ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၅ ၉/၁၅ စာ. ၃
  • ဘုရားသခင်လော၊ လူလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင်လော၊ လူလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ကိုယ်တော်၌ အသေအချာဝှက်ထားတော်မူ” သော ဘဏ္ဍာများကိုရှာတွေ့ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • လောကအလင်း၏နောက်သို့ လိုက်လျှောက်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • အသက်ရှင်ခဲ့သမျှတွင်အကြီးမြတ်ဆုံးလူသား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ယေရှုခရစ်​—ဘုရားသခင် စေလွှတ်ခြင်းခံရသူလော
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
က၀၅ ၉/၁၅ စာ. ၃

ဘုရားသခင်လော၊ လူလော

ငါသည် ဤလောက၏အလင်းဖြစ်၏။ ငါ့နောက်သို့လိုက်သောသူသည် မှောင်မိုက်၌မသွားမလာ၊ အသက်၏အလင်းကို ရလိမ့်မည်။” (ယောဟန် ၈:၁၂) ဤစကားများကို ယေရှုခရစ် မိန့်တော်မူခဲ့ခြင်းဖြစ်သည်။ ပထမရာစုမှ ပညာတတ်တစ်ဦးက ကိုယ်တော်နှင့်ပတ်သက်၍ ဤသို့ရေးခဲ့၏– “[ကိုယ်တော်၌] ပညာဘဏ္ဍာ၊ ဉာဏ်ဘဏ္ဍာရှိသမျှတို့သည် ဝှက်ထားလျက်ရှိကြ၏။” (ကောလောသဲ ၂:၃) ထို့ပြင်၊ သမ္မာကျမ်းစာ၌ ဤသို့ဆိုထား၏– ‘ထာဝရအသက်ဟူမူကား မှန်သောဘုရားသခင်တစ်ဆူတည်း ဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း။’ (ယောဟန် ၁၇:၃) ဝိညာဉ်ရေးလိုအပ်ချက်ကို ဖြည့်ဆည်းရန် ယေရှုနှင့်ပတ်သက်သော တိကျမှန်ကန်သည့်အသိပညာ မရှိမဖြစ်လိုအပ်သည်။

ကမ္ဘာတစ်ဝန်းရှိလူများသည် ယေရှုခရစ်အကြောင်း ကြားဖူးကြသည်။ လူ့သမိုင်းအပေါ် ကိုယ်တော်၏သြဇာလွှမ်းမိုးမှုမှာ အထင်အရှားပင်ဖြစ်သည်။ မှန်ပါသည်၊ ကမ္ဘာ့ဒေသအများစုတွင် အသုံးပြုသော ပြက္ခဒိန်သည် ကိုယ်တော်မွေးဖွားသည်ဟုယူဆသောနှစ်ကို မူတည်ထားသည်။ “များစွာသောသူတို့က [ယေရှုမွေးဖွားသည့်နှစ်] မတိုင်မီရက်စွဲကို ဘီ.စီ. သို့မဟုတ် ခရစ်မတိုင်မီ ဟူ၍လည်းကောင်း၊ ထိုနှစ်နောက်ပိုင်းရက်စွဲကို အေ.ဒီ. သို့မဟုတ် အန်နိုဒိုမီနီ (ငါတို့သခင်၏နှစ်အတွင်း) ဟူ၍လည်းကောင်း သတ်မှတ်ခဲ့ကြသည်” ဟု ကမ္ဘာ့စာအုပ်စွယ်စုံကျမ်းတွင် ရှင်းပြထားသည်။

သို့သော်၊ ယေရှု မည်သူမည်ဝါဖြစ်သည်နှင့်ပတ်သက်၍ ယူဆချက်များကွဲပြားနေကြဆဲပင်ဖြစ်သည်။ အချို့သူတို့အဖို့ ကိုယ်တော်သည် သမိုင်းတွင် ထင်ပေါ်ကျော်ကြားခဲ့သော ထူးခြားသည့်ပုဂ္ဂိုလ်တစ်ဦးမျှသာဖြစ်သည်။ အခြားသူတို့မှာမူ ကိုယ်တော်ကို အတိုင်းအဆမဲ့တန်ခိုးရှင် ဘုရားသခင်အဖြစ် ကိုးကွယ်ကြသည်။ ဟိန္ဒူလူမျိုး အတွေးအခေါ်သမားအချို့က ယေရှုခရစ်သည် များစွာသောသူတို့ပြောကြသကဲ့သို့ ဟိန္ဒူဘုရား ခရစ်ရှနားကဲ့သို့ပင် လူသားအသွင်၊ ဘုရားဝင်စားသူဖြစ်သည်ဟု ဆိုကြ၏။ ယေရှုသည် လူသားတစ်ဦးမျှသာလော၊ သို့မဟုတ် ကိုးကွယ်ခံထိုက်သူလော။ အမှန်မှာ ကိုယ်တော်သည် မည်သူနည်း။ မည်သည့်နေရာမှ ကြွလာခဲ့သနည်း။ ကိုယ်တော်သည် မည်သို့သောပုဂ္ဂိုလ်မျိုးနည်း။ ယခု ကိုယ်တော် မည်သည့်နေရာတွင်ရှိသနည်း။ ယေရှုနှင့်ပတ်သက်၍ အကြောင်းအရာ အတော်များများပါရှိသော စာအုပ်တွင် အထက်ပါမေးခွန်းများ၏ အဖြေမှန်များပါရှိသည်ကို နောက်ဆောင်းပါးတွင် တွေ့ရမည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ