန်းဖြစ်သည်။ ယခု လူဦးရေ ၃၀,၀၀၀ ခန့်ရှိပြီဖြစ်သော ဂလာ့စတာဆိပ်ကမ်းမြို့မှ အမျိုးသား ၅,၃၆၈ ဦးတို့သည် နှစ်များတစ်လျှောက် ပင်လယ်ပြင်၌ ငါးဖမ်းထွက်စဉ် အသက်ဆုံးခဲ့ကြသည်ဟုဆို၏။ အထိမ်းအမှတ်ကျောက်ပြားက ဤသို့ဆိုသည်– “အချို့သူတို့သည် အရှေ့မြောက်မှတိုက်ခတ်လာသော လေပြင်းမုန်တိုင်းနှင့် ဧရာမလှိုင်းလုံးကြီးများအောက် နစ်မြှုပ်သွားကြသည်။ အချို့သူတို့မူ ငါးဖမ်းဧရိယာသို့သွားသော ရွက်သင်္ဘောမှခွဲထွက်ပြီး ငါးရှာသည့် လှေငယ်လေးပေါ်တွင် ထီးတည်းသေဆုံးခဲ့ကြသည်။ သင်္ဘောအချို့မှာ မုန်တိုင်းများတိုက်ခတ်နေစဉ် အချင်းချင်းတိုက်မိပြီး နစ်မြှုပ်သွားကြသည်။ သင်္ဘောလမ်းကြောင်းအတွင်းရှိ မီးသင်္ဘောနှင့်ဝင်တိုက်မိသည့် သင်္ဘောများလည်းရှိသည်။”

အထိမ်းအမှတ်ကျောက်ပြားက ရာစုနှစ်များတစ်လျှောက် တံငါသည်များ ပင်ပန်းကြီးစွာလုပ်ဆောင်ကြရပုံနှင့် သူတို့ကြုံတွေ့ ကြရသော အန္တရာယ်များကို ပြန်သတိရစေသည်။ လင်ယောက်ျားများ၊ ဖခင်များ၊ ညီအစ်ကိုများနှင့် သားများ ဆုံးပါးသွား၍ ကျခဲ့ရသော ကြေကွဲမျက်ရည်များကို မြင်ယောင်ကြည့်လိုက်ပါ။ သို့သော် ယေဟောဝါဘုရားသခင်သည် မုဆိုးမများ၊ မိဘမဲ့များနှင့် ပင်လယ်ပြင်တွင် အသက်ဆုံးရှုံးခဲ့သူများကို မေ့လျော့တော်မမူချေ။ အနာဂတ်ဖြစ်ရပ်တစ်ခုနှင့်ပတ်သက်၍ တမန်တော်ယောဟန်က “သမုဒ္ဒရာသည် မိမိ၌ရှိသော လူသေတို့ကို အပ်ပေး၏။ မရဏာနှင့် မရဏာနိုင်ငံသည်လည်း မိမိတို့၌ရှိသော လူသေတို့ကိုအပ်ပေးကြ၏” ဟုဖော်ပြခဲ့သည်။ (ဗျာ. ၂၀:၁၃) ‘ပင်လယ်သို့ သင်္ဘောဖြင့်သွားကြသူများ’ ရှင်ပြန်ထမြောက်လာသောအခါ သူတို့သည် ‘ဘုရားသခင်၏အံ့ဖွယ်သောအမှုတော်တို့’ ကို မလွဲဧကန် မြင်ရကြပါလိမ့်မည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ